“ငါတို့သည် ထိုသို့သောတရား၏အမှုကိုဆောင်ရွက်သောသူဖြစ်၍….”
နိဒါန်း
၁။ အမှုတော်ကို နားလည်သဘောပေါက်ခြင်း
က။ ပဋိညာဉ်အသစ်၏ အမှုတော်
ခ။ သန့်ရှင်းသောဝိညာဉ်တော် ပါဝင်သောအမှုတော်
ဂ။ ဧဝံဂေလိတရားတော်၏ အမှုတော်
ဃ။ အသင်းတော်၏ အမှုတော်
၂။ စိန်ခေါ်ချက်
က။ အမှုတော်ကို နားလည်သဘောပေါက်ရန်ဖြစ်သည်။
ခ။ သင့်တော်လျောက်ပတ်စွာ တုန့်ပြန်ရန်ဖြစ်သည်။
အမှုတော်၌ ဆက်ကပ်ခြင်း
၁။ ထိုကြောင့် ငါတို့သည် ထိုသို့သောတရား၏ အမှုကိုဆောင်ရွက်သောသူဖြစ်၍
ကရုဏာကျေးဇူးတော်ကိုခံရသည်နှင့်အညီ၊ အားလျော့စိတ်ပျက်ခြင်း နှင့်ကင်းလွတ်ြက်၏။
၂။ ဆိတ်ကွယ်ရာအရပ်၌ ပြုသောရှက်ဖွယ်သောအမှုများကိုပယ်ကြ၏။
ပရိယာယ်ကိုမသုံး၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ထိမ်ဝှက်မှောက်လှန်ခြင်းမရှိ၊ သမ္မာတရားကို
အတည့်အလင်းဖော်ပြ၍ ဘုရားသခင်ရှေ့တော်၌ လူအပေါင်းတို့၏စိတ်ထင်အတိုင်း ချီးမွမ်းဖွယ်သော အကျင့်ဓလေ့ကို ကျင့်ကြ၏။ ၂ ကော ၄း ၁-၂
၁။ မှန်ကန်သော ချဥးကပ်ခြင်း
က။ ကရုဏာကျေးဇူးတော်ကို ခံရသည်နှင့်အညီ
ခ။ အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်၏။
၂။ တစ်ဦးချင်းနှင့်ဆိုင်သော ချဉ်းကပ်ခြင်း
က။ မှားယွင်းသောအရာနှင့် လောကီဆန်သောအရာများတို့ကို ငြင်းပယ်၏။
ခ။ နည်းပရိယာယ်တို့ကို ငြင်းပယ်၏။
၃။ အကျိုးကြီးမားသော ချဉ်းကပ်ခြင်း
က။ သမ္မာတရားကို အတည့်အလင်းဖောပြခြင်း။
ခ။ လူတို့၏ စိတ်အထင်(အသိတရား) ကိုသတိထားခြင်း
ဝိညာဉ်ရေး၌ ယေဘုယအနှောင့်ယှက်တားဆီးများ
၃။ ငါတို့ဟောပြောသောဧဝံဂေလိတရားသည် ဖုံးအုပ်လျက်ရှိလျင်၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အားသာ ဖုံးအုပ်လျက်ရှိ၏။
၄။ ထိုသို့မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဍာန်တော်တညိးဟူသော ခရစ်တော်၏ဘုန်း အသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည်
အလင်းကိုမပေးစေခြင်းဌါ၊ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏။ ၂ ကော ၄း ၃-၄
၁။ ဟောပြောသော ဧဝံဂေလိတရား၏ အဓိကကျသော အမှန်တရားများ
က။ ဧဝံဂေလိတရား၏ အလင်း
ခ။ သခင်ယေရှုခရစ်၏ဘုန်းအသရေတော်၏ အလင်း
ဂ။ သူသည် ဘုရားသခင်၏ပုံသဏ္ဍာန်ဖြစ်၏။
၂။ စာတန်၏ စိန်ခေါ်ချက်
က။ လူ၏ဉာဏ်မျက်စိသည် ဤလောကကိုအစိုးရသောဘုရားသည် ကွယ်စေ၏။
ခ။ ဧဝံဂေလိတရားတော်သည် ဖုံးအုပ်လျက်ရှိ၏။
ဂ။ မယုံကြည်ခြင်းသည် အနိုင်ယူနိုင်သည်။
ဃ။ ဧဝံဂေလိတရားတော်ကို ငြင်းပယ်၍၊ လူများတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြ၏။
ဘုရားသခင်၏ မိန့်တော်မူချက်
၅။ ငါတို့သည် ကိုယ်အကြောင်းကိုဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်းကို၎င်း၊
ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန်ဖြစ်ကြောင်းကို၎င်း ဟောပြောကြ၏။
၆။ မှောင်မိုက်ထဲကအလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်၏မျက်နှာ၌ ထွန်းလင်းသော
ဘုရားသခင်၏ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်ကိုပေးလိုဌါ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူ၏။ ၂ ကော ၄း ၅-၆
၁။ မှောင်မိုက်ထဲကအလင်းထွန်းလင်းမည်အကြောင်း ဘုရားသခင်သည် မိန့်တော်မူ၏။
က။ သခင်ယေရှုသည် ဤလောက၏အလင်းဖြစ်တော်မူ၏။
ခ။ မှောင်မိုက်ကို ပပျေက်စေရန် ကြွလာတော်မူ၏။
ဃ။ အဘယ်သို့ဆောင်ရွက်ခဲ့သည်ဟူမူကား၊
၁။ ဟောပြောခြင်း
၂။ သွန်သင်ခြင်း
၃။ အနာရောဂါငြိမ်းစေခြင်း
၄။ ဧဝံဂေလိတရားတော်အတိုင်းအသက်ရှင်ခြင်း
၂။ တစ်ဦးချင်းနှင့်ဆိုင်သောထိရောက်မှု
က။ အလင်းသည် ငါတို့၏စိတ်နှလုံး၌ အရင်ထွန်းလင်းရမည်။
ခ။ မှောင်မိုက်သည် ပပျေက်ခြင်းခံရမည်။
၃။ အမှုတော်၌ အကျိုးဆက်များ
က။ ငါတို့သည် ကိုယ်အကြာင်းဟောပြောတော်မူသည်မဟုတ်။
၁။ အတ္တမာနမဟုတ်။
၂။ ကိုယ်၏ဂုဏ်နာမည်ကျော်စောခြင်းမပြု။
ခ။ ငါတို့သည် ခရစ်တော်၏အစေခံကျွန်ကဲ့သို့ အသက်ရှင်ကြ၏။
၁။ ငါတို့သည် အစေခံသည်။
၂။ ဤအရာသည် တစ်သက်စာအတွက်ဆက်ကပ်ခြင်းအပ်နှံခြင်းဖြစ်သည်။
ဂ။ ငါတို့သည် သခင်ယေရှုကို ဟောပြောကြ၏။
၁။ သူ့အသက်တာ
၂။ သူ့အမှုတော်လုပ်ငန်းများ
၃။ သူ့သွန်သင်ချက်များ
နိဂုံး
၁။ စိတ်သဘောပြန်လည်သက်ဝင်နိုးကြားခြင်း။
၂။ ဆက်ကပ်အပ်နှံခြင်းအား အသစ်ပြုပြင်ခြင်း။
၃။ သခင်ဘုရားထံလှည့်ပြန်ခြင်း။