Bethany Independent Presbyterian Church

Myanmar

ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ထင်ရှားစွာပြတော်မူ၏ (ရောမ ၅း ၈)

ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ထင်ရှားစွာပြတော်မူ၏ (ရောမ ၅း ၈)



နိဒါန်း

၁။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ

က။ နက်ရှိူင်းသော အရာဖြစ်သည်။

ခ။ တန်ခိုးရှိ၍ အသက်တာ ပြောင်းလဲစေသည်။

၂။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ

က။ ခံယူချက်နှင့် ပတ်သတ်ပြီး အရေးကြီးသည်

ခ။ ပြောင်းလဲစေသော တန်ခိုးရှိသည်

ဂ။ ဖော်ပြလို့ရသည်။

 

လူသားတို့၏ ဝိညာဉ်ရေးဆိုင်ရာ အခြေအနေ

6 ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။

7 ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံ မည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံ ဝံ့သောသူရှိကောင်းရှိလိမ့်မည် မှန်စေတော့။

8 ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊

ဘုရား သခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ ရောမ ၅း ၆-၈

၁။ ငါတို့အပြစ်များ၏ လေးလံမှူ

က။ လူသားများ၏ အပြစ်များသည် များလှသည်။

ခ။ လူသားသည် တရားစီရင်ခြင်းနှင့် ပြစ်တင်စုတ်ချခြင်း ခံထိုက်သည်။

ဂ။ အပြစ် ခွင်လွတ်ခြင်းကို တန်ဖိုးမထားကြဘူး။

ဃ။ အပြစ်များ အကြိမ်ကြိမ်ခွင့်လွှတ်ဖို့လည်း လွယ်ကူသောအရာ မဟုတ်ပါ။

၂။ ငါတို့ အပြစ်များကြောင့် ဘယ်သူအသေခံမှာလည်း။

က။ ဖြောင့်မတ်သောသူ တစ်ယောက်က ငါတို့ပြစ်များအတွက် အသေခံမလား။

ခ။ လူကောင်း တစ်ယောက်က ငါတို့ကိုယ်စား အသေခံမလား။

ဂ။ သူတစ်ပါးအတွက် အသေခံဖို့ ခတ်လှ၏။

ဃ။ ဆိုးယုတ်သော အပြစ်သားများအတွက် အသေခံဖို့ ပို၍ ခတ်ပါသည်။

၃။ ဝမ်းနည်းစရာကောင်းသော အပြစ်သား၏ ပြသာနာ

က။ ကျွန်တော်တို့သည် အားအင်မရှိတော့ပါ။

၁။ ကိုယ်ကျင့်တရား အင်အား

၂။ ဝိညာဉ်ရေး အင်အား

ခ။ ကျွန်တော်တို့သည် ဘုရားတရား မကိုင်းဆိုင်းကြပါ။

၁။ ကျွန်တော်တို့သည် ဘုရားတရား မဲ့ကြသည်

၂။ ကျွန်တော်တို့သည် ဆိုးသွပ်၍ အပြစ်ရှိကြသည်။

 

လူသား၏ အပြစ်အခြေအနေကို ဓမ္မနည်းကျ ဖော်ပြခြင်း

၁ သင်တို့သည် အထက်ကလောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို

အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊

2 ဒုစရိုက်အပြစ်တို့၌ကျင်လည် ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိ နေသော သင်တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။

3 ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှ သည်အထက်က ကိုယ်ကာယ၏အလိုသို့၎င်း၊ စိတ်၏ အလိုသို့၎င်း၊

လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။

4 သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊

5 ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။

6 ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။ ဧဖတ် ၂း ၁-၆

၁။ ကျွန်တော်တို့သည် ဝိညာဉ်ရေး၌ သေကြသည်

၂။ ကျွန်တော်တို့သည် ဒုစရိက်နှင့် အပြစ်များကို ကျိုးလွန်ကြသည်။

၃။ ကျွန်တော်တို့သည် လောကီစံစံ အသက် ရှင်ကြသည်။

၄။ ကျွန်တော်တို့သည် နာမခံတဲ့ သားသမီးများ ဖြစ်ကြသည်။

၅။ ကျွန်တော်တို့သည် အဖြတ်ဒေါသ၏ သားသမီးများ ဖြစ်ကြသည်။

 

ဘုရားသခင်၏ အမြတ်ဒေါ်သကို ဖော်ပြခြင်း

၁။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်ကြီးလှသည်။

၂။ သူသည် ကျွန်တော်တို့အသက်၏ အန္တာရယ်ကို သိသည်

၃။ ထို့မျှမက၊ သခင်ယေရှူခရစ်ကို စေလွှတ်ခဲ့သည်၊

က။ ကျွန်တော်တို့အပြစ်အတွက် အပြစ်ပြေပေးသည်

ခ။ ရွေးနူတ် ကယ်တင်သည်

ဂ။ ခွင့်လွှတ်ခြင်းကို ပေးသည်။

ဃ။ ကြီးမားတဲ့ ခရုဏာ ပြသခဲ့သည်

င။ ဘုရား၏ သားသမီးအဖြစ် ကြီးထွားခွင့်ပေးသည်။

၄။ ဒီဖြစ်ရပ်များသည် ဘုရား၏ ကြီးမားသော မေတ္တာကို ထင်ရှားစေသည်။

က။ သူ့ရဲ ကယ်တင်ခြင်း အစီအစဉ်သည် အံ့သြစရာဖြစ်သည်။

ခ။ အပြစ်ခွင့်လွှတ်ခြင်းနဲ အဆုံးမသတ်ဘူး။

ဂ။ သူသည် ကျွန်တော်တို့ကို မျတ်မှောက်တော်၌ လက်ခံဖွယ်ရာဖြစ်သည်။

ဃ။ သူ့သားသမီးများ ဖြစ်စေပြီး သခင်ယေရှူနှင့်အတူ အမွှေခံရသော အခွင့်ပေးသည်

 

ထိုကြီးမားသော ဘုရား၏ မေတ္တာကို ဘယ်လို တုန့်ပြန်ကြမလဲ

17 ထိုကြောင့် ကြွင်းသောတပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့်ကျင့်သည်နည်းတူ၊

သင်တို့သည် နောက်တဖန်မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။

18 ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။

19 ထိုသူတို့သည် ရှက်ကြောင့်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့်အမျိုး မျိုးကို

ကြိုးစား၍ ကျင့်လိုသောငှါ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။

20 ထိုသို့ဖြစ်စေခြင်းငှါ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊

21 အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူ ဟောင်းကိုချွတ်ပယ်၍၊

22 စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊

23 သန့်ရှင်းခြင်း ပါရမီ အားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို

ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော် ၏စကားကို ကြားနာရသည်ဖြစ်၍၊

24 ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။ ဧဖတ် ၄း၁၇-၂၄

၁။ လူဟောင်းနှင့် သူ့အပြစ်

ထို အပြစ်များကို ဖယ်ရှားရမည်။

၂။ ခရစ်တော်၌ ကျွန်တော်တို့၏ လူသစ်ဖြစ်ခြင်း

က။ ဒီအရာသည် ကြီးထွားစေရမည့် အရာဖြစ်သည်

ခ။ များစွာသော ဆက်ကပ်မှူလိုအပ်သည်။

၃။ သခင့်ကို ချစ်တက်ဖို့ သင်ယူသင့်သည်။

က။ စိတ်နှလုံး အကြွင်းမဲ့နဲ

ခ။ ညာဏ်ရှိ သမျှနဲ

ဂ။ ခွန်အား ရှိသမျှနဲ (တရားဟော ၆း ၅)