Bethany Independent Presbyterian Church

Myanmar

ထာဝရဘုရားကို ချီးမြှောက် ကြစေ (ဟေရှာယအနာဂတ္တိကျမ်း ၄၂:၁၂)

ထာဝရဘုရားကို ချီးမြှောက် ကြစေ (ဟေရှာယအနာဂတ္တိကျမ်း ၄၂:၁၂)


နိဒါန်း

၁။ ၂၀၂၄ ခုနှစ်ကို အဆုံးသတ်ခြင်း

က။ ပြန်လည် သုံးသပ်ခြင်း

ခ။ ရွှင်လန်းခြင်း

ဂ။ အသစ်ပြုပြင်ခြင်း

၂။ ချီးမြှောက်ခြင်း အားလုံးအား ဘုရားသခင်အားပေးခြင်း

က။ ဤအရာသည် ညွှန်ကြားချက် ဖြစ်သည်

ခ။ ဤအရာသည် အင်မတန်မှ အရေးကြီးသည်

 

သိနာတောင် ပေါ်၌ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်း

16 ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်မှာထိ၍၊ မိုဃ်းတိမ်သည် ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။

သတ္တမနေ့ရက်၌ မိုဃ်းတိမ်အထဲက အသံတော်ထွက်၍၊ မောရှေကို ခေါ်တော်မူ၏။

17 ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်၍၊ ဣသရေလ အမျိုးသားတို့သည် မြင်ရကြ၏။ ထွက်မြောက်ရာကျမ်း ၂၄: ၁၆-၁၇

၁။ ထာဝရဘုရား၏ ဘုန်းတော်သည် သိနာတောင်ပေါ်တွင် မိုဃ်းတိမ် ကဲ့သို့ ခြောက်ရက်ပတ်လုံး လွှမ်းမိုး၏။

၂။ ထာဝရဘုရား၏ ဘုန်းတော်သည် တောင်ထိပ်ပေါ်မှာလောင်သော မီးကဲ့သို့ ထင်ရှား သည်ကို မြင်ရ၏

 

တဲတော်ဆက်ကပ်သောနေ့၌ ဘုရားသခင်၏ဘုန်းတော် ထင်ရှားခြင်း

34 ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။

35 ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။

36 ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။

37 မိုဃ်းတိမ်မကွာ မမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။

38 ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ၏။

ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။ ထွက်မြောက်ရာကျမ်း ၄၀: ၃၄-၃၈

၁။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။

၂။ ဤဘုန်းတော်သည် ဘုရားသခင် သူ၏လူတို့နှင့်အတူပါရှိခြင်းကို ပုံဆောင်သည်။

က။ လမ်းပြရန်

ခ။ ကွယ်ကာပေးရန်

 

တခြားသောအရာများ၌ ဘုန်းတော်ထင်ရှားဖိုငြင်းဆိုခြင်း

8 ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။

9 အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သော အရာတို့ကို ယခု ငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။ ဟေရှာယအနာဂတ္တိကျမ်း ၄၂:၈-၉

၁။ ဘုရားသခင်၏ဘုန်းတော်သည် သူ၏နာမ၌တည်သည်

၂။ ဘုန်းတော်နှင့်ဂုဏ်တော်ချီမြောက်ခြင်းသည် နှီးနွှယ်နေသည်

၃။ ဘုရားသခင်၏ဘုန်းတော် ပေးခြင်းမခံ ရသူများမှာ

က။ လူ့ဆီတွင်

ခ။ လူလုပ်သော ရုပ်တုများဆီတွင်

 

ဘုန်တော်အလုံးစုံးအား ထဝရဘုရားထံသို့ လွှဲပြောင်းပေးခြင်း

12 ထာဝရဘုရားကို ချီးမြှောက်၍၊ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။

13 ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍၊ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။

အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တဘက်၌ အားထုတ် တော်မူလိမ့်မည်။ ဟေရှာယအနာဂတ္တိကျမ်း ၄၂:၁၂-၁၃

7 ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။

8 မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့်၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့။ ဟေရှာယအနာဂတ္တိကျမ်း ၄၃:၇-၈

၁။ ထာဝရဘုရားကို ချီးမြှောက်ခြင်း အလုံးစုံးအားပေခြင်း

၂။ တကျွန်းတနိုင်ငံ အရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းခြင်း

၃။ ကြီးမြတ်၍အောင်နိုင်သောဘုရာသခင်အား ချီးမြှောက်ခြင်း အလုံးစုံးအားပေခြင်း

 

ရွေးနှုတ်ခြင်းသည် ဘုရားသခင်ထံမှသာဖြစ်ကြောင်းနားလည်ခြင်း

7 ငါနာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေ ဘို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ်လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။

8 မျက်စိရှိလျက်ပင် မျက်စိကန်းသော သူနှင့်၊ နားရှိ လျက်ပင် နားပင်းသော သူတို့ကို ဆောင်ခဲ့လော့။ ဟေရှာယအနာဂတ္တိကျမ်း ၄၃:၇-၈

၁။ ထာဝရဘုရား၏နာမအားဖြင့် ခေါ်ခြင်းခံရသူများ

က။ ဘုရားသခင်၏လူများ

ခ။ ဘုရားသခင်၏ သားသမီးများ

၂။ ဘုရားသခင်၏ ဘုန်းတော်တွက် ဖန်ဆင်းခံခြင်း

က။ ပုံသွင်းခံရခြင်း

ခ။ ဘုရားသခင်၏ ဘုန်းတော်ကြွေးကြော်ဖို့ အလို့ငှာ ပြုပြင်ခံရခြင်း

၃။ အသစ်သောဝိညာဉ်ရေးရာဖန်းဆင်းခြင်း

က။ မျက်စိကန်းသောသူများမြင်ခြင်း

ခ။ နားပင်းသောသူများကြားခြင်း

 

နိဂုံး

၁။ ၂၀၂၄ ခုနှစ် အားသုံးသပ်ခြင်း

က။ ကောင်းသောနှစ်

ခ။ အောင်မြင်သောနှစ်

၂။ ဘုရားသခင်၌ဝမ်းမြှောက်ခြင်း

က။ ယုံကြည်ခြင်း အသစ်ပြုပြင်ခြင်း

ခ။ ဘုရားသခင်အား ချီမွမ်းချီးမြှောက်ခြင်း ဆက်သခြင်းငှာ ပြန်လည်အသက်သွင်းခြင်း