Bethany Independent Presbyterian Church

Myanmar

ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ ယောဟန် ၁ဝး၁၇

ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ ယောဟန် ၁ဝး၁၇



နိဒါန်း

၁။ ခမည်းတော်ဘုရားနှင့် သခင်ယေရှုအကြားချစ်ခြင်းမေတ္တာ

က။ ၎င်းသည် တည်ရှိခဲ့သည်။

ခ။ အတုယူထိုက်သောစံနမူနာဖြစ်သည်။

ဂ။ တမူထူးခြားသောအရာဖြစ်သည်။

၂။ အလွန်ခမ်းနားသောချစ်ခြင်းမေတ္တာကို လေ့လာခြင်း

က။ လေ့လာထိုက်သောအရာဖြစ်သည်။

ခ။ ကြီးမားသောအာရုံစိုက်ခြင်းနှင့်အလွန်ပင်ထိုက်တန်သည်။

 

သခင်ယေရှုသည် ကောင်းသော သိုးထိန်းဖြစ်၏။

၇။ ထို့ကြောင့် တစ်ဖန်ယေရှုက ငါအမှန်အကန်ဆိုသည်ကား၊ ငါသည်သိုးဝင်သောတံခါးဝဖြစ်၏။

၈။ ငါ့ရှေ့၌ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓါးပြဖြစ်ကြ၏။ ထိုသူတို့၏ စကားသံကို သိုးတို့သည် နားမထောင်ကြ။

၉။ ငါသည် တံခါးဝဖြစ်၏။ ငါဖြင့် ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက် ထွက်ဝင်၍ ကျက်စားရာကိုတွေ့ရလိမ့်မည်။

၁ဝ။ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းဌါသာလာတတ်၏။

ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းဌါလာသတည်း။

၁။ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။ ယောဟန် ၁၀း ၇၊ ၉

က။ အခြားသောသူများသည် သူခိုးများဖြစ်ကြ၏။

ခ။ ဓါးပြများဖြစ်ကြ၏။ ယောဟန် ၁ဝး ၈

၂။ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ယောဟန် ၁ဝး ၁၁၊ ၁၄

၁၁။ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုဌါ မိမိအသက်ကိုစွန့်တတ်၏။

၁၂။ သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူဌါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင် သိုးတို့ကို ပစ်ထား၍ ထွက်ပြေးတတ်၏။

တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲခွင့်စေ၏။

၁၃။ သူဌါးသည် သူဌါးဖြစ်၍ သိုးတို့၏အကျိုးကိုမမှတ်သောကြောင့် ထွက်ပြေးတတ်၏။

၁၄။ ငါသည် ကောာင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍

ငါသည်လည်းခမည်တော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်းငါ့ကိုသိကြ၏။

၁၅။ ငါသည်ကိုယ်အသက်ကို သိုးတို့အဖို့အလိုဌါ စွန့်၏။

၁၆။ ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။

သူတို့သည်လည်း ငါ့စကားသံကိုနားထောင်သဖြင့်၊ သိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။ ယောဟန် ၁ဝး ၁၁-၁၆

က။ သူသည် သူဌါးမဟုတ်။

၁။ သူဌါးသည် အန္တရာယ်နှင့်တွေ့သေညအခါ ထွက်ပြေးတတ်၏။ ယောဟန် ၁ဝး ၁၂-၁၃

ခ။ ကောင်းသော သိုးထိန်း

၁။ သိုးတို့အဖို့အလိုဌါ မိမိအသက်ကိုစွန့်တတ်၏။ ယောဟန် ၁ဝး ၁၁

၂။ ငါ့သိုးတို့ကိုငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကိုသိ၏။ ယောဟန် ၁ဝး ၁၄

၃။ ငါသည်ကိုယ်အသက်ကို သိုးတို့အဖို့အလိုဌါ စွန့်၏။ ယောဟန် ၁ဝး ၁၅ (ခ)

 

သခင်ယေရှုအဖို့ ခမည်းတော်၏ ချစ်ခြင်းမေတ္တာအား ဖော်ပြသည်။

၁။ ငြင်းပယ်လို့မရသောအရာဖြစ်သည်။

၂။ ခမည်းတော်၏ ရင်းနှီးဆက်နွယ် နီးစပ်မှုသည် ကွဲပြားခြားနားသည်။

၃။ သခင်ယေရှုအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန်အရေးကြီးသော ဖော်ပြချက်ဖြစ်သည်။

 

ထို့ကြောာင့်၊ ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။
ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တစ်ဖန်ယူဦးမည်ဖြစ်သောကြောာင့် ယောဟန် ၁၄း ၁၇

က။ ခမည်းတော်၏ ချစ်ခြင်းမေတ္တာသည် ပေါ်လွင်ထင်ရှား၏။

ခ။ ဤချစ်ခြင်းမေတ္တာအဖို့ များစွာသောအကြောင်းတရားများရှိ၏။

၁။ သခင်ယေရှုသည် သိုးများအဖို့ သိုးဝင်သောတံခါးဝဖြစ်ဖို့ ဆန္ဒရှိ၏။

၂။ သူသည် သိုးများအဖို့ မိမိအသက်ကိုစွန့်သော သိုးထိန်းကောင်းဖြစ်၏။

၃။ သူသည် ကောင်းသောသိုးထိန်း၏ လိုအပ်ချက်များကို မမောမပန်းဆောင်ရွက်လိမ့်မည်။

 

လေးနက်သော ချစ်ခြင်းမေတ္တာတော်

၁။ အခြား အရေးကြီးသော သခင်ယေရှုအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖော်ပြချက်

ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍ ယောဟန် ၅း ၂ဝ (က)

၂။ အလွန်လေးနက်သော ဆက်နွယ်ခြင်း

၁၈။ သို့ဖြစ်၍ ဥပုသ်နေ့ကိုဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘ ဟုခေါ်၍ မိမိဘုရားသခင်နှင့်

ပြိုင်နှိုင်းတော်မူသောကြောင့်ယုဒလူတို့သည် ကိုယ်တော်ကိုသတ်ခြင်းဌါ သာ၍ရှာကြံကြ၏။

၁၉။ ယေရှုကလည်း၊ သင်တို့အားငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည်မြင်၍သာပြု၏။

မိမိအလိုအလျောက် ဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။

၂ဝ။ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။

သင်တို့သည် အံ့သြဖွယ်ရှိစေခြင်းဌါ ဤမျှမက သာ၍ကြီးစွာသောအမှုအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။

၂၁။ ခမည်းတော်သည် သေလွန်သောသူတို့ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသကဲ့သို့၊

ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကိုရှင်စေ၏။

၂၂။ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊

၂၃။ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှတရားစီရင်တော်မမူ။

တရားစီရင်ခြင်းအခွင့်ရှိသမျှကိုသားတော်အားအပ်ပေးတော်မူ၏။ သားတော်ကိုမရိုသေသောသူသည်ကား၊

သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။ ယောဟန် ၅း ၁၈-၂၃

က။ သားတော်၏ လှုပ်ရှားမှု

၁။ သားတော်သည် မိမိအလိုအလျောက်ဘယ်အမှုကိုမျှမလုပ်။

၂။ ခမည်းတော်ပြုသမျှအတိုင်း မြင်၍ ပြု၏။ ယောဟန် ၅း ၁၉-၂၀

၃။ ငါကြားသည်အတိုင်းတရားစီရင်၏။ ယောဟန် ၅း၃ဝ

ခ။ ခမည်းတော်၏ လုပ်ဆောင်ချက်

၁။ သားတော်ကို ချစ်၏။ ယောဟန် ၅း ၂ဝ (က)

၂။ သူပြသည်အတိုင်း သားတော်အားပြတော်မူ၏။ ယောဟန် ၅း ၂ဝ (ခ)

၃။ သာ၍ကြီးစွာသောအမှုအရာတို့ကို သားတော်အားပြတော်မူလိမ့်မည်။ ယောဟန် ၅း၂ဝ

၄။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။ ယောဟန် ၅း

၅။ တရားစီရင်ခြင်းအခွင့်ကို အပ်ပေးတော်မူ၏။ ယောဟန် ၅း ၂၇

ဂ။ ခမည်းတော်နှင့် သားတော်အကြား ဆက်နွယ်ခြင်း

၁။ သူတို့သည် လေးနက်စွာ မျှဝေကြသည်

၂။ သူတို့သည် တစ်သဘောတည်းရှိကြ၏။

၃။ လေးနက်သော အပြန်အလှန်ချစ်ခြင်းမေတ္တာရှိ၏။

 

နိဂုံး

၁။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို လန်းဆန်းစွာ တန်ဖိုးထားပါ။

၂။ သခင်ယေရှုနှင့် ခမည်းတော်ဘုရားအဖို့ ကြီးမြတ်သောချစ်ခြင်းမေတ္တာကို ပြုစုပျိုးထောင်ပါ။

၃။ သခင်ယေရှု၏ အသက်တာလမ်းစဉ်ကို အတုယူဖို့ စိန်ခေါ်ခြင်းခံကြပါစို့။