Bethany Independent Presbyterian Church

Myanmar

ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှါ (ရှင်ယောဟန် ၆း ၂၆-၅၈)

ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကို ရခြင်းငှါ (ရှင်ယောဟန် ၆း ၂၆-၅၈)


နီဒါန်း

၁။ လေးနက်သော ပုံဆောင်ချက်ကို အသုံးပြုသည်။

က) ရေ

ခ) မုန့်၊ အစားအစာ

၂။ ပုံဆောင်ချက်များ၏ ဆိုလိုရင်းများ

က) မရှိမဖြစ်လိုအပ်သော အသက်

ခ) အသက်၏ လိုအပ်ချက်ကို ဖြည့်ပေးခြင်း

 

လူငါးထောင်ကို ကျွေးမွေးခြင်း

၂၆ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်နိမိတ်လက္ခဏာတို့ကို မြင်သောကြောင့် ငါ့ကိုရှာသည်မဟုတ်။

၂၇ မုန့်ကို စား၍ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သောအစာကိုရခြင်းငှါ မကြိုးစားကြနှင့်။

လူသားသည် သင်တို့အား ပေး၍ ထာဝရအသက်နှင့်အမျှ တည်တတ်သောအစာကိုရခြင်းငှါ ကြိုးစားကြလော့။

ထိုသားသည် ခမည်းတော်ဘုရား၏တံဆိပ်ခတ်ခြင်းကို ခံသောသူဖြစ်သည်ဟု မိန့်တော်မူ၏။

၂၈ ထိုသူတို့ကလည်း။ ဘုရားသခင်၏ အလိုတော်နှင့်ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရ ပါမည်နည်းဟု မေးလျှောက်ကြ၏။

၂၉ ယေရှုကလည်း၊ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလိုတော်နှင့် ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။

၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။

၃၁ ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု လာသည်နှင့် အညီ၊

ငါတို့ဘိုးဘေးများသည်တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။ ရှင်ယောဟန် ၆း ၂၆-၃၁

၁။ မှားယွင်းသောအရာကို ရှာခြင်း

က) ရုပ်ဝတ္ထုအရာများ

ခ) ထာဝရမတည်သော အရာများ

၂။ မှန်ကန်သောအရာကို ရှာခြင်း

က) ထာဝရအသက်ကို တည်စေသော အစာများ

ခ) ဘုရားသခင်ပေးပိုင်သော ထာဝရအသက် ဆု

၃။ ဘုရားသခင် နှစ်သက်သော အမှုများ

က) ယုံကြည်ရန်

ခ) ခမည်းတော်ဘုရားစေလွှတ်သော မေရှေယကို ယုံကြည်ရန်

၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင်၍ ကိုယ်တော်ကိုယုံကြည်မည်

အကြောင်း အဘယ်နိမိတ်လက္ခဏာကို ပြတော်မူသနည်း။ အဘယ်အမှုကို ပြုတော်မူသနည်း။

၃၁ ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့ စားစရာဘို့ ကောင်းကင်မှမုန့်ကို ပေးတော်မူသည်ဟု

လာသည်နှင့် အညီ၊ ငါတို့ဘိုးဘေးများသည်တော၌ မန္နကိုစားကြသည်ဟု လျှောက်ကြ၏။

၃၂ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊

ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။

၃၃ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အားအသက်ကို ပေးသောမုန့် ပေတည်းဟုမိန့်တော်မူလျှင်၊

၃၄ သခင်၊ ထိုမုန့်ကိုအကျွန်ုပ်တို့အား အစဉ်မပြတ်ပေးတော်မူပါဟု လျှောက်ကြ၏။

၃၅ ယေရှုကလည်း၊ ငါသည်အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာအမွတ် မခံရ။

ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ်မခံရ။ ရှင်ယောဟန် ၆း ၃၀-၃၅

၁။ ရှိနေသော ယံသယစိတ်များ

က) သခင်ခရစ်တော်၌

ခ) သခင်ခရစ်တော် ပြုပိုင်သောအမှုများ

ဂ) သမ္မာတရားကို လွဲမှားစွာ နားလည်မှုများ

၂။ သံသယစိတ်များကို အမှန်တရားနှင့် ဖယ်ရှားခြင်း

က) ကောင်းကင်က မာနမုန့်ပေးသောသူသည် မောရှေမဟုတ်ပဲ ဘုရားသခင်ဖြစ်သည်

ခ) ဘုရားသခင်သည် သခင်ခရစ်တော်ကို စေလွှတ်ခဲ့သည်။

၁။ ဘုရားသခင်ထံမှ လာသောမုန့်အဖြစ်

၂။ စစ်မှန်သော မုန့်အဖြစ်

၃။ အသက်မုန့် အဖြစ်

ဂ) သခင်ထံလာသောသူသည် အလွန်မဂ်လာရှိမည်ဖြစ်သည်။

၃၆ သို့သော်လည်းသင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။

၃၇ ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့လာ သောသူကို ငါသည်အလျင်မပယ်။

၃၈ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည်မဟုတ်။

ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါ ဆင်းသက်၏။

၃၉ ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင်

တစုံတယောက် ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှါ၎င်း၊

၄၀ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်း ငှါ၎င်း အလိုတော်ရှိ၏။

ငါသည်လည်းနောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၆း ၃၆-၄၀

၁။ လူအချို့သည် ယုံကြည်မည်မဟုတ်ပေ။

က) သူတို့သည် လက်ခံမည်မဟုတ်

ခ) သူတို့သည် ငြင်းပယ်လိမ့်မည်

၂။ အခြားသောသူများသည် ယုံကြည်ကြလိမ့်မည်။

က) ဘုရားပေးသောသူများသည် ကယ်တင်ရှင်ထံလာကြလိမ့်မည်။

ခ) အထံတော်သို့ လာသောသူများသည် လမ်းလွဲမည်မဟုတ်။

ဂ) သခင်ထံလာသမျှသောသူတို့သည် ပျောက်ကွယ်သွားမည်မဟုတ်။

ယ) ယုံကြည်သောသူများသည် ထာဝရအသက်ရမည်။

င) တရားစီရင်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်လိမ့်မည်။

 

နိဂုံး

၁။ သခင်ပေးသော ထာဝရအသက်ကို ဆင်ခြင်ရန်။

၂။ ကယ်တင်ခြင်းအမှုအဖို့ ဘုရားသခင်ကို ခေါ်ဖိတ်ရန်။

၃။ သစ္စာရှိစွာ သခင်နှင့်အစဉ် လျှောက်ရန်။