Bethany Independent Presbyterian Church

Myanmar

“ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍..” ဆာလံ ၅

“ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍..” ဆာလံ ၅



နိဒါန်း

၁။ ဘုရားသခင်ကို သိကျွမ်းခြင်းသည် အလွန်အရေးကြီးသည်။

၂။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများသည် မည်သည့်အခါမှ ကံဖြင့်မလာပါ။

 

ဘုရားသခင်ထံ ပဌနာပြုခြင်း

ဆာ 5:1 ထာဝရဘုရား၊ အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ။

2 အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။

3 အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။

၁။ ဘုရားသခင်ထံ ဆုတောင်းပဌနာပြုခြင်း

၂။ ရှင်ဘုရင်တစ်ပါးထံ အသနားခံဆုတောင်းခြင်း

၃။ ကိုးကွယ်ခြင်းအမှုမပြုခင် တွေးတောဆင်ခြင်လျက် ဆုတောင်းရမည်။

၄။ နံနက်ယံ၌ ဆုတောင်းခြင်းသည် တစ်နေ့တာအတွက် ကောင်းမွန်သောအစပြုခြင်းဖြစ်သည်။

 

ဘုရားသခင်ကို သိကျွမ်းတော်မူခြင်း

4 ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံ တော်မမူ။

5 မိုက်သော သူသည် အထံတော်သို့ မဝင်ရ။မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။

6 မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော် မူ၏။ လူအသက်ကို သတ်တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။

၁။ ဘုရားသခင်သည် မတရားသောအမှုကို နှစ်သက်တော်မမူ။

၂။ ဆိုးသောသူကို လက်ခံတော်မမူ။

၃။ မတရားသဖြင့်ပြုသောသူအပေါင်းတို့သည် အထံတော်သို့ ဝင်ရမည်မဟုတ်။

၄။ ဘုရားသခင်သည် အောက်ပါတို့ကို ပြင်းထန်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သည်။

က။ မုသာစကားပြောသောသူတို့ကို

ခ။ လူအသက်ကို သတ်တတ်သောသူတို့ကို

ဂ။ လှည့်စားတတ်သောသူတို့ကို

 

ဖြောင့်မတ်စွာ အသက်ရှင်ဖို့ ဆုံးဖြတ်ချက်ချခြင်း

7 အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။

8 အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ။

၁။ ကိုးကွယ်ခြင်းအမှု၌ သစ္စာရှိရန်၊

၂။ ရိုသေလေးမြတ်ခြင်းရှိရန်

၃။ ဘုရားသခင်လမ်းပြသည့်အတိုင်း ဖြောင့်မတ်စွာအသက်ရှင်ရန်၊

၄။ ကိုယ်တော်၏ လမ်းကို အကျွန်ပ်ရှေ့မှာ ဖြောင့်စေတော်မူပါ။

 

ဆိုးသောသူများအကြောင်း လေ့လာစစ်ဆေးခြင်း

9 သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။

10 အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက် စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော။

ကိုယ်တော်ကို ပုန်ကန်သော သူဖြစ်၍၊ ပြစ်မှား သော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော် မူပါ။

၁။ သူတု့ိ၏ နှုတ်တွင် သစ္စာမရှိပါ။

၂။ သူတို့သည် လျှာနှင့် ချော့မောတတ်ကြ၏။

၃။ ပျက်စီးတတ်သော လမ်းများသို့ ဆည်းကပ်းတတ်ကြ၏

၄။ အပြစ်ရှိကြောင့် ထင်ရှားစေတော်မူသည်။

၅။ မိမိတို့အကြံအားဖြင့် လဲကြတော်မူမည်။

၆။ ပြစ်မှားသောအပြစ်များသောကြောင့် နှင်ထုတ်ခြင်းခံတော်မူမည်။

၇။ သူတို့သည် ကိုယ်တော်ကို ပုန်ကန်သောအပြစ်ရှိကြ၏။

 

ဘုရားသခင်၏ ကောင်းချီးအာမခံချက်

11 ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။

နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။

12 အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် သော သူကို ကောင်းကြီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း။

၁။ ဖြောင့်မတ်သောသူတို့ကို ကာကွယ်ပေးတော်မူသည်။

၂။ ကိုယ်တော်ကို ကိုးစားသောသူတို့ကို ကောင်းချီးပေးတော်မူသည်။

၃။ မျက်နာသာပေး၍ စောင့်ရှောက်တော်မူခြင်းခံရလိမ့်မည်။

 

တိုက်တွန်းအားပေးခြင်း

၁။ ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်းရှိကြပါစေသော။

၂။ ဝမ်းမြောက်စွာ ချီးမွမ်းကြပါစို့။

၃။ ဘုရားသခင်ကို ပိုမိုနက်ရှိုင်းစွာချစ်တတ်ကြပါစို့။