Bethany Independent Presbyterian Church

Myanmar

ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ယောဟန် ၁း ၁-၁၈

ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ယောဟန် ၁း ၁-၁၈


အရေးကြီးသော ပဏာမ

၁။ အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။

၂။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ဘုရားသခင်နှင့်အတူရှိ၏။

၃။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။

၄။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။

၅။ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည် မခံမယူ။ ယောဟန် ၁း ၁-၅

၁။ သခင်ယေရှုခရစ်ကို မိတ်ဆက်ခြင်း

၂။ မီးမောင်းထိုးပြသော အသွင်ပြင်လက္ခဏာများ

က။ ဘုရားသခင်၏နှုတ်ကပတ်တော်အဖြစ်

ခ။ ထာဝရ နှုတ်ကပတ်တော်အဖြစ်

ဂ။ ပူးတွဲ-ဖန်ဆင်းရှင်အဖြစ်

ဃ။ အသက်ကိုပေးသောသူ အဖြစ်

င။ လူတို့၏အလင်းအဖြစ်

 

ဗတ္တိဇံဆရာယောဟန်၏ သက်သေခံချက်

၆။ ယောဟန်အမည်ရှိသောသူတစ်ယောက်ကို ဘုရားသခင် စေလွတ်တော်မူ၏။

၇။ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည်အကြောင်း

ထိုသူသည်သက်သေခံဖြစ်၍ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းဌါလာ၏။

၈။ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏အကြောင်းကိုသက်သေခံခြင်းဌါသာလာ၏။

၉။ ဟုတ်မှန်သော အလင်းဟူမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။ ယောဟန် ၁း ၆-၉

၁။ ဗတ္တိဇံဆရာယောဟန်သည် ဘုရားသခင်၏စေလွတ်ခြင်းခံသောသူဖြစ်သည်။

၂။ ဤလောက၏အလင်းဖြစ်တော်မူသောသူ၏ သက်သေခံအဖြစ်သာလာ၏။

၃။ သခင်ယေရှုသည် “မှန်ကန်သော အလင်း” ဖြစ်ကြောင်းသက်သေခံတော်မူ၏။

 

သခင်ယေရှုကို ရောထွေးသော တုန့်ပြန်ချက်များ

၁၀။ ထိုသူသည် ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်းဖန်ဆင်းတော်မူပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကိုမသိ။

၁၁။ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။

၁၂။ ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏။

၁၃။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဖွားသောသားမဟုတ်။

လူအလိုအလျောက်ဖွားသောသားမဟုတ်။ ဘုရားသခင် ဖွားတော်မူသောသား ဖြစ်သတည်း။ ယောဟန် ၁း ၁၀-၁၃

၁။ လောကလုံးဆိုင်ရာ

က။ ဤလောကသည် သခင်ယေရှုအားဖြင့် ဖန်ဆင်းခြင်းခံ၏။

ခ။ သို့သော်လည်း၊ ဤလောကသည် ထိုသူကိုမသိ။

၂။ ဣသရေလလူမျိုးဆိုင်ရာ

က။ မိမိလူမျိုးတို့သည် သူ့ကိုလက်မခံဘဲနေကြ၏။

ခ။ ဘာသာရေးခေါင်းဆာင်များက သူ့သွန်သင်ချက်များကို ငြင်းပယ်ကြသည်။

၃။ သခင်ယေရှုကို လက်ခံသမျှသောသူများသည်

က။ ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။

ခ။ ဤအရာသည် ကြီးမြတ်တော်မူသောကျေးဇူးတော်နှင့် ပေးတော်မူသောဂရုဏာတော်ဖြစ်၏။

 

နှုတ်ကပတ်တော်သည် လူ့ဇာတိအဖြစ်ခံယူ၏

၁၄။ နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ခံယူ၍ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်းပြည့်စုံလျက် ငါတို့တွင်တည်နေတော်သည်ဖြစ်၍

ခမည်းတော်၌ တစ်ပါးတည်းသော သားတော်သားတော်၏ ဘုန်းကဲ့သို့သူ၏ဘုန်းတော်ကိုငါတို့သည်မြင်ရကြပြီ။

၁၅။ ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည်

ငါမရှိမှီရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။

၁၆။ ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။

၁၇။ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့်သစ္စာတရားဟူမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း။

၁၈။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ခမည်းတော်၏ရင်ခွင်၌ရှိသော

တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကိုထင်ရှားစေတော်မူပြီ။ ယောဟန် ၁း ၁၄-၁၈

၁။ သခင်ယေရှု၏ ဘုန်းတော်

က။ နှုတ်ကပတ်တော်သည် လူဇာတိအဖြစ်ခံယူ၏။

ခ။ ဤလောကတွင်တည်နေတော်မူ၏။

ဂ။ သူကိုသိသောသူသည် သူ၏ဘုန်းတော်ကို မြင်ရကြပြီ။

၁။ ပြည့်စုံသော ကျေးဇူူးတော်

၂။ ပြည့်စုံသော သစ္စာတော်

၂။ ယောဟန်၏ သက်သေခံချက်

က။ သူသည် ယောဟန်မရှိမှီ ရှိနှင့်တော်မူ၏။

ခ။ ယောဟန်ထက်သာ၍ ကြီးမြတ်တော်မူ၏။

၃။ သခင်ယေရှုထံမှ ငါတို့ရရှိသောအရာများ

က။ သူ၏ပြည့်စုံခြင်း

ခ။ သူ၏ သစ္စာတော်

ဂ။ ခမည်းတော်ကို ပို၍လေးနက်စွားနားလည်ခြင်း

 

နိဂုံး

၁။ ငါတို့၏ ယုံကြည်ခြင်းနှင့်အသက်တာ်ကို ပို၍နားလည်ရန်ဖြစ်သည်။

၂။ သခင်အဖို့အလိုဌါ ကောင်းသောသက်သေခံဖြစ်ဖို့ရန် စိန်ခေါ်ချက်ဖြစ်သည်။

၃။ ပို၍ကောင်းသောအသက်တာနှင့်အသက်ရှင်နိုင်ရန် ကျေးဇူးတော်ကိုခံယူတတ်ရန်ဖြစ်သည်။