Bethany Independent Presbyterian Church

Myanmar

ဘုရားသခင်၏ လက်နတ်တန်ဆာ ဧဖက်သြဝဒါစာ ၆

ဘုရားသခင်၏ လက်နတ်တန်ဆာ ဧဖက်သြဝဒါစာ ၆



နိဒါန်း

၁။ စစ်တပ် တိုက်ပွဲ

က။ ဒါကို နားလည် လွယ်ပါသည်။

ခ။ ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ်

၂။ ဝိညာဉ်ရေး တိုက်ပွဲ

က။ လွယ်လွယ်ကူကူ နားမလည်နိုင်ပါ

ခ။ ထို့ကြောင့် ဝိညာဉ်ရေးတိုက်ပွဲအကြောင်းကို သင်ယူဖို့ လိုအပ်ပါသည်။

၃။ ဝိညာဉ်ရေးရာ တိုက်ပွဲအကြောင်းကို ခရစ်ဝင်ကျမ်းများ၌ ဖော်ပြထားသည်။

က။ နတ်ဆိုးစွဲခြင်း

ခ။ လူသားများအပေါ် ရှေ့တန်းတင် ဆန့်ကျင်တိုက်ခိုက်ခြင်း

ဂ။ ဤအရာများကို မအောင်မြင်ခဲ့ပါ။

၁။ နတ်ဆိုးများ ဆုံးနိမ့်ခဲ့ကြသည်။

၂။ သခင်ယေရှုသည် နတ်ဆိုးတို့အား အောင်နိုင်ရန် အခွင့်အာဏာနှင့် တန်ခိုးရှိသည်။

 

ဝိညာဉ်ရေးရာ တိုက်ပွဲ

၁။ နတ်ဆိုးကို ကြီးမားသော နဂါးကဲ့သို့ ဖော်ပြထားသည်

က။ သူသည် ကောင်းကင်မှ နှင်ထုတ်ခြင်းခံရသောသူဖြစ်သည်။

ခ။ သူနှင့်အတူ ကောင်းကင်တမန်များလည်း ပါဝင်ကြသည်။

ဂ။ သူသည် ကမ္ဘာမြေကြီးကို လိမ်လည်လှည်းဖြားဖို့ ရှာဖွေနေသည်။

၂။ သူဟာ အမျက်ဒေါသကြီးသည်။

၃။ သူ့ကို ဘယ်လိုနည်းဖြင့် အနိုင်ယူနိုင်မလဲ။

က။ သိုးသူငယ်၏ အသွေးတော်အားဖြင့်

ခ။ သစ္စာရှိသော သက်သေခံတို့၏ စကားအားဖြင့်

ဂ။ ယုံကြည်ခြင်းကို မြဲမြံစွဲကိုင်ခြင်းအားဖြင့်

 

အသင်းတော်သည် ဝိညာဉ်ရေးရာ စစ်ပွဲနှင့် စေ့စပ်ထားသည်။
၁။ ရန်သူကို မြင်နိုင်ခြင်း

က။ မာရ်နတ်၏ ပရိယာယ်

ခ။ အထွဠ်အမြတ်တို့နှင့် ၎င်း၊ အာဏာစက်တို့နှင့်၎င်း

ဂ။ လောကီမှောင်မိုက်၌ အစိုးတရပြုသောမင်းများ

ဃ။ မိုးကောင်ကင်၌ နေသောဝိညာဉ်နတ်ဆိုးများ (ဧဖက် ၆း၁၂)

၂။ နတ်ဆိုးတွေ ဘယ်လိုနည်းဖြင့် တိုက်ခိုက်သလဲ။

က။ မကောင်းဆိုးဝါးသည် ဤလောကလမ်းစဉ်ကို လွမ်းမိုးနေသည်။

ခ။ မနာခံသော သားတို့၌ အလုပ်လုပ်သည်။

ဂ။ သူသည် တတ်နိုင်သမျှ တိုက်ခိုက်မှုတွေကို များများလုပ်လိမ့်မည်။

၁။ ညဉ်းပန်းနှိပ်စက်ခြင်းများ ဖြစ်စေသည်

၂။ ကြောက်ရွံခြင်းစိတ်များ ဖြစ်စေသည်

၃။ သူသည် သံသယများနှင့် ရှုပ်ထွေးမှုများကို ဖန်တီးသည်

၄။ သူ့ကို ဟောက်သော ခြင်္သေ့နှင့် နှိုင်းထားသည် (၁ပေတရု ၅း၈)

 

ဘုရားသခင်သည် ကျွန်တော်တို့အား လက်နတ်စုံကို ပေးအပ်ထားပါသည်။

၁။ လက်နတ်တန်ဆာအားလုံးကို ဝတ်ဆင်ရမည်။

၂။ ဝိညာဉ်ရေးရာအတွင်းလူ ခွန်အားရှိဖို့ လိုပါသည်

၃။ ပေးအပ်ထားသော လက်နတ်တန်ဆာ ၆ မျိုး

က။ သမ္မာတရား ခါးပန်း

ခ။ ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ

ဂ။ ဧဝံဂေလိတရား ခြေစွပ်

ဃ။ ယုံကြည်ခြင်း ဒိုင်းလွှား

င။ ကယ်တင်ခြင်း သံခမောက်

စ။ ဘုရားသခင်၏ နုတ်ကပတ်တော် တည်းဟူသော ဝိညာဉ်တော်၏ဓား

၄။ ဝိညာဉ်ရေးရာ စစ်ပွဲတွင်

က။ ဆုတောင်းခြင်းက အရေးကြီးသည်

ခ။ ဘုရားသခင်နှင့် ဆက်နွယ်မှုရှိဖို့ အရေးကြီးသည်

 

ကျွန်တော်တို့အတွက် စိန်ခေါ်မှု

၁။ ကြံခိုင်ဖို့ လိုသည်။

၂။ ခရစ်ယာန်လက်နတ်တန်ဆာနှင့် အကျွမ်းတဝင်ရှိဖို့ လိုသည်။

က။ အရေးမပါသော အစိတ်အပိုင်းရယ်လို့ မရှိပါ။

ခ။ အစိတ်အပိုင်းတိုင်းက အရေးကြီးသည်။

၃။ ဘုရားသခင်၏ စစ်သားများကဲ့သို့ မိမိကိုယ်ကို လေ့ကျင့်တည်ဆောက်ရန် လိုပါသည်။

၄။ ကျွန်တော်တို့သည် အောင်နိုင်ပြီး အောင်မြင်ခြင်းများ ရရှိလာနိုင်ပါသည်။