ငါ့စကား တည်လိမ့်မည်။ ရှင်မဿဲ ၂၃:၃၅
နိဒါန်း
၁။ သခင်ယေရှုအားဖြင့် ထူးခြားပြောင်မြောက်သော သက်သေပြုလုပ်ခဲ့သည်။
က) ငါအမှန်ကန်ဆိုသည်ကား ရှင်မဿဲ ၅:၁၈ NKJV
၁။ အကယ်စင်စစ်၊ အကယ်စင်စစ် KJV
၂။ အမှန်တကယ် NRSV
ခ) သင်တို့ကြားရပြီ သို့သော် သင်တို့ကို ငါပညတ်သည်ကား ရှင်မဿဲ ၅:၂၁-၂၂; ၂၇-၂၈
၂။ အစိုးရခြင်းကို အသိမှတ်ပြုခံခဲ့သည်။
28 ယေရှုဟောတော်မူသောအဆုံး၌ ပရိတ်သက်အပေါင်းတို့သည် ဆုံးမဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏၊
29 ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမဩဝါဒပေးတော်မူ၏။ ရှင်မဿဲ ၇:၂၈-၂၉
က) လူစုလူဝေးကြီးများ (လူထုများ)
ခ) သူတို့သည် အစိုးရသောသူနည်းတူ သခင်ယေရှုဆုံးမဩဝါဒပေးခြင်းကို အလွန်အံ့ဩကြ၏။
သခင်ယေရှု၏ဆုံးမဩဝါဒနှင့်ပတ်သက်၍အဖြေပေးခြင်း
17 ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။
18 ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့်မြေကြီးမပျက်စီးမှီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့မရောက်မှီမပျက်စီးရ။
19 ထိုကြောင့်အကြင်သူသည် အငယ်ဆုံးသောပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍သူတစ်ပါးတို့အားလည်း ထို့အတူသွန်သင်၏။
ထိုသူသည် ကောင်းကင်နိုင်ငံ၌ အငယ်ဆုံးသောသူဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်းသွန်သင်၏။
ထိုသူသည်ကောင်းကင်နိုင်ငံ၌ ကြီးသောသူ ဖြစ်လိမ့်မည်။ ရှင်မဿဲ ၅:၁၇-၁၉
၁။ သခင်ယေရှုကြွလာခြင်းသည် ပညတ်တ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများကို ပယ်ဖျက်ခြင်းငှာ အကြောင်းအရာများ
က) ဤအကြောင်းအရာကား ရေးသားပြုစုခဲ့သည်။
ခ) သခင်သည် ဤကဲသို့ရည်ရွယ်ချက်များနှင့်အစီအစည်များ မရှိခဲ့တဲ့အတွက် အာမခံပေးခဲ့သည်။
၂။ သခင်ယေရှု၏ဆက်ကပ်အပ်နံခြင်း
က) ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများ ပြီးပြည့်စုံလင်စေရန်
ခ) ဤသည်ကား သခင်ယေရှု၏ အထွက်အထိပ်ဦးတည်ချက်များ (အချက်အချာများ) ဖြစ်သည်။
၃။ ဘုရားသခင်၏နုတ်ကပတ်တော် (ပညတ်တော်)ကို မှန်ကန်သော နားလည်သဘောပေါက်ခြင်း
က) ပညတ်တော် ပြည့်စုံစေရမည်။
ခ) ပညတ်တော်ကိုကျူးလွန်ခြင်းသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဟု အခေါ်ခံရမည်။
သခင်ယေရှု၏နုတ်ကပတ်တော် ပြင်းအားကြံ့ခိုင်မူကို သေချာလေ့လာခြင်း
16 ညဉ့်ဦးယံ၌ နတ်ဆိုးစွဲသောသူများတို့ကို အထံတော်သို့ဆောင်ခဲ့၍ နှုတ်တော်မြွတ်ကာမျှနှင့်
ထိုနတ်တို့ကိုနှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။
17 ထိုအကြောင်းအရာမူကား၊ သူသည်အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွတ်လေသည်ဟု
ပရောဖတ်ဟေရှာယ ဟောဖူးစကားပြည့်မည်အကြောင့် ဖြစ်သတည်း။ ရှင်မဿဲ ၈:၁၆-၁၇
၁။ နတ်ဆိုးစွဲခြင်း
က) သူတို့သည် သခင်ယေရှုအထံတော်သို့ဆောင်ခဲ့၍၊
ခ) သခင်သည် နှုတ်တော်မြွတ်ကာမျှနှင့်ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။
၂။ နာသောသူရှိသမျှတို့ကို
က) သခင်ယေရှုသည် အထံတော်သို့လာသမျှသောသူတို့ကို သက်သာစေတော်မူ၏။
ခ) ဤကဲသို့ ပရောက်ဖတ်ဟေရှာယ ဟောဖူးသောစကားကို သခင်ယေရှုပြည့်စုံခဲ့သည်။
ဂ) သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာမျာကို ယူတင်ဝတ်ဆောင်လေသည်။ ဟေရှာယ ၅၃:၄
သခင်ယေရှု၏အခိုင်အမာပြောဆိုသော နုတ်ကပတ်တော်
32 သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည်
အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကိုသင်တို့သိကြ၏။
33 ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့။
34 ငါအမှန်ကန်ဆိုသည်ကား၊ ယခုဖြစ်သောလူများမကုန်မှီ ထိုအကြောင်းအရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။
35 ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ့စကားတည်လိမ့်မည်။ ရှင်မဿဲ ၂၄:၃၂-၃၅
၁။ သင်္ဘောသဖန်းပင် ပုံဥပမာ
က) အခက်အလက်နု၍
ခ) အရွက်ပေါက်သောအခါ
ဂ) နွေကာလနီးသည်
၂။ သခင်ယေရှုပြောခဲ့သောအချိန်သင်္ကေတ
က) အနီးသို့ရောက်တော်မူသည် (ထိုအချိန်မူကားနီးသည်)
ခ) တံခါးဝတိုင်အောင်
၃။ ကောင်းကင် နှင့် မြေကြီး
က) သူတို့အတွက်နောက်ဆုံးဖြစ်လိမ့်မည်ဟု ကျွန်တော်တို့ယုံကြည်သည်။
ခ) တစ်နည်းနည်းအားဖြင့် သူတို့ကျဆုံးခန့်ကို ကျွန်တော်တို့မတွေ့ရက်ဘူး။
ဂ) သို့သော်သူတို့ ကျဆုံးမည်။
၄။ သခင်ယေရှု၏စကား
က) သူ့စကားသည် မတည်မနေရ (သူ့စကားတည်လိမ့်မည်။)
ခ) ကောင်ကင်နှင့်မြေကြီးမတည်သော်လည်းသူ့စကားတည်လိမ့်မည်။
နိဂုံး
ခရစ်တော်၏နုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည်
ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းတို့ကိုပြု၍
နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။ ကောလောသဲ ၃း၁၆
၁။ သခင်ယေရှုခရစ်တော်၏နှုတ်ကပတ်တရား
က) ကျွန်တော်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍
ခ) ပညာအမျိုးမျိုးနှင့်
၂။ သခင်၏နုတ်ကပတ်တရားအကျိုးတက်ရောက်မူ
က) အချင်းချင်းဆုံးမသွန်သင်ခြင်းနှင့် သတိပေးခြင်းကိုပြု၍
ခ) ထိုအရာများက ကျွန်တော်တို့ကို လှုံးဆော်ပါစေ
၁။ ဆာလံသီချင်းများအားဖြင့်
၂။ ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်
၃။ ဝိညာဉ်သဘောဆိုင်ရာသီချင်းများအားဖြင့်
၄။ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီးချင်း ဆိုကြပါစို့။