Bethany Independent Presbyterian Church

Myanmar

မိမိကိုယ်ကို၎င်း၊ ဆုံးမသြဝါဒကို သတိပြု၍ အမြဲတည်နေလော့။ ၁ တိမောသေ ၄

မိမိကိုယ်ကို၎င်း၊ ဆုံးမသြဝါဒကို သတိပြု၍ အမြဲတည်နေလော့။ ၁ တိမောသေ ၄



နိဒါန်း

က) ကိုယ်ကာယကျန်းမာရေးကို အထူးအာရုံစိုက် လုပ်ဆောင်ရန်အရေးကြီးသည်။

ခ) ထိုကဲ့သို့ တူညီသော အထူးအာရုံစိုက် လုပ်ဆောင်ခြင်းဟာ ဝိညာဉ်ရေးရှင်သန်ခြင်းအတွက်လည်း လိုအပ်သည်။

 

မှားယွင်းသော သွန်သင်ခြင်း၏ ပြသနာများ

၁ ညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊

မုသာစကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက်ခြင်းအားဖြင့်၊ လူအချို့တို့သည် ယုံကြည်ခြင်းကို စွန့်ပယ်၍၊

၂ လှည့်ဖြားတတ်သော စိတ်ဝိညာဉ်တို့၌၎င်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒ တို့၌၎င်း မှီဝဲဆည်းကပ်ကြလိမ့်မည်။ ၁ တိမောသေ ၄း ၁-၂

၁။ ဤသတိပေးစကားတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်မှလာသည်

၂။ နောင်ကာလ၌

က) ဤသတိပေးစကားသည် တိမောသေ၏ အနာဂတ်ဖြစ်သည်။

ခ) ကျွနိုပ်တို့အဖို့ မျက်မှောက်ကာလဖြစ်သည်။

၃။ မှားယွင်းစွာ သွန်သင်သောဆရာများအကြောင်း သတိပေးချက်

က) လူများတို့သည် ယုံကြည်ခြင်းမှ လမ်းလွဲကြသည်။

ခ) လှည့်ဖျားတတ်သော စိတ်ဝိညာဉ်တို့ကို မှီဝဲစေးကပ်ကြမည်။

ဂ) နတ်ဘုရားတို့နှင့်ဆိုင်သော ယုံကြည်ခြင်းတို့နှင့်အဆုံးသတ်ကြမည်။

ယ) မုသာစကားတို့ကို လှည့်ဖျားကာပြောဆိုကြလိမ့်မည်။

င) သူတို့၏ သြတ္တပ္ပစိတ်သည် သံပူနှင့် ခတ်ခြင်းကို ခံရကြသည်။

 

ဝိညာဉ်ရေးဆိုင်ပြိုင်တိုက်လှန်မှုပြင်းထန်သော ပတ်ဝန်းကျင်တွင် လုပ်ဆောင်သင့်သည်များ

 

၆ ဤစကားများကို သင်သည် ညီအစ်ကိုတို့အား ကြားပြောလျှင်၊ ယုံကြည်ချက်စကား၊

ကိုယ်တိုင် သမ္မာဩဝါဒစကားနှင့် မွေးပြုခြင်းကို ခံသောယေရှုခရစ်၏ ဓမ္မဆရာကောင်း ဖြစ်လိမ့်မည်။

၇ မိန်းမအိုပြောတတ်သော တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားကို ပယ်ရှား၍ ဘုရားဝတ်၌ မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။ ၁ တိမောသေ ၄း ၆-၇

၁။ ညီအစ်ကိုတို့အား ဆုံးမသြဝါဒပေးခြင်း

က) လိမ္မာပါးနပ်စွာ လုပ်ဆောင်ရမည့်အမှုဖြစ်သည်။

ခ) နှုတ်ကပတ်တော်အား သစ္စာရှိရှိ သွန်သင်ခြင်းအမှုသည် မရှိမဖြစ်လိုအပ်သည်။

၂။ သခင်ခရစ်တော်၏ အစေခံကောင်းဖြစ်ခြင်း

က) ခံယူခဲ့သော ဆုံးမသြဝါဒတို့ကို သတိကြီးစွာ လိုက်လျှောက်ခြင်း

ခ) ယုံကြည်ခြင်းတရားကို ဟောပြောသွန်သင်ခြင်း

ဂ) ဆုံးမသြဝါဒခံယူခြင်းဖြင့် ယုံကြည်ခြင်း၌ အစဉ်အားယူခြင်း

ယ) တရားမဲ့ဖြစ်သော ဒဏ္ဍာရီစကားတို့ကို ပယ်ခြင်း

င) ဘုရားဝတ် ၌ မွေ့လျော်ခြင်းဖြင့် ကိုယ့်ကိုကိုယ်ဆုံးမခြင်း

 

ဝိညာဉ်ရေးရှင်သန်ကျန်းမာခြင်းကို ထိန်းသိမ်းခြင်း

၁၂ သင်၏ အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင် မပြုစေနှင့်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊

သူတပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ ယုံကြည်သောသူတို့အား ပုံသက်သေကို ပြလော့။

၁၃ ငါမလာမှီတိုင်အောင်၊ ကျမ်းစာကိုဘတ်ခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ကြိုးစား၍ ပြုလော့။

၁၄ ဗျာဒိတ်တော်ကို ခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်ပေးသော ဆုကျေးဇူးကို မပြုစုဘဲမနေနှင့်။

၁၅ သင်၏တိုးပွါးခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ။ ဤအရာများကို စိတ်စွဲလမ်း၍ ကြိုးစားအားထုတ်လော့။

၁၆ ကိုယ်ကို၎င်း၊ ကိုယ်ဆုံးမဩဝါဒကို၎င်း သတိပြု၍ အမြဲတည်နေလော့။

ထိုသို့ပြုလျှင်၊ ကိုယ်ကို၎င်း၊ နားထောင်သောသူတို့ကို၎င်းကယ်တင်လိမ့်မည်။ ၁ တိမောသေ ၄း ၁၂-၁၆

၁။ ယုံကြည်သူတို့အဖို့ ပုံသက်သေကောင်းဖြစ်ခြင်း

က) စကားပြောခြင်း

ခ) ကျင့်ကြံပြုမူးခြင်း

ဂ) သူတစ်ပါးကိုချစ်ခြင်း

ယ) ဝိညာဉ်သဘောရှိခြင်း

င) သစ္စာစောင့်ခြင်း/ယုံကြည်ခြင်း

စ) စင်ကြယ်ခြင်း

၂။ ငယ်ရွယ်နုပျိုသော သိုးထိန်းသည် ပုံသက်သေကောင်းဖြစ်နိုင်သလား။

က) ဖြစ်နိုင်သည်

ခ) သူ၏ ငယ်ရွယ်နုပျိုမှုကြောင့် အထင်သေးရန်မသင့်ပေ။

ဂ) သို့ပေမယ့် ငယ်ရွယ်နုပျိုသော အစေခံများသည် ဝိညာဉ်ရေးအသက်တာကို ပိုပြီးသတိပြု စောင့်ထိန်းရန်လိုအပ်သည်။

၃။ အထူးအာရုံစိုက်၊ သတိမူခြင်း

က) နှုတ်ကပတ်တော်ဖတ်ခြင်း

ခ) တိုက်တွန်းသွေးဆောင်ခြင်း

ဂ) ဆုံးမသြဝါဒပေးခြင်း

၄။ ဝိညာဉ်ဆုကျေးဇူးများကို ပြုစုပျိုးထောင်ခြင်း

က) ခိုင်မာသောဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ရမည့် အမှုဖြစ်သည်။

ခ) ပြုစုပျိုးထောင်ပေးရမည့် အမှုများဖြစ်ကြသည်။

၅။ နှုတ်ကပတ်တော်အတိုင်း တရားအားထုတ်ခြင်း

က) ကိုယ့်ကိုကိုယ် ပုံအပ်ခြင်း

ခ) သိသာထင်ရှားသော အသီးများကို မြင်တွေ့ခြင်း

ဂ) ဝိညာဉ်ရေးကြီးထွားခြင်းသည် ထင်သာမြင်သာရှိလာမည်။

၆။ သတိပြု၍ တည်နေခြင်း

က) မိမိကိုယ်ကို

ခ) ဆုံးမသြဝါဒကို

ဂ) အမြဲတည်နေခြင်း

၇။ အကျိုးရလဒ်များ

က) ဘေးအန္တရာယ်ကြားမှ အစေခံကို ကယ်တင်လိမ့်မည်။

ခ) နားထောင်သောသူတို့ကိုလည်း ကယ်တင်လိမ့်မည်။

 

ကျွနိုပ်တို့အတွက် စိန်ခေါ်မှုများ

၈ ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသော အကျိုးကို မပေးတတ်။

ဘုရားဝတ်၌ မွေ့လျော်ခြင်း မူကား၊ ယခုဘဝ၊ နောင်ဘဝနှင့် စပ်ဆိုင်သော ဂတိတော်ကို ရသည်ဖြစ်၍၊

၉ အရာရာ၌ အကျိုးကိုပေးတတ်သည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏။

၁၀ ထိုကြောင့်၊ အသက်ရှင်တော်မူထသော၊ လူအပေါင်းတို့ကို အထူးသဖြင့် ကယ်မတော်မူသော

ဘုရားသခင်၌ ငါတို့သည်ကိုးစားသည်နှင့်အညီ၊ ပင်ပန်းစွာ အမှုဆောင်ရွက်ကြ၏။ ကဲ့ရဲ့ခြင်းကိုလည်း ခံရကြ၏။

၁၁ ယခုဆိုခဲ့ပြီးသည်အတိုင်း ပညတ်ထားခြင်း၊ ဆုံးမဩဝါဒပေးခြင်းကို ပြုလော့။ ၁ တိမောသေ ၄း ၈-၁၁

၁။ ကိုယ်ကာယဆုံးမခြင်းဟာ အကျိုးမပေးတာမဟုတ်။

၂။ ဝိညာဉ်ရေးအသက်တာဆုံးမခြင်းသည် ပို၍ကြီးမားသော အကျိုးကျေးများရှိသည်။

၃။ ဝိညာဉ်အသက်တာပြုစုပျိုးထောင်ခြင်းကို အထူးဂရုပြုရန် ဆင်ခြင်အားထုတ်ကြပါစို့။