Bethany Independent Presbyterian Church

Myanmar

နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း ရှင်မာသဲ ၁၂း ၁-၂၁

နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း ရှင်မာသဲ ၁၂း ၁-၂၁



နီဒါန်း

၁။ ကျမ်းစာ၌ အဂါၤရပ် အသီးသီးရှိသည်

က။ သမိုင်း

ခ။ ကဗျာ

ဂ။ ပရောဖတ်

၂။ ပရောဖတ် စာပေများတွင်

က။ ပရောဖတ်ပြုခြင်းများကို မှတ်ထားရန်

ခ။ ဘုရားသခင်းထံမှာသော ဖွင့်ပြခြင်း စကားဖြစ်သည်

ဂ။ ပြည့်စုံခြင်းများ မှတ်ထားခြင်းသည် အလွန်အရေးပါသည်

ဃ။ ကျမ်းစာသည် မိမိ၏ အသက်တာ၌ လက်တွေ့အသုံးချဖို့ရန် ဖြစ်သည်

 

သခင်ယေရှု ခရစ်တော်၏ ရန်သူများ

၁ ကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို ရှောက်ကြွတော်မူလျှင်၊

တပည့်တော် တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။

2 ဖာရိရှဲတို့သည်မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊ မာသဲ ၁၂း ၁-၂

၁။ ဖာရိရှဲများလည်း ပါဝင်သည်

၂။ အခွင့်ကြုံတိုင်းမှာ သခင်ယေရှု၏ အမှားများ ရှာဖွေလျက်ရှိသည်၊

၃။ ဥပုသ်နေ့နှင့် ပတ်သတ်သော ပြသာနာရှိလာသည်

၄။ ဖာရိရှဲများ၏ အမြင်မှာ-

က။ ဥပုသ်နေ့ကို ကြပ်ကြပ် စောင့်ရမည်

ခ။ ဥပုသ်နေ့နှင့် ပတ်သတ်လာရင် စည်းမဉ်းများစွာ ထားကြသည်

ဂ။ စပါးအသီးအနှံကို ဆွတ်၍စားခြင်းကို အလုပ်အဖြင့် မှတ်ယူကြသည်

ဃ။ ဗိုက်ဆာနေတဲ့ တပည့်တော်များက စပါးအသီးအနှံကို ဆွတ်၍စားကြသည်

င။ ဒီကိစ္စကြောင့် ခရစ်တော်၏ အပြစ်ရှာကြသည်။

 

သခင်ယေရှု၏ တုန့်ပြန်ချက်

3 ကိုယ်တော်က ဒါဝိဒ်သည် မိမိအဘော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊

4 ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဘော်မစားအပ်၊

ယဇ်ပုရောဟိတ်တို့သာ စား အပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။

5 ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင်ဥပုသ်နေ့၌ဥပုသ်ပျက်သော်လည်း၊ မပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဘတ်ဘူးသလော။

6 ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။

7 ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို

သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။

8 လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။ မာသဲ ၁၂း ၃-၇

၁။ သခင်ယေရှုက ဒါဝိဒ်၏ ပုံဥပမာကို ကိုးကားသည်

က။ ဒါဝိဒ်သည် ဘုရင် ရောလုထံမှ ထွက်ပြေးတဲ့ အချိန်

ခ။ သူနှင့် အပေါင်းအပါများသည် မွတ်သိပ်ကြသည်

ဂ။ ဘုရား၏ အိမ်တော်မှာ လာကြသည်

ဃ။ ယဇ်ပုရောဟိတ်များသာ စား အပ်သော ရှေ့တော်မုန့်ကို စားကြသည်

၂။ သခင်က ဘုရား၏ အိမ်တော်၌ ယဇ်ပုရောဟိတ်များ၏ ပုံသက်သေကို ပြောလာသည်

က။ သူတို့သည် ဥပုသ်ကို ညစ်ပတ်စေသည်

ခ။ ဒါပေမယ့် သူတို့က အပြစ်ကင်း ကြသည်

၃။ သခင်ယေရှုသည် သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုသည်

က။ သူသည် ဗိမာန်တော်ထက် ကြီးမြတ်သောသူ ဖြစ်သည်

ခ။ သူသည် သခင် ဖြစ်သည်

ဂ။ သူသည် ဥပုသ်နေ့၏ သခင်ဖြစ်သည်

၄။ သခင်ယေရှု ကျမ်းစာကိုလည်း ကိုးကားပြောဆိုသည်

က။ ဘုရားသခင်သည် ခရုဏာကို နှစ်သက်သည်

ခ။ ပူဇော်ခြင်း ထက်

ဂ။ အပြစ်မရှိတဲ့ တပည့်တော်တို့ကို အပြစ်တင်ဖို့မဟုတ်ပါ

 

သခင်ယေရှုအပေါ် တိုက်ခိုက်ခြင်း နောက်တစ်မျိုး

9 ထိုအရပ်မှ ကြွ၍ တရားစရပ်သို့ ဝင်တော်မူ၏။ လက်တဘက်သေသော သူတယောက်ရှိသည်ဖြစ်၍၊

10 လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။

11 ကိုယ်တော်ကလည်း၊ မိမိ၌ သိုးတကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်၊ မဆွဲမတင်ဘဲ နေမည့်သူတစုံတယောက်မျှ သင်တို့တွင်ရှိသလော။

12 လူသည် သိုးထက်အလွန်မြတ်ပေ၏။ ထို့ကြောင့်ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူ ပြီးမှ၊

13 ထိုသူအား၊ သင်၏လက်ကိုဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။

14 ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။ မာသဲ ၁၂း ၉-၁၄

၁။ လက်တဘက်သေသောသူသည် တရားစရပ်သို့ သူတယောက်ရှိသည်

၂။ ဖာရိရှဲတို့လည်း ဥပုသ်နေ့၌ ဤလူနာကို ကျန်းမာစေမည်လာလို့ကြည့်ကြသည်

၃။ ကျန်းမာစေရင် ဥပုဒ်နေ့ကို ကျူးလွင်ရာရောက်လိမ့်မည်

၄။ သခင်၏ တုန့်ပြန်မှုများ

က။ သိုးသည် ဥပုဒ်နေ့တွင် တွင်းထဲရောက်ရင်

၁။ ထိုသိုးကို ကယ်ရမည်လော့။

၂။ အချိန်မယူ သိုးကို ကယ်ရလိမ့်မည်။

၃။ သိုးသည် ပိုင်ရှင်အတွက် တန်ဖိုးရှိသည်

ခ။ လူ နှင့် သိုးတို့၏ တန်ဖိုးကို ယှဉ်သောအခါ

၁။ လူသည် သိုးထက်တန်ဖိုးရှိသည် မဟုတ်လော့

၂။ လူသည် အကူအညီလိုအပ်သည့်အရာ ရအံ့သည်

ဂ။ ဥပုဒ်နေ့ကို စောင့်ခြင်း

၁။ ဥပုဒ်နေ့၌ ကောင်းသောအလုပ်သည် တရားဝင်သည်

၂။ သခင် ယေရှုသည် လက်တဘက်သေသောသူကို ကျန်းမာစေဖို့သွားသည်

၅။ ဖာရိရှဲတို့လည်း ပို၍ ဒေါ်သထွက်

၆။ ယခုချိန်တွင် သခင်ယေရှုကို သတ်ရန် ကြံစည်ကြသည်

 

ကျမ်းစာများပြည့်စုံခြင်း

15 ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသောလူအပေါင်းတို့သည်

နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။

16 ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။

17 ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက် အချက်ဟူမူကား၊

18 ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့။

ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ် ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။

19 ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။

20 နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။

21 သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။ မာသဲ ၁၂း ၁၅-၂၁

၁။ သခင်ယေရှုသည်လည်း ဖာရိရှဲတို့၏ အကြံကို သီသည်

၂။ သူ၏ တုန့်ပြန်မှုသည် ကျမ်းစာ အတိုင်းဖြစ်သည်

၃။ ကျမ်းစာကို ပြည့်စုံစေဖို့ရန် အမြဲတမ်း ရည်ရွယ်သည်

က။ ဟေရှာယပြောသော စကားကို ကိုးကားသည် (ဟေ ၄၂း ၁-၄)

ခ။ သူ့တုန့်ပြန်မှုမှာ ဒီပရောဖတ်စကားကို ပြည့်စုံစေသည်

၄။ ပြည့်စုံသော အရာများ

က။ ဘုရားဝိညာဉ်တော်၏ လမ်းပြခြင်း

ခ။ သခင်ယေရှု၏ အကျင့်တရား

၁။ သူသည် ရန်သူများနှင့် ငြင်းခုံခြင်းမလုပ်

၂။ သူသည် ကျေးဇူးကြီးပြီး သိမ်မွေ့သည်

၅။ သခင်ယေရှုသည် ရန်သူများထံမှ ထွက်သွားလေ့ရှိသည်

က။ ရန်သူများနှင့် ရန်မဖြစ်ဘူး

ခ။ နိုင်ရင်တောင် ငြင်းခုံခြင်း မလုပ်ပါ

ဂ။ သူ့ကိုလိုက်တဲ့ လူထုများကို

၁။ ကျန်းမာစေသည်

၂။ အခြားသောသူများကို မပြောရန် သတိပေးလေ့ရှိသည်

၃။ ရန်သူများ၏ ဒေါ်သကြီးစေသောကြောင့်

 

နိဂုန်း

၁။ ကျမ်းစာသိကျွမ်းခြင်းသည် ကောင်းပြီး အရေးကြီးသည်

၂။ ပြည့်စုံစေခြင်းက ပို၍ အရေးကြီးသည်

၃။ သခင်ယေရှု၏ ပုံဥပမာကို လိုက်ရန်

က။ ကျမ်းစာသိသည်

ခ။ တန်ခိုးနှင့် သွင်သင်ပေးသည်

ဂ။ ထိုတရားကို အသက်တာ၌ ကျင့်သုံးသည်

ဃ။ ကျမ်းစာကို အသက်တာမှာ ပြည့်စုံစေသည်