Bethany Independent Presbyterian Church

Myanmar

ကျမ်းစာလာသည်ကား မသဲ ၄း၁-၁၁

ကျမ်းစာလာသည်ကား မသဲ ၄း၁-၁၁


နိဒါန်း

၁။ ၂၀၂၃ အတွက်တရားဟောချက်များ

က။ ခမည်းတော်ဗေဒ (ဇန်နဝါရီလ- ဖေဖေါ်ဝါရီလ ၂၀၂၃)

ခ။ ခရစ်တော်ဗေဒ (မတ်လ- ဧပြီလ ၂၀၂၃)

ဂ။ ဝိညာဉ်တော်ဗေဒ (မေလ-ဇွန်လ ၂၀၂၃)

ဃ။ အသင်းတော်ဗေဒ (ဇူလိုင်- သြဂုတ်လ ၂၀၂၃)

င။ သမ္မာကျမ်းစာဗေဒ (စက်တင်ဘာလ- အောက်တိုဘာလ ၂၀၂၃)

စ။ ကယ်တင်ခြင်းဗေဒ (နိုဝင်ဘာလ- ဒီဇင်ဘာလ ၂၀၂၃)

၂။ သမ္မာကျမ်းစာဗေဒ

က။ ကျမ်းစာ သွန်သင်ခြင်း

ခ။ ကျမ်းစာ မှန်ကန်စွာနားလည်ခြင်းသည် အလွန်အရေးကြီးပါသည်။

၃။ ကျွနု်ပ်တို့၏ ချဉ်းကပ်ခြင်း

က။ သခင်၏ ကျမ်းစာအမြင်ကို လေ့လာရန်ဖြစ်သည်။ (စက်တင်ဘာလ ၂၀၂၃)

ခ။ တမန်တော်များ၏ ကျမ်းစာသွန်သင်ခြင်းလေ့လာရန်ဖြစ်သည်။ (အောက်တိုဘာလ ၂၀၂၃)

 

သခင်ယေရှု၏ ပထမစုံစမ်းသွေးဆောင်ခံခြင်း

၁။ ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဥတော်သည် ယေရှုကိုတောသို့ ပို့ဆောင်တော်မူ၏။

၂။ ယေရှုသည် ရက်လေးဆယ်ပတ်လုံး အစာအဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ရောက်တော်မူ၏။ မသဲ ၄း ၁-၂

၁။ နောက်ခံအကြောင်းအရာ

က။ သခင်ယေရှု လူထုအမှုတော်မြတ် စတင်ခြင်း

ခ။ ဝိညာဉ်တော်၏တောသို့ပို့ဆောင်ခြင်းခံရသည်။

ဂ။ ဝိညာဉ်ရေးတွက်ကြီးမားသောအစာရှောင်ခြင်းကို ရက်ပေါင်းလေးဆယ်ပတ်လုံးအချိန်ယူခဲ့သည်။

၂။ တိုက်ပွဲ

က။ မာရ်နတ်သည် သခင်ယေရှုအား သွေးဆောင်ဖို့ကြိုးစားလိမ့်မည်။

ခ။ မာရ်နတ်၏ သွေးဆောင်ခြင်းအလုံးစုံအား သခင်ယေရှုသည် အောင်မြင်ကျော်ဖြတ်ရန်ဖြစ်သည်။

၃။ စိန်ခေါ်ချက်

ထိုအခါစုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊

ဤကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းဌါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။ မသဲ ၄း၃

က။ ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်လျှင်၊

ခ။ ကျောက်ခဲတို့ကို မုန့်ဖြစ်စေခြင်းဌါ မိန့်တော်မူနိုင်စွမ်းရှိတော်မူ၏။

ဂ။ စုံစမ်းသွေးဆောင်ခြင်း။ ။

၁။ ယုတ္တိရှိဟန်ရှိ၏။

၂။ သင့်တော်လျက်ကောင်းဟန်ရှိ၏။

၃။ မှားယွင်းခြင်းရှိဟန်လုံးဝမရှိ။

၄။ သခင်၏ တုန့်ပြန်ချက်

ယေရှုကလည်း၊ လူသည်မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။

ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ မသဲ ၄း၄

က။ ကျမ်းစာကူးကားရည်ညွှန်းခြင်းပြုသည်။

ခ။ ဘုရားသခင်၏ နုတ်ထွက်စကားအာရုံစိုက်ခြင်းသည် အလွန်အရေးကြီးပါသည်။

ဂ။ လူသည် ဘယ်အရာအားဖြင့် အသက်မွေးရမည်နည်း။

၁။ မုန့်အားဖြင့်သာမဟုတ်။

၂။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်အသက်ကိုမွေးရမည်။

 

သခင်ယေရှု ဒုတိယအကြိမ် စုံစမ်းသွေးဆောင်ခံရခြင်း

၅။ ထိုအခါမာရ်နတ်သည် သန့်ရှင်းသောမြို့သို့ဆောင်သွား၍ဗိမာန်တော်၏အထွဋ်၌တင်ထားလျှင်၊

၆။ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဖို့မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကို ကျောက်နှင့်မထိခိုက်စေခြင်းဌါ သူတို့သည်သင့်ကို

လက်နှင့်မစချီပင့်ကြလိမ့်ဟုလာ၏။ ထို့ကြောင့် ဘုရားသခင်၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။ မသဲ ၄း ၅-၆

၁။ မာရ်နတ်၏ ကောက်ကျစ်စဉ်းလဲခြင်း

က။ သခင်ယေရှုကျမ်းစာကိုးကားသကဲ့သို့

ခ။ စာတန်သည်လည်း ကျမ်းစာကိုးကား၏။

၂။ စိန်ခေါ်ချက်

က။ သခင်ယေရှုသည် ဗိမာန်တော်၏အထွဋ်မှ ကိုယ်ကိုအောက်သို့ချလျှင်၊

ခ။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည် သူ့ကို မထိခိုက်စေခြင်းဌါ မစချီပင့်မည် မဟုတ်လော။

၃။ သခင်ယေရှု၏ တုန့်ပြချက်

ယေရှုကလည်း သင်၏ဘုရားသခင်ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရ ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။ မသဲ ၄း၇

က။ လူသည် ဘုရားသခင်ကို အစုံအစမ်းမပြုရ။

ခ။ လူသည် မိုက်ရူးရဲဆန်စွာပြုပြီး၊ ဘုရားသခင်၏ကယ်နုတ်ခြင်းကို မမျှေင့်လင့်သင့်ပေ။

ဂ။ တစ်ဖန်တုံ၊ သခင်ယေရှုသည် ကျမ်းစာကို ထိရောက်စွာကိုးကားပြန်၏။

 

သခင်ယေရှုတတိယအကြိမ်စုံစမ်းသွေးဆောင်ခံရခြင်း

၈။ တစ်ဖန် မာရ်နတ်သည် ယေရှုကိုအလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်သွား၍

ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့၎င်း၊ ထိုတိုင်းငံတို့၏ ဘုန်းစည်းစိမ်ကို၎င်း ပြညွှန်၍၊

၉။ ကိုယ်တော်သည်ငါ့ကိုညွတ်ပျပ်ကိုးကွယ်လျှင်ယခုပြလေသမျှတို့ကိုငါပေးမည်ဟုဆိုလေ၏။ မသဲ ၄း ၈-၉

၁။ မာရ်နတ်၏ ပွင့်လင်းသော ချဉ်းကပ်ခြင်း

က။ သူသည် သခင်ယေရှုကို ဤလောက၏ တိုင်းနိုင်ငံတို့ကို ပေး၏။

ခ။ ထိုတိုင်းငံတို့၏ ဘုန်းစည်းစိမ်ကိုလည်း ပြညွှန်၍ ကတိပေး၏။

ဂ။ သခင်ယေရှုလုပ်ရမည့်တာဝန်သည် ကိုယ်ကိုညွှတ်၍၊ မာရ်နတ်အားပျပ်ဝပ်ကိုးကွယ်ဖို့ဖြစ်သည်။

၂။ သခင်ယေရှု၏ တုန့်ပြန်ချက်

ယေရှုကလည်း အချင်းစာတန်၊ငါ့နောက်သို့ဆုတ်လော့။ သင်၏ ထာဝရဘုရားသခင် ထာဝရဘုရားကိုကိုးကွယ်ရမည်။

ထိုဘုရားသခင်ကိုသာဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။မသဲ ၄း၁၀

က။ တတိယနှင့်နောက်ဆုံးကြိမ်အဖြစ်၊ သခင်ယေရှုကလည်း၊ ကျမ်းစာလည်ဟုမိန့်တော်မူပြန်၏။

ခ။ ဝတ်ပြုကိုးကွယ်ရမည့် ပုဂ္ဂိုလ်တစ်ပါးတည်းရှိ၏။

ဂ။ ထိုပုဂ္ဂိုလ်သည် စာတန်မဟုတ်။

 

နိဂုံး

၁။ ကျမ်းစာအာရုံစိုက်ခြင်းသည် အလွန်တရာအရေးကြီးပါ၏။

၂။ ကျမ်းစာရည်ညွှန်းကိုးကားခြင်း-

က။ ရှင်းလင်း၏။

ခ။ မှန်ကန်၏။

ဂ။ အတင်းအကျပ်လုပ်ရမည်။

ဃ။ ပြည့်စုံခိုင်လုံသောအရာဖြစ်၏။

၃။ ကျွနု်ပ်တို့၏ စိန်ခေါ်ချက်သည် သန့်ရှင်းသောနှုတ်ကပတ်တော်ကို မှန်ကန်စွာအာရုံစိုက်ခြင်းရှိဖို့ဖြစ်ပါသည်။