Bethany Independent Presbyterian Church

Myanmar

တညီတညွတ်တည်း တမန် ၁း ၁၄

တညီတညွတ်တည်း တမန် ၁း ၁၄



နိဒါန်း

၁။ သခင်ယေရှုသည် လူထုများကို ချဉ်းကပ်ကာ ဧဝံဂေလိလုပ်ဆောင်ခဲ့သည်။

က) မြို့များ

ခ) ရွာများ

ဂ) တစ်ဦးချင်း

၂။ တပည့်တော်ဖြစ်ရန် အားလုံးကိုဖိတ်ခေါ်ခဲ့သည်။

၁၈ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို

နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊

၁၉ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြုမည်ဟု အမိန့်တော်ရှိလေသော်၊

၂၀ ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။ မဿဲ ၄း ၁၈-၂၀

က) သူ့နောက်လိုက်ရန် အားလုံးကို ဖိတ်ခေါ်ခဲ့သည်။

ခ) လူကို ဖမ်းသောတစ်ငါသည်များဖြစ်ရန် သွန်သင်လမ်းပြခဲ့သည်။

 

တပည့်တော်များအကြားက ပြသနားများ

၁) မယုံကြည်နိုင်ခြင်းပြသနာ

၁၉ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည်

ထိုနတ်ဆိုးကိုအဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊

၂၀ သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည်

မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟုဆိုကြသော်၊

နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။

၂၁ သို့သော်လည်း ဆုတောင်ခြင်း၊ အစာရှောင်ခြင်းမှတပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်ဟု မိန့်တော်မူ၏။ မဿဲ ၁ရး ၁၉-၂၁ီ

 

ကိုယ်ကျိုးကိုသာ ကြည့်သောဆန္ဒ

၂၀ ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပြပ်ဝပ်လျက်ဆုကျေးဇူး

ကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူပါသော်၊

၂၁ ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက်၌တယောက်၊

လက်ဝဲ တော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်လေ၏။

၂၂ ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။

ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ၎င်း၊ သင်တို့သည်

တတ်စွမ်းနိုင်သလောဟု မေးတော်မူ လျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊

၂၃ ငါ၏ခွက်ကို သင်တို့သည်သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည်ခံရကြ

လိမ့် မည်။ သို့သော်လည်း ငါ၏လက်ျာဘက်၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား

အကြင်သူတို့အဘို့ အလို့ငှါ ငါ့ခမည်းတော်သည် ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။

၂၄ အခြားသောတပည့်တော်တကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက် ကြ၏။

၂၅ ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြုတတ်ကြ၏။

၂၆ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။

၂၇ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊

၂၈ သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊

ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။

သင်တို့တွင်အထွဋ်အမြတ် လုပ်ချင် သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။ မဿဲ ၂၀း ၂၀-၂၈

က) ယောဟန်နှင့် ယာကုတ်တို့၏ မိခင်

ခ) သူမသည် သားနှစ်ယောက်အတွက် သခင်ယေရှုထံ နိုင်ငံတော်မှာ မြင့်မြတ်သောရာထူး တောင်းဆိုခဲ့သည်။

ဂ) ကျန်သော တပည့်တော်ဆယ်ယောက်သည် အလွန်ဝမ်းနည်းကြသည်။

ယ) ထိုအချိန်တွင် တညီတညွတ်ဖြစ်ခြင်း လုံးဝမရှိ။

၃။ သခင်ယေရှု၏ တုန့်ပြန်မှု

က) သူကိုယ်တိုင်သည် ပုံဥပမာဖြစ်သည်။

သူတပါးအစေကို ခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း၊ ကြွလာသည်ဖြစ်၍၊

ထိုနည်းတူ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွဋ်

အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။ မဿဲ ၂၀း ၂၈

ဂ) သခင်ယေရှုပေးသော စိန်ခေါ်မှု

၁) တစ်ပါးလူမျိုးများ၏ သခင်များကဲ့သို့ မဖြစ်ရန်

ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြုတတ်ကြ၏။ မဿဲ ၂၀း ၂၅

၂) အစေခံဖြစ်ရန် (ကျွန်)

၂၆ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။

၂၇ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊ မဿဲ ၂၀း ၂၆-၂၇

 

တညီတညွတ်တည်း

၁၂ ထိုအခါ ယေရုရှလင်မြို့နှင့်ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။

၁၃ ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊

အာလဖဲ၏သားယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီ ယုဒတို့သည် တည်းနေရာအိမ်အထက် ခန်းသို့တက်ကြ၏။

၁၄ ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီ

တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။ တမန် ၁း ၁၂-၁၄

၁။ တပည့်တော် ၁၁ ယောက်တို့သည် တညီတညွတ်တည်း စုဝေးကြသည်။

၂။ သခင်ယေရှုနောက်လိုက်သော အမျိုးသမီးများ

၃။ သခင်ယေရှု၏ မိခင် မယ်တော်မာရိ

၄။ သခင်ယေရှု၏ ညီအစ်ကိုများ

က) တချိန်က သခင်ယေရှုကို မယုံကြည်ခဲ့သူများဖြစ်ကြသည် ယောဟန် ၇

ခ) ယခုတွင်မူ အသင်းတော်တွင် မိသားစုဝင်များဖြစ်ကြသည် တမန် ၁း ၁၄

၅။ ယခုချိန်တွင် တညီတညွတ်တည်းဖြစ်ကြသည်။

က) ယှဉ်ပြိုင်ခြင်းမရှိ

ခ) သံသယစိတ်မရှိ

ဂ) ကိုယ်ကျိုးကိုသာ ရှာခြင်းမရှိ

 

နိဂုံး

၁။ အတိတ်က မညီမညွတ်ဖြစ်ခဲ့မှုများ လုံးဝမရှိတော့ပေ။

၂။ တညီတညွတ်တည်းဖြစ်ခြင်းသည် ယခုလက်တွေ့တွင် မြင်နေရသည်။

၃။ ဘုရားသခင်၏ နိုင်ငံတော်ကို ပြန်လည်သုံးသပ်ခြင်း

က) ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်း

ခ) ဘုရားသခင်ကို အစေခံခြင်းကိုသာ အာရုံစိုက်ခြင်း

ဂ) သခင်ယေရှု၏ သွန်သင်ချက်တို့၌ သစ္စာစောင့်လိုက်နာခြင်း

ယ) ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော အမှုတို့ကို ပြီးပြည့်စုံစွာ နားလည်ခြင်း