Bethany Independent Presbyterian Church

Myanmar

ငါတို့သခင်ယေရှုခရစ်၏ စကား ၁ တိမောသေ ၆

ငါတို့သခင်ယေရှုခရစ်၏ စကား ၁ တိမောသေ ၆


နိဒါန်း

၁။ သခင်ယေရှုခရစ်တော်၏ သွန်သင်ချက်

က) ခရစ်ဝင်ကျမ်းများထဲမှာ ဖော်ပြထားသည်။

ခ) တပည့်တော်များကို လေ့ကျင့်သင်ကြားပေးသည့် အရေးပါသောအချက်ဖြစ်သည်။

၂။ တမန်တော်များ၏ ပေးစာများ

က) ဤအရာမ်ားသည္လည်း အရေးပါသည်။

ခ) ဂရုစိုက်ပြီး လေ့လာရမည်။

၃။ ပတ်သက်ဆက်နွယ်မှုရှိခြင်း

က) ခရစ်ဝင်ကျမ်းများနှင့် သြဝါဒပေးစာများတို့အကြား ဆက်နွယ်မှုရှိသည်။

ခ) ၎င်းတို့သည် မည်သို့မည်ပုံ ဆက်စပ်မှုရှိသည်ကို လေ့လာရန် လိုအပ်သည်။

 

သခင်ယေရှု၏ သွန်သင်ချက်များကို ကိုးကားခြင်း

3 ခြားနားသောဩဝါဒကိုသင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကို၎င်း၊

ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကို၎င်း ဝန်မခံသောသူ မည်သည်ကား၊

4 မာနနှင့်ယစ်မူး၍ အလျှင်နားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသော အားဖြင့် စိတ်ပေါ့သောသူဖြစ်၏။

ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊

5 စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသော သူတို့ အချည်းနှီးဆွေးနွေးခြင်းဖြစ်တတ်၏။

ဘုရားဝတ်၌ မွှေ့လျော်ခြင်းသည် အကျိုး စီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။

၁။ မှားယွင်းသောဆရာများ

က) သူတို့သည် ခြားနားသောသြဝါဒများကို သင်ပေးသည်။

ခ) သူတို့၏ သွန်သင်ချက်များသည် သခင်ယေရှုခရစ်တော်၏ သွန်သင်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

၂။ ရွှေစံနှုန်း

က) စင်ကြယ်သောစကား

ခ) သခင်ယေရှုခရစ်၏ စကား

ဂ) ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီဖြစ်သော သြဝါဒ

၃။ မှားယွင်းသောဆရာများ လက္ခာဏာ

က) မာနနှင့်ယစ်မူးသည်။

ခ) အလျှင်းနားလည်ခြင်းမရှိ

ဂ) ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားငြင်းခုံခြင်းများကိုသာ စိတ်ထဲစွဲနေသည်။

ဃ) ထိုလက္ခာဏာများမှာ

၁) ငြုစူခြင်း၊

၂) ရန်တွေ့ခြင်း၊

၃) သူ့အသရေကို ရှုတ်ချခြင်း၊

၄) မနာလိုသောကြံစည်ခြင်း၊

၅) စိတ်နှလုံးယိုယွင်း၍ သမ္မာတရားဖြင့် ကင်းသောသူတို့၏ အချည်းနှီးဆွေးနွေးခြင်း ဖြစ်တတ်သည်။

၆။ ဘုရားဝတ်၌ မွေ့လျော်ခြင်းက အကျိုးစီးပွားဖြစ်သည်ဟု ယူဆကြသည်။

၄။ ပညာရှိသောသူ၏ ဆုံးမစကား

က။ ထိုသူတို့ကို ရှောင်ပါ။

ခ) ဤအရာသည် လက်တွေ့ကျသောပညာဖြစ်သည်။

 

မှားယွင်းသော သွေးဆောင်လှည့်စားခြင်းများမှ ရှောင်ထွက်ပါ

6 ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွါးမှန်၏။

7 အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊

ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။

8 သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။

9 ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီး တတ်သော

တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။

10 အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ် သတည်း။

လူအချို့တို့သည်ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။

11 သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့် ခြင်း၊

ဘုးရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့။

12 ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက် လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။

ထိုအသက်ကိုရမည်အကြောင်း၊ သင်သည်ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ကောင်းမွန်စွာ ဝန်ခံပြီ။

၁။ မှားယွင်းသော လိုက်စားမှုများကို ရှောင်ပါ

က) ချမ်းသာလိုစိတ်

ခ။ ပြဿနာများစွာသည် ချမ်းသာလိုစိတ်နှင့် ဆက်စပ်နေသည်။

၁) အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊

၂) မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများ

၃) များစွာသောလူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြသည်။

ဂ) ငွေကို တပ်မက်ခြင်း

၁) မကောင်းမှုအပေါင်းတို့တွင် မူလအမြစ်

၂) လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမျှ လွှဲသွားကြသည်။

၃။ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြသည်။

၂။ မှန်ကန်သောအရာတို့ကို မှီအောင်လိုက်ပါ

က) ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်း။

ခ) ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။

ဂ) ခေါ်တော်မူခြင်းခံရသည့်အတိုင်း ထာဝရအသက်ကို ကိုင်ယူလော့။

ဃ) သက်သေအများတို့ရှေ့၌ ကောင်းမွန်စွာဝန်ခံပြီ။

 

သခင်ယေရှုခရစ်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း

13 ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊ သင်သည်အညစ်အကြေးနှင့်

ကင်းစင်၍ အပြစ်တင်ခွင့် မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊

14 အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင်ရှေ့မှာ၎င်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသော ဝန်ခံခြင်းဘက်၌

သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာ၎င်း၊ ငါသည်သင့်ကိုပညတ်ထား၏။

15 မရဏနှင့်ကင်းလွတ်သော သူတပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေသော

နေတော်မူထသော အဘယ်သူမျှ မမြင်ဘူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာ ရှိသော တပါးတည်းသော အရှင်ဖြစ်တော်မူထသော၊

ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။

16 ထိုဘုရား သခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

၁။ သခင်ယေရှုခရစ်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို ရည်ညွန်းသည်။

က) ပုန္တိပိလတ်မင်းရှေ့တွင် ကောင်းမွန်စွာ ဝန်ခံသော သခင်ယေရှုနှင့် သူ၏ပုံသက်သေ

၁) ပုန္တိပိလတ်မင်းက ဤသူ၌ အပြစ်ကို ငါမတွေ့ ဟု ဆိုခဲ့သည်။ ယောဟန် ၁၈း၃၈

၂) ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခခြင်းငှါ သူ့ကို

သင်တို့ရှိရာသို့ ငါထုတ်ပြသည်ဟု ဆို၏။ ယောဟန် ၁၉း၄

ခ) သခင်ယေရှု၏ ပြန်လည်ကြွလာခြင်း

၁) ကျွန်တော်တို့ သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူခြင်း

၂) သူသည် မိမိအချိန်၌ ထင်ရှားလိမ့်မည်။

ဂ) သခင်ယေရှုခရစ်တော်ကို ကိုးကွယ်ဆည်းကပ်ခြင်း

၁) မင်္ဂလာရှိသော တစ်ပါးတည်းသောအရှင်

၂) ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်

၃) မရဏာနှင့် ကင်းလွတ်သောသူ တစ်ပါးတည်းဖြစ်တော်မူသော

၄) အဘယ်သူမျှ မမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူ၍ အဘယ်သူမျှ မချဉ်းကပ်နိုင်သည့် အလင်းထဲ၌ နေတော်မူသော

၅) ထာဝရဂုဏ်အသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

 

စိန်ခေါ်ချက်

၁) သမ္မာကျမ်းစာ၏ တည်ရှိရာ

က) သူတို့က သခင်ယေရှုကို ညွန်ပြသည်။

ခ) သူတို့သည် ကျွန်တော်တို့အတွက် မှန်ကန်သောအသက်တာပုံရိပ်ကို ရေးဆွဲပေးသည်။

၂။ မှန်ကန်၍ အဓိပ္ပါယ်ရှိသော အသက်တာကို မှီအောင်လိုက်ခြင်း

က) မှားယွင်းသောသွန်သင်ချက်များကို ငြင်းပယ်ကြရအောင်။

ခ) သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့၏ ကနဦးယုံကြည်ခြင်းဆီသို့  ပြန်သွားကြရအောင်။