Bethany Independent Presbyterian Church

Myanmar

ငါပေးသောရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောသက်စမ်း ရေဖြစ်လိမ့်မည်။ ရှင်ယောဟန် ၄

ငါပေးသောရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သောသက်စမ်း ရေဖြစ်လိမ့်မည်။ ရှင်ယောဟန် ၄



နိဒါန်း

၁။ ဘဝမှာ ပြသနာများစွာ ဖြစ်ပေါ်လာတတ်သည်။

၂။ ကြိမ်ဖန်များစွာ ထိုပြသနာများသည် တစ်ဦးချင်းနှင့်တိုက်ရိုက်သက်ဆိုင်သည်။

၃။ လူအများတို့သည် ထိုပြသနာများကြောင့် စိတ်ပျက်အားငယ်ခြင်းကို ရင်ဆိုင်ကြသည်။

 

ဂျူး နှင့် ရှာမာရိလူမျိုးများကြား နှစ်လိုဖွယ်မကောင်းသောအဖြစ်

၃ ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တစ်ဖန်ကြွတော်မူစဉ်တွင်၊

၄ ရှမာရိပြည်အလယ်၌ ရှောက်သွားရ၏။

၅ ယာကုပ်သည် မိမိသားယောသပ် အားပေးသောမြေ အကွက်နှင့်အနီး ၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသောမြို့ သို့ရောက်တော်မူ၏။

၆ ထိုအရပ်၌ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့်

ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီအချိန်ဖြစ်၏။

၇ ရှမာရိမိန်းမတစ်ယောက်သည် ရေခပ်ခြင်းငှာလာ၍၊ ယေရှုက၊ ငါသောက်ဘိုရေပေးပါဟု ထိုမိန်းမအားမိန့်တော်မူ၏။

၈ အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကိုဝယ်ခြင်းငှာ မြို့ထဲသို့သွားကြသည် အခိုက်ဖြစ်သတည်း။

၉ ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သော အကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်းသနည်းဟုဆို၏။

ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည်ရှမာရလူတို့နှင့်ပေါင်းဖေါ် ခြင်းမရှိ။ ရှင်ယောဟန် ၄း ၃-၉

၁။ သခင်ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ထွက်သွားရန် လိုအပ်လာသည်။

၂။ ရှာမာရိပြည်သည် ထိုပြည်နယ်နှစ်ခုကြားတွင် တည်ရှိသည်။

၃။ များသောအားဖြင့် ဂျူးလူမျိုးများသည် ယုဒပြည်ကနေ ဂါလိလဲပြည်သွားသောအခါ အခြားလမ်းကို ရွေးချယ်ကြသည်။

၄။ ဂျူးလူမျိုးတို့သည် ရှာမာရိလူမျိုးများနှင့် အထိအတွေ့မလုပ်ပေ။

 

သခင်ယေရှုနှင့် ရှာမာရိအမျိုးသမီးကြား အပြန်အလှန်ပြောသောစကား

၉ ထိုမိန်းမကလည်း၊ သင်သည်ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ် သောအကျွန်ုပ်ကိုအဘယ်ကြောင့် သောက်ဘို့တောင်း သနည်းဟုဆို၏။

ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖေါ် ခြင်းမရှိ။

၁၀ ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော်ကို၎င်း ၊ ငါသောက်ဘို့ရေပေးပါဟုဆို သောသူကား အဘယ်သူဖြစ်သည်ကို၎င်း

သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊

၁၁ မိန်းမက၊ သခင်၌ ရေခပ်စရာမရှိ ရေတွင်းလည်းနက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ ရပါမည်နည်း။

၁၂ ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အားပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရိစ္ဆာန်

များတို့သည် ဤ တွင်းရေကိုသောက် ကြပြီ။ သခင်သည် ထိုသူထက်ကြီးမြတ် သလောဟုဆို ၏။

၁၃ ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန်ရေငတ်ဦးမည်။

၁၄ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည်

ထိုသူ၌ထာဝရ အသက် ရှင်ခြင်းအလိုငှာ ထွက် သော စမ်း ရေ ဖြစ် လိမ့်မည် ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၄း ၉-၁၄

၁။ ရှာမာရိလူများ၏ တုန့်ဆိုင်းမှု

က) ဂျူးလူမျိုးတို့သည် သာမန်အားဖြင့် ရှာမာရိလူတို့ကို စကားမပြောပါ။

ခ) ရှာမာရိအမျိုးသမီးက သခင်ယေရှုသည် အဘယ်ကြောင့်သောက်ဖို့ရေကို သူမထံတောင်းသည်ကို မေးလျှောက်ခဲ့သည်။

၂။ သခင်ယေရှု၏ ပြန်လည်ဖြေကြားချက်များ

က) အသက်စမ်းရေကို ပေးမယ့်အကြောင်းကမ်းလှမ်းခဲ့သည်။

ခ) သခင်ယေရှုသည် ထာဝရစီးဆင်းသော ရေကို ပေးပိုင်သောသူဖြစ်သည်

ဂ) သခင်ယေရှုသည် ထာဝရသက်စမ်းရေးကို ပေးပိုင်သူဖြစ်သည်။

 

ရှာမာရိအမျိုးသမီး၏ ကိုယ်ကျင့်တရားဆိုင်ရာပြသနာများ

၁၅ မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည်ရေငတ်ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ရေခပ်ခြင်းနှင့်၎င်း ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါဟု တောင်းလျှင်၊

၁၆ ယေရှုက၊ သွားလော့။ သင်၏လင်ကိုခေါ်၍ သည်ကိုလာဦးလော့ဟု မိန့်တော်မူ၏။

၁၇ မိန်းမကလည်း။ အကျွန်ုပ်၌လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသောစကားသည်မှန်၏။

၁၈ အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။

ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏။

၁၉ ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။ ရှင်ယောဟန် ၄း ၁၅-၁၉

၁။ သခင်ယေရှုသည် ရှာမာရိအမျိုးသမီးအား သူ့ယောက်ျားကို ခေါ်ရန် ပြောကြားလိုက်သည်။

၂။ သူမသည် ယောက်ျားမရှိကြောင်း ပြန်ဖြေဆိုလိုက်သည်။

၃။ သခင်ယေရှုသည် ပွင့်လင်း၊ယဉ်ကျေးစွာ သူမအား စကားပြောဆိုသည်။

က) သူမသည် ယောက်ျားငါးယောက်ရှိသည်။

ခ) ယခုအတူနေအမျိုးသားသည်လည်း သူမ၏ ယောက်ျားမဟုတ်ပါ။

၄။ ဤစကားများသည် ရှာမာရိအမျိုးသမီးအား အလွန်အံ့အားသင့်စေသည်။

က) အဘယ်သို့ ယုဒလူသူစိမ်းတစ်ယောက်သည် ဤမျှလောက်သူမအကြောင်း သိသနည်း။

ခ) အဘယ်ကဲ့သို့သော သူဖြစ်မည်နည်း။

 

ဘုရားသခင်သည် စစ်မှန်သောကိုးကွယ်သူကို အလိုရှိသည်

၂၀ အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည်ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊

၂၁ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်း တော်ကိုကိုးကွယ်ရမည် အချိန်ကာလရောက်ဆဲရှိ၏။

၂၂ သင်တို့သည်ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။

ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။

၂၃ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း၊ ကိုးကွယ် ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။

အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။

၂၄ ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊

နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၄း ၂၀-၂၄

၁။ ရှာမာရိအမျိုးသမီးသည် ပယောဖက်တစ်ပါးနှင့် စကားပြောဆိုနေကြောင်း နားလည်လာသည်။

၂။ စစ်မှန်သော ကိုးကွယ်ခြင်းအကြောင်း ဘယ်သူမှန်သည်ကို သူရှင်းပြနိုင်မလား။

က) ရှာမာရိလူတို့၏ ယုံကြည်ခံယူချက်

ဘုရားသခင်ကို ဂီရိဇင်တောင်ပေါ်မှာသာ ကိုးကွယ်ရသည်။

ခ) ယုဒလူတို့၏ ယုံကြည်ခံယူချက်

ဘုရားသခင်ကို ယေရုရှလင်ဗိမာန်တော်မှာသာ ကိုးကွယ်ရသည်။

၃။ သခင်ယေရှု၏ ပြန်လည်ဖြေကြားချက်

က) ဘုရားသခင်ကို ဘယ်မှာ ကိုးကွယ်ရမည်ဟူသော အကြောင်းအရာမဟုတ်။

ခ) ဘုရားသခင်ကို ဘယ်လို ကိုးကွယ်ရမည်ဟူသော အကြောင်းအရာဖြစ်သည်။

ဂ) ဘုရားသခင်ကို ကိုးကွယ်သောသူသည် နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်။

 

ဘုရားသခင်၏ မေရှာယကို ယုံကြည်ခြင်း

၂၅ မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား

အလုံးစုံတို့ကိုဘော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။

၂၆ ယေရှုကလည်း၊ သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန် ၄း ၂၅-၂၆

၁။ ရှာမာရိအမျိုးသမီးသည် မေရှေယအား ဘုရားသခင်စေလွှတ်လာမည်ဟု ယုံကြည်ထားသည်။

က) ထိုသူသည် ဘုရားသခင်ဘိသိက်ခံသူဖြစ်သည်။

ခ) ထိုသူသည် စစ်မှန်သောအရာတို့ကို သွန်သင်မည်။

၂။ သခင်ယေရှု၏ ပြန်လည်ဖြေကြားချက်များ

က) သူသည် မေရှေယဖြစ်သည်။

ခ) သူပြောသမျှသောစကားတို့သည် စစ်မှန်သောတရားများဖြစ်ကြသည်။

 

ခေါ်ဖိတ်ခြင်း

၁။ အသက်တာ၌ အပြစ်တို့ကို ဝန်ခံရန်

က) သူသည် အပြစ်မတင်၊ မရှုတ်ချသည့်အတွက် ကျေးဇူးတင်ရမည်။

ခ) ထိုမျှမက သူသည် ထာဝရအသက်ကိုပင် ကမ်းလှမ်းသေးသည်။

၂။ သခင်ခရစ်တော်ထံသို့ ချဉ်းကပ်လာခြင်း

က) သူသည် မေရှေယဖြစ်သည်ကို သိမှတ်လက်ခံခြင်းဖြင့်

ခ) သူကမ်းလှမ်းသော ထာဝရအသက်ကိုပေးမယ့် စမ်းရေလက်ခံခြင်းဖြင့်

၃။ ဘုရားသခင်ကို ကိုးကွယ်ခြင်းကို သင်ယူရန်

က) နံဝိညာဉ်နှင့်၎င်း

ခ) သစ္စာနှင့်၎င်း