“ထိုအသက်ကို ပို၍ ကြွယ်ဝစွာရရှိစေခြင်းငှါ” ရှင်ယောဟန် ၁ဝ
နိဒါန်းမိတ်ဆက်ခြင်း
၁။ သခင်ယေရှုသည် ဘုန်းကြီးသော ဓမ္မတရားတို့ကို သင်ပေးခဲ့သည်။
က) သူသည် အသက်မုန့်ဖြစ်သည် ယောဟန် ၆
ခ) သူသည် လောကအလင်းဖြစ်သည် ယောဟန် ၈
၂။ သူ့၏သာသနာ့နှင့် ဆက်နွယ်သောအရာများ
က) လူများတို့သည် သူ့ကို မယုံကြည်ကြပေ။
ခ) တချို့က သူ့ကို ငြင်းပယ်ကြသည်။
ဂ) တချို့တို့သည် သူ့ကို ဆန့်ကျင်၍ တိုက်ခိုက်ကြသည်။
ဃ) အခြားသောသူတို့သည် သူ့ကို သတ်ဖို့ အစီအစဉ်လှုပ်ရှားနေကြသည်။
င) ဤအရာသည် လူတို့၏ နှလုံးသားထဲ၌ ရှိနေသော အမှောင်ထုကြီး ဖြစ်သည်။
လူအများနှင့် တပည့်တော်များ
၁။ လူအများတို့
က) လူအများတို့သည် သခင်ယေရှုထံ လာခဲ့ကြသည်။
ခ) သူတို့ကို ကူညီဖို့ သူ့မှာ တန်ခိုးရှိသောကြောင်း လာရောက်ခြင်းဖြစ်သည်။
၁) အနာရောဂါငြိမ်းဖို့
၂) နတ်ဆိုးတို့ နင်ထုတ်ဖို့
၂။ တပည့်တော်များ
က) အစုလိုက် လှုပ်ရှားနေသောသူတချို့ရှိသည်။
ခ) ခေါ်ဖိတ်ခြင်းကို သူတို့ တုံ့ပြန်ခဲ့ကြသည်။
၁) သခင်ယေရှု၌ ယုံကြည်ခြင်းဖို့၊
၂) သခင်ယေရှု၏ တပည့်တော်အဖြစ် နောက်လိုက်ဖို့၊
သင်ယူဖို့ စိန်ခေါ်နေသော သင်ခန်းစာများ
ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့် မဝင်၊ အခြားလမ်းဖြင့်
ကျော်ဝင်သောသူသည် သူခိုးဓားပြဖြစ်၏။ သိုးထိန်းမူကား၊ တံခါးဝဖြင့် ဝင်တတ်၏။
ထိုသူအား တံခါးစောင့်လည်း ဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။
သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။
သိုးများထုတ်သောအခါ သိုးတို့ရှေ့မှာ သွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။
မဆိုင်သော သူတို့၏ စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့ မလိုက်ဘဲ၊ ပြေးတတ်ကြသည်ဟု မိန့်တော်မူ၏။
ထိုဥပမာပုံကို ယေရှုဟော်တော်မူသည်တွင် ပရိတ်သတ်တို့သည် မိန့်တော်မူသော စကားတော်၏ အနက်အဓိပ္ပါယ်ကို နားမလည်ကြ။ ရှင်ယောဟန် ၁ဝး၁-၆
၁။ သိုးထိန်းနှင့် သိုးတို့အကြောင်း ရှင်းလင်းတင်ပြခြင်း
၂။ မှားယွင်းသော သိုးထိန်းများ ရှိကြသည်။
က) သူတို့သည် ဓားပြများ ဖြစ်သည်။
ခ) သူတို့သည် သူခိုးများ ဖြစ်ကြသည်။
ဂ) သူတု့ိသည် သူစိမ်းများ ဖြစ်ကြသည်။
ဃ) သူတို့သည် တခါးပေါက်အားဖြင့် မဝင်ကြပေ။
င) သူတို့သည် သိုးခြံတခါးကို ကျော်တက်ကြသည်။
စ) သူတု့ိ ကြိုးစား၍ သိုးတို့ကို ခိုးဖို့ ကြံကြသည်။
ဆ) သို့သော် စစ်မှန်သော သို့းတို့သည် သူတို့ကို တုံ့ပြန်မည် မဟုတ်ပေ။
ဇ) သခင်ယေရှု ဟောပြောခြင်းကို လူတု့ိ နားမလည်ကြပေ။
၃။ စစ်မှန်သော သိုးထိန်း
က) သူသည် တခါးအားဖြင့် ဝင်သည်။
ခ) တခါင်းစောင့်သည် သူ့ကို တခါးဖွင့်ပေးသည်။
ဂ) သူသည် သူ့သိုးများကို ခေါ်သောအခါ သူတု့ိ တုံ့ပြန်ကြသည်။
ဃ) သူသည် သူ့သိုးတု့ိကို နာမည်ဖြင့် ခေါ်သည်။
င) သိုးတို့သည် သူတို့၏ သိုးထိန်းနောက် လိုက်ကြလိမ့်မည်။
အံ့သြဖွယ်ကောင်းသော ဆင်းလင်းချက်
ထိုကြောင့်၊ ထစ်ဖန်ယေရှုက ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သော တံခါးဝဖြစ်၏။
ငါ့ရှေ့၌ ပေါ်လာသောသူရှသမျှတို့သည် သူခိုးဓားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။
ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငါ လာသတည်း။
ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက၊ အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
ငါသည် ကောင်းသော သိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလို့ငှါ မိမိအသက်ကို စွန့်တတ်၏။
သိုးများကို ပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကို မြင်လျှင်၊
သိုးတို့ကို ပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။
သူငှါးည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။
ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။
ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုငှါ စွန့်၏။
ဤသိုးခြံသို့ မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတု့ိကို ငါဆောင်ခဲ့ရမည်။
သူတု့ိသည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။
ငါသည် ကိုယ်အသက်ကို စွန့်၍ နောက်တစ်ဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ ၏။
ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။
ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တစ်ဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။
ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီ ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၁ဝး၇-၈
၁။ အများသူငှား သိုးခြံ
က) ခြံနံရံများ
ခ) တခါးစောင့်
ဂ) သိုးထိန်း
၂။ ဖွင့်လင့်ထားသော စားကျက်မြေ
က) သိုးထိန်း၏ လုပ်ငန်း
ခ) စစ်မှန်သော သိုးထိန်းထံမှာ လိုအပ်ချက်နှင့် မျှော်လင့်ချက် များစွာရှိသည်။
၁) သူသည် သိုးတို့ရှေ့မှာ သွားရမည်။
၂) သူသည် တခါးဖြစ်ရမည်။
၃) သူသည် သိုးတို့ကို ကာကွယ်ရမည်။
၄) သူသည် သိုးတို့ကို အသက်ပေးဖို့ ပြင်ဆင်ထားရမည်။
၃။ မှားယွင်းသော သိုးထိန်းများ
က) ဓားပြများနှင့် သူခိုးများ
ခ) သူငှါး
ဂ) သူသည် သိုးတို့အတွက် သူ့အသက်ကို ဒုက္ခမခံပေ။
ဃ) အန္တာရာယ်ကြုံလျှင် အဝေးသို့ ထွက်ပြေးလိမ့်မည်။
ကြွယ်ဝသော အသက်ကို ပိုင်ဆိုင်ခြင်း
ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့် ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငါ လာသတည်း။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက၊ အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
ငါသည် ကောင်းသော သိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလို့ငှါ မိမိအသက်ကို စွန့်တတ်၏။ ယောဟန် ၁ဝး၉-၁၁
၁။ ဝင်ဖို့ အခွင့်ရှိရမည်။
က) တခါးအားဖြင့်
ဂ) သခင်ယေရှုခရစ်တော်အားဖြင့်
၂။ သိုးထိန်းနှင့် ပတ်သက်သောအရာ
က) သူ့အသံကို သိကျွမ်းခြင်း၊
ခ) သူ့စကားကို နားထောင်ခြင်း၊
ဂ) သူ့နောက်လိုက်ခြင်း၊
ဃ) သိုးထိန်းတို့ကို အသိအမှတ်ပြုခြင်း
၁) သူ့၏မေတ္တာ
၂) သူ့၏ အနစ်နာခံစွန့်လွတ်ခြင်း
နိဂုံး
၁။ ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ဖို့၊
၂။ သိုးထိန်းအပေါ် ပို၍ မှီခိုအားကိုးဖို့၊
၃။ ဆက်လက်၍ လန်းလန်းဆန်းဆန်း လျှောက်လှမ်းဖို့၊