Bethany Independent Presbyterian Church

Myanmar

ကျမ်းစာရှိသမျှသည် ဘုရားသခင်အသက်မှုတ်သွင်းသောအားဖြင့်ဖြစ်၏။ ၂ တိ ၃

ကျမ်းစာရှိသမျှသည် ဘုရားသခင်အသက်မှုတ်သွင်းသောအားဖြင့်ဖြစ်၏။ ၂ တိ ၃



နိဒါန်း

၁။ ကျမ်းစာအားသင့်လျော်သောအာရုံစူးစိုက်ခြင်း။

က။ သခင်ယေရှုအားပုံသက်သေပြခဲ့သည်။

၁။ ကျမ်းစာလာသည် မသဲ ၄း၄

၂။ ပညတ္တိကျမ်းကို ပြည့်စုံစေခြင်းဌါ မသဲ ၅း ၁၇

ခ။ တမန်တော်များသည် အသေးစိတ်ရှင်းပြခဲ့သည်

၁။ သူတို့သည် ကျမ်းစာ ကူးကားသည်။

၂။ သူတို့သည် ကျမ်းစာကို ရှင်းလင်းစေသည်။

၂။ အသင်းတော် ပြသနာ

က။ မှားယွင်းသော ဆရာများ

ခ။ မှားယွင်းသော သွန်သင်ချက်များ

ဂ။ မှားယွင်းသော ညီအစ်ကိုများ

 

ခိုင်မာသော သတိပေးစကား

၁။ နောင်ကာလသည် ခဲယဉ်းသောခေတ်ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊

၂။ လူတို့သည်ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊

သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊

၃။ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊

ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊

၄။ သစ္စာကိုဖျက်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊

ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌ မွေ့လျော်ယောင်ဆောင်၍၊

၅။ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။

၆-၇။ ဒုစရိုက်အပြစ်ဝန်ကို ထမ်ူရွက်၍ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာသို့လိုက်၍ အစဉ်သင်သော်လည်း၊

သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျင်းမရောက်နိုင်သော မိန်းမမိုက်တို့ကိုအိမ်ထဲသို့ဝင်၍ ဖမ်းသွားသောသူတို့သည် ထိုသူတို့အဝင်ဖြစ်ကြ၏။

၈။ ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ၏။

၉။ ထိုသူနှစ်ယောက်တို့၏မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာထင်ရှားသကဲ့သို့ ဤသူတို့၏မိုက်မဲခြင်းသည်လည်းထင်ရှားလိမ့်မည်။

သို့ဖြစ်၍ သူတို့သည်တိုး၍လွန်မသွားရ။ ၂ တိ ၃း ၁-၉

၁။ ခဲယဉ်းသော ကာလ

က။ တိမောသေအဖို့ အနာဂါတ်ဖြစ်၏။

ခ။ ကျွနု်ပ်တို့အဖို့ ပစ္စုပ္ပန်ကာလဖြစ်၏။

၂။ အန္တာရာယ်ရှိသောပုဂ္ဂိုလ်များ၏ ပုံရိပ်

က။ ရိုးရှင်းသော ဖော်ပြချက်

၁။ လိူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူဖြစ်လိမ့်မည်။

၂။ ငွေကိုတပ်မက်သောသူ၊

၃။ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊

မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊

၄။ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊

ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊

၅။ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊

ဘုရားသခင်ကိုနှစ်သက်သည်ထက်ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊

၆။ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ၊ ထိုသူတို့ကိုရှောင်လော့။

၇။ အစဉ်သင်သော်လည်း၊ သမ္မာတရားကိုလေ့ကျက်ခြင်းသို့အလျင်းမရောက်နိုင်။

၈။ သူတို့သည် တိုး၍လွန်မသွား။

၉။ သူတို့မိုက်မဲခြင်းသည် ထင်ရှားလိမ့်မည်။

 

သစ္စာရှိသော နောက်လိုက်သူ

၁၀-၁၁။ ငါ ဆုံးမသြဝါဒပေးခြင်း၊ အကျင့်ကျင့်ခြင်း၊ ကြံစည်ခြင်း၊ သစ္စာစောင့်ခြင်း၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်းတို့ကို၎င်း၊

အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့၌ငါခံရသကဲ့သို့၊ အရပ်ရပ်တို့၌ခံရသောညှင်းဆဲခြင်း၊ ဒုက္ခဆင်းရဲခြင်းကို၎င်း၊ သင်သည်ရှာဖွေနာလည်းရပြီ။

ထိုသို့သောအမှုတို့ကို ငါတွေ့ရသော်လည်း၊ တွေ့သမျှတို့မှသခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။ ၂ တိ ၃း ၁၀-၁၁

၁။ တိမောသေသည် ရှင်ပေါလုအဖို့ သစ္စာစောင့်သောသူဖြစ်သည်။

၂။ သူသည်သစ္စာရှိသောကြောင့်သူ့အသက်နှင့်သာသနာသည် ပို၍လေးနက်မှုရှိခဲ့သည်။

၁၂။ ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ့လျော်၍ နေခြင်းဌါအလိုရှိသောသူအပေါင်းတို့သည် ညှင်းဆဲခြင်းကိုခံလိမ့်မည်။

၁၃။ ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကို၎င်း၊ က်ုယ်ကိုကိုယ်၎င်း လှည့်ဖြား၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွါးကြလိမ့်မည်။ ၂ တိ ၃း ၁၂-၁၃

၁။ တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ့လျော်သောသူတို့သည် ညှင်းဆဲခြင်းခံလိမ့်မည်။

၂။ ဘုရားဝတ်၌မမွေ့လျော်သောသူ

က။ ဆိုးညစ်သောသူ

ခ။ လှည့်ဖြားသောသူ

ဂ။ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွါးကြလိမ့်မည်။

ဃ။ ကိုယ်ကိုကိုယ်လှည့်ဖြားသောကြောင့် သူတစ်ပါးကိုလှည့်ဖြားလိမ့်နည်။

 

ဆက်လက်လုပ်ဆောင်ရန်စိန်ခေါ်ချက်

၁၄-၁၅။ သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းအလိုဌါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို

ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍နှလုံးသွင်းမိသောအယူဝါဒ၌တည်နေလော။ ၂ တိ ၃း ၁၄-၁၅

၁။ ဆက်လက်လုပ်ဆောင်ရမည့်အမှုများ

က။ လေ့ကျက်နည်းခံခဲ့ပြီးသော၊

ခ။ သစ္စာရှိစွာ သင်ကြားပေးသောဆရာများအား တန်ဖိုးထားခြင်း

၂။ ဓမ္မကျမ်းစာ ကဏ္ဍ

က။ ပညာကိုပေးနိုင်သည်။

ခ။ ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းကိုပေးနိုင်သည်။

 

ကျမ်းစာကိုမှန်ကန်စွာ နားလည်သဘောပေါက်ခြင်း

၁၆။ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်အသက်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊

၁၇။ ဘုရားသခင်၏လူသည်စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုဌါပြင်ဆင်သောသူဖြစ်မည်အကြောင်း၊

သြဝါဒပေးခြင်းး၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏။ ၂ တိ ၃း ၁၆-၁၇

၁။ ကျမ်းစာရှိသမျှ

က။ ဘုရားသခင်အသက်မှုတ်သွင်းသောအားဖြင့်ဖြစ်၏။

ခ။ ကျေးဇူးပြုတတ်သောအရာများ-

၁။ သြဝါဒပေးခြင်း

၂။ အပြစ်ကိုဖော်ပြခြင်း

၃။ ဖြောင့်မတ်စွာပြုခြင်း

၄။ တရားကိုသွန်သင်ခြင်း

၂။ အကျိုးရလဒ်

က။ ဘုရားသခင်၏လူသည်စုံလင်သောသူဖြစ်လာရန်၊

ခ။ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုဌါ

 

စိန်ခေါ်ချက်

၁။ ကျမ်းစာဗေဒအား မှန်ကန်စွာနားလည်ခြင်းရှိရန်။

၂။ ဖတ်ရွက်ပြီးသော နှုတ်ကပတ်တော်အား လက်တွေ့ကျင့်ဆောင်ခြင်း၌ ကြီးမားစွာဆက်ကပ်ခြင်းရှိရန်။