“ထာဝရဘုရားအားအသစ်သောသီချင်းဆိုကြလော့” ဟေရှာယ ၄၂း၁၀
နိဒါန်းမိတ်ဆက်ခြင်း
၁။ မေရှိယ ရှင်ဘုရင်၏ ဗျာဒိတ်တော်
သူသည် အစေခံကျွန်နင့် ရှင်ဘုရင်အဖြင့် ကြွလာမည်။
6 အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွား မြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။
နာမတော်ကာ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။
7 ဒါ့ဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊
အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။ ဟေရှာယ ၉း၆-၇
၂။ မေရှိယ၏ အစေခံကျွန်နှင့်ပတ်သော ဗျာဒိတ်တော်
1 ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့။
ထိုသူ ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
2 အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌သူ၏အသံကို အဘယ်သူမျှမကြားစေရ။
3 နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။
4 မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမှီတွင် အားမလျော့၊ စိတ်လည်းမပျက်ရ။
သူ၏တရားကိုလည်း၊ တကျွန်းတနိုင်ငံသားတို့သည် မြော်လင့်ကြလိမ့်မည်။ ဟေရွာယ ၄၂း၁-၄
၂။ ကယ်တင်ရှင်ကို တုံ့ပြန်ခြင်း
သင့်လျော်သော တုံ့ပြန်ခြင်းက အမည်သို့ဖြစ်မည်နည်း။
ဘုရားသခင်ကို ချီးမွမ်းပူဇော်ဖို့ ဖိတ်ခေါ်ခြင်း
10 ပင်လယ်ကို ကူးသော သူမှစ၍၊ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ၊ တကျွန်းတနိုင်ငံအရပ်များ၊ ထိုအရပ်၌ နေသော သူများတို့၊
ထာဝရဘုရားအား အသစ်သော သီချင်းကိုဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
11 တောနှင့်တကွ တော၌ရှိသော မြို့ရွာ၊ ကေဒါ အရပ်သားတို့သည် ကြွေးကြော်ကြစေ။
ကျောက်၌ နေသော သူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ် က ကြွေးကြော်ကြစေ။
12 ထာဝရဘုရားကို ချီးမြှောက်၍၊ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။
13 ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။
အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။ ဟေရှာယ ၄၂း၁၀-၁၃
၁။ ကြီးမားသော ခေါ်ခြင်း အကြောင်းတရား
က။ ပင်လယ်ကူးသောသူများ
ခ။ တစ်ကျွန်တစ်နိုင်ငံအရပ်ဒေသများ
ဂ။ တော၌ရှိသော မြို့များ
ဃ။ အဝေးနေရာမှာ နေထိုင်သောသူများ
၂။ ထာဝရဘုရားကို ချီးမြောက်၍၊
က။ သူသည် စစ်မှန်သော ဘုရားဖြစ်သည့်အတွက်၊
ခ။ သူပြုခဲ့သော အမှုများအတွက်
ဂ။ မေရှိယ စေလွတ်ခြင်းအတွက်
ဃ။ မေရှိယ၏ ဘုန်းကြီးသော အသက်တာနှင့် အမှုတော်တို့အတွက်
စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းဖို့ သီချင်းအသစ်
၁။ ချီးမွမ်းခြင်းသီချင်းသစ်ကို ရေးဖွဲ့ စိန်ခေါ်မှု
၂။ သူ၏ဂရုဏာနှင့် ကျေးဇူးတော်ကြောင်း ထာဝရဘုရားကို သီချင်းအသစ်အားဖြင့် ချီးမွမ်းရန်
၃။ ကြီးမားသော ချီးမွမ်းခြင်းသီချင်းသစ်ဖြင့် ဘုရားသခင်ကို ချီးမွမ်းကြဖို့ အားလုံးကို တိုက်တွန်းရန်။
သီချင်းသစ် ပုံဥပမာ
1 အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စား ပါမည်။
နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အ မှုတို့ကိုပြုတော်မူပြီ။ ရှေးအကြံတော်တို့သည် မရွေ့၊ သစ္စာ နှင့် မြဲမြံကြပါ၏။
2 မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ် စေတော်မူပြီ။
တကျွန်းတနိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တဖန် မတည်မဆောက်ရမည် အကြောင်းစီရင်တော်မူပြီ။
3 ထိုကြောင့်၊ အားကြီးသော လူမျိုးသည် ကိုယ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။
ကြောက်မက်ဘွယ်သော လူမျိုးတို့၏ နေရာမြို့သည် ကိုယ်တော်ကို ကြောက်ရွံ့ပါလိမ့်မည်။
4 ကိုယ်တော်သည် ဆင်းရဲသောသူတို့ ခိုလှုံရာ၊ ငတ်မွတ်သောသူအမှု ရောက်သည်ကာလ၌ ခိုလှုံရာဖြစ် တော်မူ၏။
ထရံကို တိုက်သော မိုဃ်းသက်မုန်တိုင်းကဲ့သို့၊ ကြောက်မက်ဘွယ်သောသူတို့၏ ဒေါသအမျက်ထွက် သောအခါ၊
မိုဃ်းသက်မုန်တိုင်း လွတ်ရာ၊ နေရောင်ကွယ် ကာရာ ဖြစ်တော်မူ၏။ ဟေရှာယ ၂၅း၁-၄
၁။ ဘုရားသခင်ကိုယ်တိုင်၌ ယုံကြည်ခြင်းကို ရှာဖွယ်ခြင်း
က။ ဤယုံကြည်ခြင်းကို ရှာတွေ့နိုင်သည်။
ခ။ ဦးတည်ချက်မှာ သခင်ယေရှုခရစ်တော်၌ ရှာဖွယ်တွေ့ရှိဖို့ ဖြစ်ပါသည်။
၂။ ဘုရားသခင်ကို သိသောစိတ်နှလုံး ပြည့်ဝခြင်း
က။ ဘုရားသခင်သည် အံ့ဖွယ်သောအမှုတို့ ပြုတော်မူသည်။
ခ။ ဤအရာတို့ကို ကျမ်းစာ၌ မှတ်တမ်းတင်ထားသည်။
၃။ ဘုရားသခင်၌ ပြည့်စုံသော ဝမ်းမြောက်ခြင်းကို လက်တွေ့ခံစားနိုင်သည်။
က။ သူသည် ငတ်မွတ်သောသူတို့နှင့် ဆင်းရဲသောသူတို့အတွက် ခွန်အားဖြစ်သည်။
ခ။ သူသည် မိုးသက်မုန်တိုင်းမှ ကွယ်ကာရာဖြစ်သည်။
ဂ။ သူသည် ကြောက်မတ်ဖွယ်ကောင်းသောသူတို့၏ အမျက်ဒေါသမှ ခိုလုံရာဖြစ်သည်။
ခရစ္စမတ် Carol သီချင်း သီဆိုချီးမွမ်းခြင်း၏ ဝမ်းမြောက်မှု
၁။ အသင်းတော်အနေဖြင့် သီဆိုချီးမွမ်းခြင်း
၂။ ခရစ္စမတ် Carol သီချင်းမားကို အတူတကွ ချီးမွမ်းခြင်း
က) ဓမ္မသီချင်း နံပတ် ၁၄၅ – လာကြပါ တပည့်တော်များကျူး
ခ) ဓမ္မသီချင်း ၁၃၂ – ကောင်းကင်တမန်များ သီချင်း
နိဂုံး
၁။ ဤခရစ္စမတ်အားဖြင့် သခင်ဘုရား၌ အထူးဝမ်းမြောက်သောသူ ဖြစ်ပါစေ။
၂။ စိတ်နှလုံးအကြွင်းမဲ့ ကျေးဇူးတင်တတ်ပါစေ။
၃။ နှလုံးသားထဲ၌ ကိုယ်တိုင် အသစ်သောသီချင်းကို အထူးခံစားနိုင်ကြပါစေ။