Bethany Independent Presbyterian Church

Myanmar

ကောင်းမြတ်သောမင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ။ ဆာလံကျမ်း ၂၁

ကောင်းမြတ်သောမင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ။ ဆာလံကျမ်း ၂၁



နိဒါန်း

၁။ မင်းကြီးတစ်ပါး၏ တရားဆင်ခြင်နှလုံးသွင်းခြင်းဖြစ်သည်။

၂။ ဘုရင်၏ဝမ်းမြောက်ခြင်းနှင့် ယုံကြည်စိတ်ချခြင်းသည် ဘုရားသခင်၌ဖြစ်ပါသည်။

 

ဘုရားသခင်၌ဝမ်းမြောက်ခြင်း

အိုထာဝရဘုရား၊ မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိကြောင့် ဝမ်းမြောက်၍၊ ကယ်တင်တော်မူခြင်းခြင်းအားဖြင့် အလွန်ရွှင်လန်းပါ၏။ ဆာလံ ၂၁း ၁

၁။ ကိုယ်တော်၏အစွမ်းသတ္တိကြောင့်ဝမ်းမြောက်၏။

၂။ ကိုယ်တော်၏ ကယ်တင်တော်မူခြင်းအားဖြင့်အလွန်ဝမ်းမြောက်၏။

 

မင်းကြီး၏ ဆုတောင်းခြင်း

သူ၏နှုတ်နှင့်ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ။

သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။ ဆာလံ ၂၁း ၂

၁။ စိတ်၏အလိုရှိသည်အတိုင်း

၂။ နှုတ်နှင့်ဆုတောင်းသည်ကို

 

ဘုရားသခင်၏ ကောင်းမြတ်သော မင်္ဂလာများကို ဆင်ခြင်အောက်မေ့တော်မူခြင်း

၃။ ကောင်းမြတ်သောမင်္ဂလာတို့ကို အဦးပြု၍ ပေးတော်မူပြီ။ ရွှေစင်သရဖူကို သူ၏ခေါင်းပေါ်မှာ တင်တော်မူပြီ။

၄။ သူသည်အသက်ကိုဆုတောင်း၍ကိုယ်တော်သည် အသက်မက၊ ထာဝရအသက်ကို ပေးသနားတော်မူပြီ။

၅။ ကယ်တင်တော်မူခြင်းအားဖြင့် သူသည် ဘုန်းကြီး၍ လက်တော်မှဂုဏ်အသရေနှင့် တန်ခိုးအာနုဘော်ကို ခံရပါ၏။

၆။ ကိုယ်တော်သည် သူ့ကိုထာဝရမင်္ဂလာအရာ၌ခန့်ထား၍၊ မျက်နှာတော်အားဖြင့် အလွန်ဝမ်းမြောက်စေတော်မူ၏။ ဆာလံ ၂၁း ၃-၆

၁။ ကောင်းမြတ်သောမင်္ဂလာတို့ကို

၂။ ရွှေစင်သရဖူကို တင်တော်မူသည်။

၃။ ရှည်သောအသက်ကိုပေးသည်။

၄။ ကယ်တင်တော်မူခြင်း (လွှတ်မြောက်တော်မူခြင်း)

၅။ ဘုန်းအသရေနှင့်အာနုဘော်ကိုခံရသည်။

၆။ ထာဝရမင်္ဂလာ၌ခန့်ထား၏

၇။ အလွန်ဝမ်းမြောက်စေတော်မူ၏။

 

ထာဝရဘုရားအား တုန့်ပြန်ခြင်း

အကြောင်းမူကား၊ မင်းကြီးသည် ထာဝရဘုရားကို ကိုးစား၍ အမြင့်ဆုံးသောဘုရား၏ကရုဏာတော်ကြောင့် တည်ကြည်တတ်ပါ၏။ ဆာလံ ၂၁း ၇

၁။ ထာဝရဘုရားကို ကိုးစားသည်

၂။ ဘုရားသခင်၏ကရုဏာတော်ကို ကိုးစားသည်။

၃။ အမြင့်ဆုံးသောဘုရားကြောင့် မယိမ်းမယိုင် တည်ကြည်လျက်ရှိ၏။

 

လူမျိုးတော်ထဲက ပြသနာများ

၈။ ကိုယ်တော်၏လက်သည် ရန်သူအပေါင်းတို့ကိုတွေ့၍၊ ကိုယ်တော်ကို မုန်းသောသူတို့ကို လကျာ်လက်တော်နှင့်တွေ့တော်မူမည်။

၉။ အမျက်တော်ထွက်သောကာလ၌ သူတို့ကို မီးဖိုကဲ့သို့ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကိုမျိုတော်၍ မီးလောင်ကျွမ်းလိမ့်မည်။

၁၀။ သူတို့မျိုးနွယ်ကို မြေကြီးမှပယ်ရှင်း၍ သားစဉ်မြေးဆကိတို့ကိုလူမျိုးထဲ ဖျက်ဆီးတော်မူမည်။

၁၁။ အကြောင်းမူကား၊ ကိုယ်တော်တစ်ဘက်၌ မကောင်းသောအကြံကိုကြံစည်၍ မကောင်းသောပရိယာယ်ကိုပြုကြပါပြီ။ သို့ရာတွင် အကြံမထမြောက်ကြပါ။

၁၂။ ထို့ကြောင့်သူတို့ မျက်နှာတစ်ဘက်၌ လေးမြှားတော်တို့ကိုရွယ်၍၊ သူတို့ကျောကို လှည့်စေတော်မူမည်။ ဆာလံ ၂၁း ၈-၁၂

၁။ ရန်သူအပေါင်းတို့ကို

၂။ ကိုယ်တော်ကိုမုန်းသောသူတို့

၃။ မကောင်းသောပရိယာယ်ကိုပြုသောသူတို့

၄။ မကောင်းသောအကြံစည်ကို ကြံစည်သောသူတို့

 

ထာဝရဘုရားသည် ရန်သူအပေါင်းတို့ကို မည်ကဲ့သို့ ဆက်ဆံမည်နည်း။

၁။ ရန်သူအပေါင်းတို့ကိုတွေ့လိမ့်မည်။

၂။ မတရားသောသူတို့၌ အမျက်တော်ထွက်လိမ့်မည်။

၃။ သူတို့ကို ဖျက်ဆီးတော်မူလိမ့်မည်။

၄။ သတို့မျိုးနွယ်၊ သားစဉ်မြေးဆက်တို့ကိုလည်း ဖျက်ဆီးလိမ့်မည်။

၅။ မတရားသောသူတို့သည် အကြံမထမြောက်ရ။

 

ခိုင်ခံ့စွာ တည်ကြည်ခြင်း

အိုထာဝရဘုရား၊ ကိုယ်တော်သည်အစွမ်းတန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူစေသတည်း။

အကျွနု်ပ်တို့သည်တန်ခိုးတော်ကိုထောမနာသီချင်းဆိုကြပါမည်။ ဆာလံ ၂၁း ၁၃

၁။ ထာဝရဘုရားချီးမြှောက်တော်မူခြင်းအား ရှာခြင်း။

၂။ ထာဝရဘုရား၏ အစွမ်းတန်ခိုးတော်အား ထောမနာသီချင်းဆိုခြင်း။

 

စိန်ခေါ်ချက်

၁။ ဤမင်းကြီးနှင့်ဆိုင်သောဆာလံအား သေချာစွာစမ်းစစ်လေ့လာရန်။

၂။ မင်းကြီး၏ပုံဥပမာကို အတုယူကျင့်သုံးရန်။

၃။ ထာဝရဘုရား၏ဘုန်းတန်ခိုးအာနုဘော်ကို ချီးမြှောက်ရန်။