Bethany Independent Presbyterian Church

Myanmar

စိတ်နှလုံး တညီတညွတ်တည်း ရှိကြ၍ တမန် ၄း ၃၂

စိတ်နှလုံး တညီတညွတ်တည်း ရှိကြ၍ တမန် ၄း ၃၂



နိဒါန်း

၁။ တညီတညွတ်တည်း

က) တပည့်တော်တို့သည် ဆုတောင်းခြင်းနှင့် အသနားခံခြင်းအမှုတွင် တညီတညွတ် တည်းဖြစ်ရှိကြသည် (တမန် ၁း ၁၄)

ခ) တညီတညွတ်တည်းဟူသော နောက်ထပ်မှတ်ချက်ပေးခြင်းခံရသည် (တမန် ၂း၁)

ဂ) ဗိမာန်တော်တွင် တညီတညွတ်တည်းဆက်လက်နေကြသည် (တမန် ၂း ၄၆)

၂။ စည်းလုံးညီညွတ်ခြင်း

က) သခင်ခရစ်တော်ဖြစ်စေလိုသော အရာဖြစ်သည်။

ခ) ဤအမှုသည် သခင်ခရစ်တော်ဆုတောင်းပေးသော အချက်လည်းဖြစ်သည်။

၂၀ ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။

၂၁ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း

ထိုသူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း

ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။ ရှင်ယောဟန် ၁ရး ၂၀-၂၁

 

ယေရုရှလင်အသင်းတော်၏ ရှင်သန်ကြီးထွားခြင်း

၁။ အစပြုခဲ့သော လူဦးရေသည် ၁၂၀ သာဖြစ်သည် တမန် ၁း ၁၅

၂။ သင်းဝင်သူ အလုံးအရင်းဝင်လာခြင်း တမန် ၂း ၄၁

၃။ အမျိုးသားလူကြီးများပင် သင်းဝင်သူ ၅၀၀၀ ရှိလာသည် တမန် ၄း ၄

အသင်းတော်သည် တညီတညွတ်တည်းဖြစ်ခြင်းကို ဆက်လက်ထိမ်းသိန်းနိုင်သလား။

 

ရှင်သန်ကြီးထွားနေတဲ့ အသင်းတော်ကို ပုံဖော် ဖော်ပြခြင်း

၃၂ ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ အဘယ်သူမျှ မိမိဥစ္စာ တစုံတခုကို

ငါ့ဥစ္စာဟူ၍မဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတို့ကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ တမန်တော်ဝတ္ထု ၄း ၃၂

၁။ သင်းဝင်သောသူတွေကို ‘လူထု’ ဟု ခေါ်ဝေါ် သမုတ်ထားသည်။

၂။ သင်းဝင်သူတို့သည် ခုချိန်ထိ တညီတညွတ်တည်းဖြစ်ကြသည်။

၃။ အသစ်ပုံစံ ပုံဖော ်ဖော်ပြခြင်း

ယုံကြည်သောသူအပေါင်းတို့သည် စိတ်နှလုံး တညီတညွတ် တည်းရှိကြ၍၊ တမန်တော်ဝတ္ထု ၄း ၃၂

၄။ တညီတညွတ်တည်းဖြစ်ခြင်းကို ထိမ်းသိမ်းနိုင်ခြင်း အကြောင်းတရားများ

က) သူတို့သည် ခရစ်တော်ကို အမှန်တကယ်ယုံကြည်သူများ ဖြစ်ကြသည်။

၁။ သူတို့သည် အပြစ်နောင်တ ရကြသည်။

၂။ သူတို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အမှန်လက်ခံယုံကြည်ကြသည်။

၃။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ်မှာ ကျိန်းဝပ်သည်။

ခ) ထိထိရောက်ရောက် တုန့်ပြန်ကြသည်။

၁။ ခံယူထားသော နှုတ်ကပတ်တော်ကို ထိရောက်စွာ တုန့်ပြန်ကြသည်။

၂။ သူတို့၏ စိတ်ဝိညာဉ်သည် တစုတစည်းတည်းဖြစ်ကြသည်။

၃။ ပစ္စည်း ဥစ္စာများကို ရက်ရောစွာ အတူမျှဝေကြသည်။

၄။ သင်းဝင်သူတိုင်းသည် မိမိတတ်နိုင်သည့်ဖက်က ပါဝင်ဆက်ကပ်ကြသည်။

 

ဘုရားသခင်၏ အတူပါရှိခြင်း

၃၃ သခင်ယေရှု ထမြောက်တော်မူခြင်း အကြောင်း ကို တမန်တော် တို့သည် ကြီးသော တန်ခိုးနှင့် သက်သေခံ၍၊

ထိုသူအပေါင်းတို့သည် ကြီးသော ကျေးဇူးတော်နှင့် ပြည့်စုံကြ၏။

၃၄ ထိုသူတို့တွင် ဆင်းရဲသောသူတယောက်မျှမရှိ။ အကြောင်း မူကား၊ အိမ်၊

မြေကွက်ကို ပိုင်သောသူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသောအဘိုးကိုယူဆောင်ခဲ့၍၊

၃၅ တမန်တော်တို့၏ ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေး ကမ်းကြ၏။

၁။ ဘုရားသခင်ပေးသောအရာ

က) တမန်တော်တို့အား တန်ခိုးတော်ပေးသည်

ခ) ကြီးမားသော ဂရုဏာတော်အား အားလုံးသောသူကို ပေးသည်။

၂။ တိုးတက်ပြောင်းလဲနေသော အသင်းတော် အသိုင်းအဝိုင်း

က) ဆင်းရဲသားတွေရှိသော်လည်း တစ်ယောက်မျှမငတ်ခဲ့

ခ) မြေပိုင်သော ချမ်းသာသူများသည် များစွာပါဝင်လျူဒါန်းကြသည်။

ဂ) သူတို့အလှူငွေများကို တမန်တော်တို့ထံ ယူဆောင်လာကြသည်။

ယ) ထိရောက်သော ခွဲဝေမှုပုံစံကို အကောင်အထည်ဖော်ကြသည်။

 

ဗာနဗ၏ ပုံသက်သေများ

၃၆ ယောသေအမည်ရှိ၍ သက်သာစေခြင်း၏ သားဟုဆိုလိုသော ဗာနဗအမည်သစ်ကို

တမန်တော်တို့ သမုတ်ခြင်းအားဖြင့်ရသော ကုပရုပြည်သား လေဝိ လူတယောက်သည်၊

၃၇ မိမိပိုင်သော မြေကိုရောင်းပြီးလျှင်၊ ရသော ငွေကိုယူဆောင်ခဲ့၍

တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။ တမန်တော်ဝတ္ထု ၄း ၃၆ – ၃၇

၁။ ယောသေ

က) ဗာနဗ၏ အခြားအမည်

ခ) ခွန်အားဖြစ်စေသောသားဟု အဓိပ္ပာယ်ရသည်။

၂။ သူသည် ကုပရုပြည်သားဖြစ်သည်။

က) သူသည် လေဝိအမျိုးဖြစ်ကြောင်း မျိုးဆက်ကိုလေ့လာနိုင်ခဲ့သည်။

ဂ) သူသည် ယေရုရှလင်တွင် သင်းဝင်သူဖြစ်သည်။

၃။ သူသည် မြေပိုင်ရှင်ဖြစ်သည်။

က) သူပိုင်သော မြေကိုရောင်းခဲ့သည်။

ခ) သူမြေရောင်းရသော ငွေကို တမန်တော်များထံယူလာခဲ့သည်။

 

နိဂုံး

၁။ တညီတညွတ်တည်းဖြစ်နိုင်ပါသလား။

အဖြေကတော့ ဖြစ်နိုင်သည်။

၂။ တညီတညွတ်တည်းဖြစ်ခြင်းကို ထိမ်းသိမ်းလို့ရသလား။

ထိမ်းသိမ်းလို့ရပါသည်။

၃။ တညီတညွတ်တည်းဖြစ်ခြင်းကို ထိမ်းသိမ်းရန် ဘာလိုအပ်သလဲ။

က) ဘုရားသခင်၏ တန်ခိုး

ခ) ဘုရားသခင်၏ လူများ

ဂ) ဘုရားသခင်၏ ရည်ရွယ်ချက်ကို နှလုံးသွင်းရန်