Bethany Independent Presbyterian Church

Myanmar

ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ယောဟန် ၁ဝ

ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ယောဟန် ၁ဝ



နိဒါန်း

အလွန်နက်နဲသော သခင်ယေရှုခရစ်တော်၏ ဖွင့်ပြချက်များ

၁။ ငါသည်အသက်မုန့်ဖြစ်၏။ ယောဟန် ၆

၂။ ငါသည်လောက၏အလင်းဖြစ်တော်မူ၏။ ယောဟန် ၈၊၉

၃။ ငါသည်သိုးဝင်သောတံခါးဝဖြစ်၏။ ယောဟန် ၁ဝ

၄။ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ယောဟန် ၁ဝ

၅။ ငါသည်ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။

၆။ ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏။ ယောဟန် ၁၄

၇။ ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ ယောဟန် ၁၅

 

သိုးထိန်း ပုံရိပ်

၁။ ဆာလံကျမ်း၌တွေ့ရသည်။ ဆာလံ ၂၃

၂။ အနာဂတ္တိကျမ်းများ၌တွေ့ရသည်။ ဟေရှာယ ၄ဝ

 

အလွန်ဆက်စပ်မှုရှိသော (၂) ချက်

၁။ ငါသည်သိုးဝင်သောတံခါးဝဖြစ်၏။ ယောဟန် ၁ဝး ၇

၂။ ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ယောဟန် ၁ဝး ၁၁

 

သိုးဝင်သော တံခါးဝ

၇။ ထိုကြောင့် တစ်ဖန်ယေရှုက ငါအမှန်အကန်ဆိုသည်ကား၊ ငါသည်သိုးဝင်သောတံခါးဝဖြစ်၏။

၈။ ငါ့ရှေ့၌ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည်နားမထောင်ကြ။

၉။ ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကိုတွေ့လိမ့်မည်။

၁ဝ။ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းဌါသာလာတတ်၏။

ငါမူကား၊ သိုးတို့သည်အသက်လွတ်ရုံမျှမက အထူးသခြင့် အသက်နှင့်ပြည့်စုံစေခြင်းဌါလာသတည်း။ ယောဟန် ၁ဝး ၇-၁ဝ

၁။ သူခိုး နှင့် ဓားပြ

က။ သူတို့သည်မှားယွင်းသော သိုးထိန်းများဖြစ်ကြ၏။

ခ။ သူတို့သည် ခိုးသည်၊ သတ်ဖြတ်သည်၊ ဖျက်ဆီးသည်။

ဂ။ သူတို့သည် သိုးများတို့အဖို့ သနားကြင်နာ ဂရုစိုက်ခြင်းမရှိပေ။

၂။ သိုးဝင်သော တံခါး

က။ ကြင်နာမှုပြုသောသိုးထန်းသည် သိုးခြံရှေ့၊လယ်ပြင်ရှေ့၌နေလျက်ရှိသည်။

ခ။ သိုးတို့သည်လုံခြုံမှုကိုတွေ့လိမ့်မည်၊ ၎င်းသည်သိုးထိန်း၏ အာရုံစိုက်မှုပင်ဖြစ်သည်။

ဂ။ အသက်နှင့်ပြည့်စုံလိမ့်မည်။

 

ကောင်းသောသိုးထိန်း

၁၁။ ငါသည်ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့အလိုဌါ မိမိအသက်ကိုစွန့်တတ်၏။

၁၂။ သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူဌါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်

သိုးတို့ကိုပစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကိုလုယက်၍ကွဲလွင့်စေ၏။

၁၃။ သူဌါးသည် သူဌါးဖြစ်၍ သိုးတို့၏အကျိုးကိုမမှတ်သောကြောင့် ထွက်ပြေးတတ်၏။

၁၄။ ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍

ငါသည်လည်းခမည်းတော်ကိုသိသကဲ့သို့ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။

၁၅။ ငါသည် ကိုယ်အသက်ကို သိုးတို့အဖို့အလိုဌါ စွန့်၏။

၁၆။ ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်ခဲ့ရမည်။

သူတို့သည်လည်း ငါ့စကားကိုနားထောင်သဖြင့်၊ သိုးခြံတစ်ခု၊ သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။

၁၇။ ငါသည်ကိုယ်အသက်ကိုစွန့်၍ နောက်တစ်ဖန်ယူဦးမည်ဖြစ်သောကြေင့်၊ ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။

၁၈။ ငါ့အသက်ကိုအဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျေက်ငါစွန့်၏။ ကိုယ်အသက်ကိုစွန့်ရသောအခွင့်နှင့် နောက်တစ်ဖန်

ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည်ငါ၌ရှိ၏။ ထိုအခွင့်ကိုခမည်းတော်သည်ပေးတော်မူပြီဟုမိန့်တော်မူ၏။ ယောဟန် ၁ဝး ၁၁-၁၈

၁။ ဖော်ပြချက်

ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ယောဟန် ၁ဝး ၁၁၊ ၁၄

ကောင်းသောသိုးထိန်းနှင့် သူဌါးအကြားနှိုင်းယှဉ်ခြင်း

က။ သူဌါး

၁။ သူသည် သိုးထိန်းမဟုတ်။ ယောဟန် ၁ဝး ၁၂

၂။ သူသည်သိုးတို့ကိုမပိုင်။ ယောဟန် ၁ဝး ၁၂

၃။ သူဌါးသည် တောခွေးလာသည်ကိုမြင်လျှင် ထွက်ပြေးတတ်၏။ ယောဟန် ၁ဝး ၁၃

၄။ သိုးတို့၏ အကျိုးကိုမမှတ်။ ယောဟန် ၁ဝး ၁၃

ခ။ ကောင်းသောသိုးထိန်း

၁။ သိုးတို့အဖို့အလိုဌါ မိမိအသက်ကိုစွန့်တတ်၏။ ယောဟန် ၁ဝး ၁၁

၂။ သူ့သိုးများကို သိတော်မူ၏။ ယောဟန် ၁ဝး ၁၄

၃။ သိုးတို့သည်လည်း သိုးထိန်းအားသိကြ၏။ ယောဟန် ၁ဝး ၁၄

၄။ ကိုယ်အသက်ကို သိုးတို့အဖို့အလိုဌါ စွန့်၏။ ယောဟန် ၁ဝး ၁၅

ဂ။ ကောင်းသောသိုးထိန်းနှင့် ခမည်းတော်အကြားဆက်နွယ်မှု

၁။ ခမည်းတော်သည် ကောင်းသောသိုးထိန်းကိုသိ၏။ ယောဟန် ၁ဝး ၁၄

၂။ ကောင်းသောသိုးထိန်းသည်လည်း ခမည်းတော်ကိုသိ၏။ ယောဟန် ၁ဝး ၁၄

၃။ ကိုယ့်အသက်ကိုစွန့်သောကြောင့်ခမည်းတော်သည် သားတော်ကိုချစ်၏။ ယောဟန် ၁ဝး ၁၇

၄။ ခမည်းတော်၏တန်ခိုးသည် သားတော်အားအကုန်အစင်ပေးတော်မူ၏။ ယောဟန် ၁ဝး၁၈

ဃ။ ကောင်းသောသိုးထိန်း၏ အကြံစည်တော်များ

၁။ အခြားသောသိုးတို့ကိုလည်းဆောင်ခဲ့ဦးမည်။ ယောဟန် ၁ဝး ၁၆

၂။ သူတို့သည် သူ့ (ကောင်းသောသိုးထိန်း) ၏စကားကိုနားထောင်မည်။ ယောဟန် ၁ဝး၁၆

၃။ သိုးခြံတစ်စု၊ သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။ ယောဟန် ၁ဝး ၁၆

 

ရောထွေးသော တုန့်ပြန်ချက်များ

၁၉။ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တစ်ဖန်ကွဲပြားခြင်းရှိကြ၏။

၂ဝ။ လူများတို့က သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကိုအဘယ်ကြောင့်နားထောင်ကြသနည်းဟုဆိုကြ၏။

၂၁။ အချို့တို့ကသူ့စကားသည် နတ်ဆိုးစွဲသောသူ၏ စကားမဟုတ်။ နတ်ဆိုးသည်

မျက်စိကန်းသောသူတို့ကို မြင်စေခြင်းဌါတတ်နိုင်သလောဟုဆိုကြ၏။ ယောဟန် ၁ဝး ၁၉-၂၁

၁။ မှားယွင်းသော တုန့်ပြန်မှု

က။ သူသည် နတ်ဆိုးဖြစ်၏။

ခ။ သူသည် အရူးဖြစ်၏။

၂။ မှန်ကန်သော တုန့်ပြန်မှု

က။ သူ့စကားသည်နတ်ဆိုးစွဲသောသူ၏စကားမဟုတ်။

ခ။ နတ်ဆိုးသည် မျက်စိကန်းသောသူကိုမြင်စေခြင်းဌါတတ်နိုင်သလော။

၃။ သင်ကိုယ်တိုင်၏ တုန့်ပြန်ချက်သည် အဘယ်သို့နည်း။