Bethany Independent Presbyterian Church

Myanmar

ပညတ်တရား၏ ရည်ရွယ်ချက် ၁ တိမောသေ ၁

ပညတ်တရား၏ ရည်ရွယ်ချက် ၁ တိမောသေ ၁


နိဒါန်း

၁။ နှုတ်ထွက်စကားတော်၏ တန်ခိုး

က။ သခင်ယေရှုသည် ကျမ်းစာကို အရေးတကြီး အသုံးပြုခဲ့သည်။

ခ။ စာတန်ကိုအနိုင်ယူရန် ကျမ်းစာကို အသုံးပြုခဲ့သည်။

ဂ။ တပည့်တော်များကို သွန်သင်ရန် ကျမ်းစာကို အသုံးပြုခဲ့သည်။

၂။ ဘုရားသခင်၏နှုတ်ထွက်စကားတော်၏ ရည်ရွယ်ချက်

က။ ကျမ်းစာ၏နေရာကို အသစ်တစ်ဖန် ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။

ခ။ သခင်ယေရှု၏တမန်တော်များသည် ထိုကျမ်းစာကို တန်ဖိုးထားခြင်းအမှု၌ ပို၍ကြီးထွားလာသည်။

 

အသင်းတော်ကို အန္တာရာယ်ပေးခြိမ်းခြောက်သော ပြသနာများ

၁။ အသင်းတော်နှင့် ယုံကြည်သူများကို ညှင်းပန်းနှိပ်စက်ခြင်း

၂။ သမ္မာတရားကိုဖျက်ဆီးရန် အန္တာရာယ်ပေးခြိမ်းခြောက်သော မှားယွင်းသောသွန်သင်ခြင်း

၃။ အသင်းတော်၏နာမတော်ကို ထိခိုက်စေသော မှားယွင်းသောညီအစ်ကိုများ

၄။ ယုံကြည်သူများလဲကျသောအသက်တာဖြစ်စေသော လောကီတရား၏ဆွဲဆောင်မှုများ

 

အသင်းတော်အဖို့လိုဌါ သခင်၏ ကူညီထောက်ပံ့ခြင်းများ

၁။ ထူးချွန်သော တမန်တော်များ

က။ သူတို့သည် အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်ခဲ့သည်။

ခ။ သူတို့သည် အသင်းတော်အုတ်မြစ်ချခြင်းကို ကူညီခဲ့သည်။

၂။ တမန်တော်များ၏ သွန်သင်ခြင်း

က။ နှုတ်ဖြင့် သွန်သင်ခြင်းများ

ခ။ သြဝါဒပေးစားများ

ဂ။ ဤအရာများသည် အသင်းတော်၏ ကျွမ်းကျင်လိမ္မာရာဖြစ်လာခဲ့သည်။

၃။ အရေးပါသော သင်းအုပ်ဆရာများ

က။ တိမောသေ

ခ။ တိတု

ဂ။ ဧပဖြောဒိတ် ဖိလိပ္ပိ ၂

ဃ။ သူတို့သည် အသင်းတော်ကြည့်ရှူခြင်းနှင့်သခင်၏အမှုတော်ဆောင်ရွက်ခြင်းအမှုတို့၌ကြီးမားသော စံနမူနာများဖြစ်ကြ၏။

 

သင်းအုပ်ပေးစာများ

၁။ သင်းအုပ်ပေးစာ (၃)ခုတို့သည် တမန်တော်ရှင်ပေါလု၏ ပေးစာများဖြစ်ကြသည်။

က။ တိမောသေသြဝါဒစာပထမစောင်

ခ။ တိမောသေသြဝါစာဒုတိယစောင်

ဂ။ တိတုသြဝါဒစာ

၂။ ဤစာအုပ်များသည် ဓမ္မသစ်ကျမ်း၏အစိတ်အပိုင်းဖြစ်လျက် အရေးကြီးသော စာရွက်စာတမ်းများဖြစ်ကြသည်။

က။ မှတ်သားဖွယ်ဖြစ်သောစာအုပ်များဖြစ်ကြသည်။

ခ။ ထိုးထွင်းဉာဏ်ပေးသောစာအုပ်များဖြစ်ကြသည်။

ဂ။ အသက်သွင်းနှိုးဆော်သောစာအုပ်များဖြစ်ကြသည်။

 

ရင်ဆိုင်ကြုံတွေ့နေရသော တချို့ပြသနာများ ကိုကြည့်ခြင်း

၃-၄။ လွဲမှားသောအယူဝါဒကို မသွန်သင်ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌တည်သော

ဘုရားသခင်၏သာသနာတော်ကိုပြုစုသည်ထက် အချင်းချင်းငြင်းခုံခြင်းကိုသာ၍ပြုစုတတ်သော၊ ပြင်ဆင်၍မကုန်နိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို

ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင်သည်အချို့သောသူတို့ကိုပညတ်ထား၍ ဧဖက်မြို့၌နေရစ်စေခြင်းဌါ ငါသည်

မာကေဒေါနိပြည်သို့သွားသောအခါ တောင်းပန်သည်အတိုင်း နေရစ်လော့။

၅။ ထိုသို့ပညတ်ထားခြင်း၏အချုပ်အခြာဟူမူကား၊ စင်ကြယ်သောစိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း၊

မှန်သောယုံကြည်ခြင်းနှင့်၎င်း စပ်ဆိုင်သောချစ်ခြင်း မေတ္တာဖြစ်သတည်း။

၆။ ထိုသို့သောအကျင့်ကို လူအချို့တို့သည်အမြဲမကျင့်၊ အချည်းနှီးစကားပြောခြင်းသို့လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကိုနားမလည်။

၇။ အဘယ်သို့သောတရားဘက်၌ မိမိတို့ချုင်မာစွာနေသည်ကိုမသိဘဲလျက် နိဿရည်းဆရာလုပ်ချင်သည်တကား။

၈-၁၀။ ပညတ်တရားကိုတရားသဖြင့်ကျင့်သောသူအဖို့မထား။ မတရားသဖြင့်ကျင့်သောသူ၊ နားမထောင်သောသူ၊ ဘုရားကိုမကိုးကွယ်သောသူ၊

အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကိုမရိုမသေပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကိုသတ်သောသူ၊

မတရားသောမေထုန်၌မှီဝဲသောသူ၊ ယောကျာ်းခြင်းမေထုန်ပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကိုသုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍

စင်ကြယ်သောသြဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဖို့ ပညတ်တရားကိုထားသည်ဟု သိမှတ်၍ထိုတရားကို

တရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟုငါတို့သိကြ၏။

၁၁။ ထိုသို့ဆိုသော် မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသောဧဝံဂေလိတရားနှင့်ညီသတည်း။ ၁ တိမောသေ ၁း ၃-၁၁

၁။ ဧဖက်အသင်းတော်၌ တိမောသေ ရင်ဆိုင်တိုက်လှန်ရမည့် ပြသနာများ

က။ လွဲမှားသော အယူဝါဒများ

ခ။ ဒဏ္ဍာရီစကားများ

ဂ။ ပြင်ဆင်၍ မကုန်နိုင်သောဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏပြုခြင်း

ဃ။ အချင်းချင်း ငြင်းခုံခြင်း

၂။ ထိုအရာများကို သွန်သင်သောသူသည် အဘယ်သို့သောသူများဖြစ်ကြသနည်း။

က။ သူတို့သည် ပညတ်တရားကို သွန်သင်သောဆရာကဲ့သို့ ကိုယ်ဟန်ပြကြသည်။

ခ။ သို့သော် သူတို့သည် အရည်အချင်းမပြည့်သောသူများဖြစ်ကြသည်။

၁။ သူတို့သည် ကျမ်းစာကို မှန်ကန်စွာ နားမလည်ကြပေ။

၂။ သူတို့သည် ကျမ်းစာ၏ အခိုင်အမာပြောချက် သွန်သင်ချက်ကို မသိနားမလည်ကြပေ။

၃။ တိမောသေသည် မှားယွင်းစွာသွန်သင်သောဆရာများကို ဆန့်ကျင်လျက် အသင်းတော်ကိုကာကွယ်ရန် တာဝန်ပေးခြင်းခံရသည်။

က။ သူတို့၏မှားယွင်းသောသွန်သင်ချက်တို့ကို မြင်သာအောင်ရန်တာဝန်ရှိသည်။

ခ။ မှားယွင်းသောဆရာတို့သည် များစွာသောသွန်သင်ခြင်းပေးစရာမရှိကြောင်းပြသရန်တာဝန်ရှိသည်။

 

ကျမ်းစာ၏ အဓိက ရည်ရွယ်ချက်

ထိုသို့ပညတ်ထားခြင်း၏အချုပ်အခြာဟူမူကား၊ စင်ကြယ်သောစိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသော

စိတ်ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သောယုံကြည်ခြင်းနှင့်၎င်း စပ်ဆိုင်သောချစ်ခြင်းမေတ္တာဖြစ်သတည်း။ ၁တိ ၁း၅

၁။ ဘုရားသခင်၏် ပညတ်တရားတော်၏ ရည်ရွယ်ချက်

က။ ဘုရားသခင်သည် တိကျသောရည်ရွယ်ချက်အဖို့အလိုဌါ နှုတ်ထွက်စကားတော်ကိုပေးခြင်းဖြစ်သည်။

ခ။ ထိုအရာသည် စိတ်နှလုံးထဲမှာ ဖြစ်တည်ရမည်။

၂။ ရည်ရွယ်ချက်နှင့် နောက်ဆုံးပန်းတိုင်တို့သည် တူညီကြရမည်။

က။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုပြသရန်။

ခ။ သူ့၏ ချစ်ခြင်းမေတ္တာကို နားလည်သဘောပေါက်ရန်။

ဂ။ ထိုချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ကြရန်။

၃။ ဘုရားသခင်၏နှုတ်ထွက်စကားမှန်ကန်စွာနာလည်ခြင်းသည် အကျိုးပေးရလဒ်ရှိရမည်။

က။ စင်ကြယ်သောစိတ်နှလုံးမှ ချစ်ခြင်း

ခ။ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးကြည်လင်ခြင်းမှ ချစ်ခြင်း

ဂ။ မှန်သောယုံကြည်ခြင်းမှ ချစ်ခြင်း

 

ကျွန်ုပ်တို့တွက် စိန်ခေါ်ချက်

၁။ ဘုရားသခင်ပေးသနားတော်မူသော ကျမ်းစာကို သိရှိနားလည်ရန်။

၂။ ဘုရားသခင်ပညတ်တရားအားဖြင့် ကျွနု်ပ်တို့အသက်တာပြောင်းလဲခြင်းရှိရန်။

က။ စိတ်နှလုံး

ခ။ ကိုယ်ကိုကိုယ်သိသောစိတ်

၃။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အမှန်ပိုင်ဆိုင်ရန်။

ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။ ၁ ကော ၁၃း၁၃