Bethany Independent Presbyterian Church

Myanmar

ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် (ဧဖတ် ၁း ၁၆)

ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက် (ဧဖတ် ၁း ၁၆)



(၅၀) နှစ်မြောက် နှစ်ပတ်လည် အစီအစဉ်

နီဒါန်း

၁။ အသင်းတော် ဗေဒ

က။ သခင်ယေရှုကိုယ်တိုင် အသင်းတော်ကို တည်ထောင်ဖို့ ဆက်ကပ်ခဲ့သည် (မသဲ ၁၆း၁၈)

ခ။ သူသည် အသင်းတော်၏ အသက်နှင့် လိုအပ်ချက်များ ပေးခဲ့သည် (ဧဖတ် ၁)

၂။ အသင်းတော် တိုးပွားလာခြင်း

က။ အချိန်း

၅၀ နှစ်

ခ။ လူသားများ

ရာနဲချီပြီး အံ့သြဖွယ် ညီအစ်များ ပါဝင်သည်

 

နှစ် (၅၀)အတွင်း ခေါင်းချီးမင်္ဂလာများ ဆင်ခြင်ခြင်း

၁။ ချီးမွမ်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း

က။ ဓမ္မမင်္ဂလာအမျီုးမျီူးနှင့် ခေါင်းချီးပေးခြင်း

3 ငါတို့သည်ဘုရားသခင့်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း

4 ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက် တော်မူသည်နှင့်အညီ။ ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို

ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ (ဧဖတ် ၁း၃-၄)

၁။ ဓမ္မမင်္ဂလာအမျီုးမျီူးကို ကတိပေးသည်

၂။ ဓမ္မမင်္ဂလာအမျီုးမျီူးကို ထင်းရှားစေသည်

 

ခ။ တန်ဖို့ရှိတဲ့ အဖြစ်များအတွက် ဘုရားသခင်းအား ကျေးဇူးတော်ချီးမွမ်းခြင်း

3 ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊

4 ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့သောအခါခါ၊

5 သင်တို့သည် ရှေ့ဦးစွာ သောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့်၊

ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ (ဖီလိ ၁း ၃-၅)

 

၃။ မြေတပြည်လုံးအနှံ့ ကျော်စောတဲ့ ယုံကြည်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း

8 သင်တို့၏ယုံကြည်ခြင်းအရာသည် မြေတပြင်လုံး၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍၊

သင်တို့ အကြောင်းကြောင့် ယေရှုခရစ်အားဖြင့်၊ ငါ၏ဘုရား သခင်ကျေးဇူးတော်ကို ရှေးဦးစွာ ငါချီးမွမ်း၏။ (ရောမ ၁း ၈)

က။ ယုံကြည်ခြင်း ပိုင်ဆိုင်ခွင့်

ခ။ ကမ်းတစ်ဖတ်ထိရောက်နေသော ယုံကြည်ခြင်း

 

၄။ ကျေးဇူးတော်၌ပေးထားသော ဆုများအတွက် ကျေးဇူးတော်ချီးမွမ်ခြင်း

4 အထက်ခရစ်တော်၏ သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊

5 သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြ သည်ဖြစ်၍၊

6 ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊

သင်တို့ အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။

7 ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မြော်လင့်၍နေစဉ်၊

ဆုတော် တစုံတခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။ (၁ ကော ၁း ၄-၇)

က။ ကျေးဇူးတော်

ခ။ ကြွယ်ဝခြင်း

ဂ။ ဆုတော် တစုံတခုမျှ မလျော့

 

၅။ အသီးသီးခြင်းများအတွက် ဘုရားအား ကျေးဇူးချီးမွမ်းခြင်း

3 သင်တို့သည် ယေရှုခရစ်ကိုယုံကြည်၍၊ သန့်ရှင်းသူအပေါင်းတို့ကို ချစ်ကြသည်ဟု ငါတို့သည် ကြားသဖြင့်၎င်း၊

4 သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို သင်တို့သည်အထက်က ကြားသိကြသည် အတိုင်း၊

သင်တို့ အဘို့ကောင်းကင်ဘုံ၌ သိုထားသော မြော်လင့်ရာကို ထောက်သဖြင့်၎င်း၊ သင်တို့အဘို့ အစဉ်မပြတ် ဆုတောင်း၍၊

5 ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်တည်းဟူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြ၏။

6 ထိုတရားသည် လောကီနိုင်ငံတရှောက်လုံးကို နှံ့ပြားသည်နှင့်အညီ၊ သင်တို့ရှိရာသို့ ရောက်ခဲ့ပြီ။

သင်တို့၌ အသီးသီးခြင်း၊ တိုးပွါးခြင်းကို ပြုသည်နည်းတူ အရပ်ရပ်၌ပင် ပြုတတ်၏။ (ကောလော ၁း ၃-၆)

က။ ယုံကြည်ခြင်း

ခ။ မေတ္တာ

ဂ။ မျော်လင့်ခြင်း

ဃ။ အသီးသီးခြင်း

 

၆။ အလွန်တိုးပွားသည့် ယုံကြည်ခြင်းအတွက် ကျေးဇူးချီးမွမ်းခြင်း

3 ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွါး၍၊ လူတိုင်းအသီးသီးတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်ဖြစ်၍

ငါတို့သည် ပြုသင့်သည်အတိုင်း သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။ (၂ သက် ၁း ၃)

က။ ဘုရားသခင်အား ကျေးဇူးချီးမွမ်းခြင်းအမှူပြူသင့်သည်

ခ။ အကြောင်းမှာ ယုံကြည်ခြင်းသည် အလွန်တိုးပွားသည်

ဂ။ မေတ္တာနှင့်လည်း ပြည့်ဝကြသည်

 

၇။ သစ္စာရှိသောသူ တစ်ဦးချင်းအတွက် ဘုရားသခင်အား ကျေးဇူးချီးမွမ်းခြင်း

4 သင်သည်သခင် ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊

5 ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဘို့ အလိုငှါ ဆုတောင်းပဌနာ ပြုလျက်နေ၏။

6 ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊

သူတပါးတို့ သည် ယေရှုခရစ်အဘို့အလိုငှါ ငါတို့၌ ကောင်းသောအရာ ရှိသမျှတို့ကို ဝန်ခံမည်အကြောင်း ဆုတောင်း ပဌနာပြု၏။

7 အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊

သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ၏။ (ဖိလေမုန် ၄-၇)

က။ တစ်ဦးအပေါ်တစ်ဦး မိတ်ဖွဲ့ခြင်း၌

ခ။ ထောက်ရှုရမည့် အရာများ

၁။ မေတ္တာ

၂။ ယုံကြည်ခြင်း

၃။ ယုံကြည်ခြင်းကို ဝေငှခြင်း

ဂ။ အလွန်ဝမ်းမြောက်ခြင်းနှင့် သင်တို့မေတ္တာ၌ ခိုင်ခံ့ခြင်း

ဃ။ သန့်ရှင်းသူတို့၏ နှလုံးသားတို့အား ရွှင်လန်းစေခြင်း

 

၂။ အနာဂတ်အတွက် မျော်လင်းခြင်းနှင့် ဆုတောင်းခြင်း

9 ငါသည်အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသောအရာတို့ကို ပိုင်းခြား စေခြင်းငှါ ဉာဏ်ပညာအမျိုးမျိုးရှိလျက်၊

10 မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကို၎င်း၊

11 ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏

နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက်၊ တိမ်းလဲခြင်းအမှုနှင့် ကင်းလွတ်လျက်ရှိမည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။ (ဖီလိ ၁း ၉-၁၁)

၁။ မေတ္တာပါရမီတိုးပွား၍

၂။ ခြားနားသောအရာတို့ကို ပိုင်းခြားဖို့ ဉာဏ်ပညာအမျိုးမျိုး

၃။ ထင်ရှားသော အရားတို့ကို သဘောတူလက်မှထ်ထိုးခြင်း

၄။ ခရစ်တော် ပြန်လာနေ့အထိ အမှားမရှို ရိုးသားေါ

၅။ သခင်ယေရှုခရစ်တော်မှ ဖြောင့်မတ်ခြင်းအသီးများဖြင့် ပည့်ဝခြင်း

၆။ ဘုရားသခင်ကို ချီးမွမ်းခြင်းနှင့် ဘုန်းထင်းရှားစေ

 

နိဂုံး

20 ထာဝရပဋိညာဉ်တရား၏ အသွေးတော်အားဖြင့်၊ သိုးများကိုထိန်းသော

သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်၊

21 မိမိနှစ်သက်တော်မူသော အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍၊ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း၊

ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကိုပြုပြင်တော်မူပါစေသော။

ထိုသခင် ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (ဟေဗြဲ ၁၃း ၂၀-၂၁)