Bethany Independent Presbyterian Church

Myanmar

“ပေးတော်မူသော ကောင်းချီးမဂ်လာသည် ကိုယ်တော်၏ လူစုအပေါ်သို့  သက်ရောက်ပါစေသော” ဆာလံကျမ်း ၃

“ပေးတော်မူသော ကောင်းချီးမဂ်လာသည် ကိုယ်တော်၏ လူစုအပေါ်သို့  သက်ရောက်ပါစေသော” ဆာလံကျမ်း ၃



နိဒါန်း

၁။ လူ့ဘဝ၌ ပြသနာမျိုးစုံရင်ဆိုင်စရာရှိသည်။

က) ပဋ္ဋိပက္ခများ

ခ) အရှုပ်အထွေးများ

၂။ ကောင်းချီးမဂ်လာအကြောင်း ဆက်လက်သက်သေခံနိုင်ကြသလား။

၃။ ဘုရားသခင်ထံမှ ကောင်းချီးမဂ်လာအဖို့  အာမခံချက်ကျွန်တော်တို့ဘယ်လိုရှာတွေ့နိုင်မလဲ။

 

အခက်အခဲပြသနာများ ပိုမိုတိုးများလာသောအခါ

၁ ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွါး၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏။

၂ သူသည်ဘုရားသခင်ကို အမှီပြု၍ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသောသူ အများ ရှိကြပါ၏။ ဆာလံကျမ်း ၃း ၁-၂

၁။ ပြသနာများ အခြေအနေတိုးတက်မလာသောအခါ

၂။ အခက်အခဲများ ပိုမိုတိုးပွားလာသောအခါ

က) ဘဝ၏ စုံစမ်းခြင်းများ

ခ) လှောင်ပြောင်ခြင်းနှင့်တွဲပါလာသော

“သူသည်ဘုရားသခင်ကို အမှီပြု၍ချမ်းသာမရ”

 

စုံစမ်းခြင်းများကို ယုံကြည်ခြင်းနှင့်ရင်ဆိုင်ခြင်း

၃ သို့သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏။

အကျွန်ုပ် ၏ ဘုန်းလည်းဖြစ်တော်မူ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသော သူလည်းဖြစ်တော်မူ၏။

၄ ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော

တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။ ဆာလံကျမ်း ၃း ၃-၄

၁။ ဘုရားသခင်ကို ယုံကြည်ခြင်း

က) သူသည် ကျွန်တော်တို့၏ အကွယ်အကာဖြစ်တော်မူ၏။

ခ) သူသည် ကျွန်ုပ်တို့၏ ဘုန်းလည်းဖြစ်တော်မူ၏။

ဂ) သူသည် ကျွန်ုပ်တို့ ဦးခေါင်းကို ချီကြွသောသူလည်း ဖြစ်တော်မူ၏။

၂။ ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ရှာဖွေခြင်း

က) ထာဝရဘုရားထံသို့ အသံလွှင့်၍ အော်ဟစ်ခြင်း

ဂ) ထာဝရဘုရားသည် ဆုတောင်းသံကို နားထောင်တော်မူ၏။

 

ထာဝရဘုရား၏ ထိမ်းသိမ်းစောင့်ရှောက်ခြင်း

၅ ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏။

၆ ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသော သူအထောင် အသောင်းကို ငါမကြောက်ဘဲနေမည်။ ဆာလံကျမ်း ၃း ၅-၆

၁။ ငြိမ်ချမ်းစွာ အိပ်ပျော်ခြင်းအခွင့်

၂။ ရွှင်လန်းစွာ နိုးထခြင်းအခွင့်

၃။ ရန်ဘက်ပြု၍ ဝန်းရံသောသူကို မကြောက်ဘဲနေရခြင်း

၄။ ထိမ်းသိမ်းစောင့်ရှောက်ခံရသောအခွင့်သည် မွန်မြတ်သောကောင်းချီးမဂ်လာဖြစ်သည်။

 

ကယ်တင်ခြင်းအမှုအတွက် ထာဝရဘုရားထံဆုတောင်းခြင်း

7 အိုထာဝရဘုရားထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။

ကိုယ်တော် သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍၊ မတရား သောသူတို့၏ သွားကိုချိုးတော်မူ၏။ ဆာလံကျမ်း ၃း ၇

၁။ ကိုယ်တော်၏ တုန့်ပြန်ခြင်းအမှုအတွက် အော်ဟစ်ခြင်း

၂။ ကယ်တင်ခြင်းအမှုအတွက် ဆုတောင်းခြင်း

၃။ ထာဝရဘုရား၏ တုန့်ပြန်ခြင်းအမှု

က) မတရားသောသူတို့ကို ပြင်းထန်စွာတုန့်ပြန်ခဲ့သည်။

ခ) မတရားသောသူတို့ကို ဆုံးမတော်မူသည်။

 

ထာဝရဘုရား၏ ကောင်းကြီးမဂ်လာအာမခံချက်

၈ ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ၏။ ပေးတော်မူသော

ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော ဆာလံကျမ်း ၃း ၈

၁။ ကယ်တင်ခြင်းအမှုသည် ထာဝရဘုရားသာ ပိုင်သည်။

က) သူသည်သာ အချုပ်အချာဖြစ်သည်။

ခ) သူသည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသူဖြစ်သည်။

ဂ) သူသည် ကယ်တင်ခြင်းပေးနိုင်သော အခွင့်ထူးရှိသည်။

ယ) ထာဝရ၏ ကယ်တင်ခြင်းအမှုကို ခိုင်မာလေးနက်စွာယုံကြည်နိုင်ရန် သမ္မာကျမ်းစာကို ဖတ်ကြပါစို့။

၂။ ထာဝရဘုရား၏ ကောင်းချီးမဂ်လာများ

က) ဤကောင်းချီးမဂ်လာများကို သူ့လူတို့အားပေးလိမ့်မည်။

ခ) ဘဝရဲ့ပြသနာများ ပျောက်ကွယ်၊လျော့ကျမသွားသော်လည်း ဤသို့သော အာမခံချက် ကျွန်ုပ်တို့၌ရှိသည်။

ဂ) ထာဝရဘုရား၏ ကောင်းချီးမဂ်လာများကို ပြသနာများက မဟန့်တားနိုင်။

 

အားပေးတိုက်တွန်းခြင်း

၁။ ထာဝရဘုရားယုံကြည်ခြင်းကို လေးနက်ခိုင်မာစေခြင်း

ထာဝရဘုရားယုံကြည်ခြင်း လေးနက်ခိုင်မာလာစေရန်

အစွမ်းရှိသမျှလုပ်ဆောင်ကြပါစို့။

၂။ ဆုတောင်းခြင်းအသက်တာ ကြီးထွားခြင်း

ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၌ ကြီးထွားရင့်ကျက်လာရန် ကြိုးစားကြပါစို့။

၃။ ထာဝရဘုရားယုံကြည်ခြင်း၌ အစဉ်ကြီးထွားကြပါစို့။