Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၂၂) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၂၂) ရက်

 

ကျမ်းချက်။ ။ဧဖက် ၃

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း
ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်း ငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

(ဧဖက် ၃း၂၀-၂၁)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ဤအချက်သည် ပေါလု ဒုတိယဆုတောင်းချက်၏ အဆုံးနိဂုံး ဖြစ်သည်။
၂။ ပေါလုသည် သူ၏ဆုတောင်းချက်ကို လေးနက်စွာ အဆုံးသတ်သည်။
၃။ ဘုရားသခင်သည် အဘယ်သူဖြစ်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် မည်သည့်အရာကို တပ်စွမ်းနိုင်သည်ကိုလည်းကောင်း၊ ယုံကြည်စွဲလမ်းခြင်းရှိသည်။

က။ တတ်နိုင်တော်မူသော ဘုရားသခင်သည်

(၁) ဘုရားသခင်သည် အမှန်တတ်စွမ်းနိုင်သည်။
(၂) ထာဝရဘုရားသခင်အတွက် မတတ်နိုင်သောအရာ ရှိသလော့(ကမ္ဘာ ၁၈း၁၄)။

ခ။ အလွန်ထူးခြားစွာ ပြုခြင်းငှါ

(၁) ဘုရားသခင်တတ်စွမ်းနိုင်ခြင်းကို မည်သို့မျှ မတိုင်းတာနိုင်။
(၂) ဘုရားသခင်သည် အလွန်းခြားစွာ တတ်စွမ်းနိုင်သည်။
(၃) ထွက်မြောက်ရာကျမ်း၌ ရေးသားထားသော ဘုရားသခင်၏တန်ခိုးတော်ကိုပြန်အောက်မေ့ပါ။
(၄) ဘုရားသခင်၏တန်ခိုးသည် လူတို့၏ဉာဏ်ဖြင့် မမှီနိုင်။

ဂ။ ငါတို့ တောင်းပန်…သမျှထက်

(၁) တောင်းပန်ခြင်းသည် ဘုရားသခင်ထံတော်၌ ဆုတောင်းခြင်းပင်ဖြစ်သည်။
(၂) ဘုရားသခင်သည် အကျွန်ုပ်တို့ တောင်းသမျှတို့ထက် ပေးသနားခြင်းငှါတတ်နိုင်သည်။
(၃) အကျွန်ုပ်တို့သည် ဘုရားသခင်ကို မည်သည့်နှင့်မျှ ကန့်သတ်ခြင်းငှါမပြုရ(ကန့်သတ်ထား၍လည်း မရပေ)။

ဃ။ ငါတို့ …ကြံစည်သမျှထက်

(၁) လူတို့၏အကြံအစည်သည် ကြီးမြတ်နိုင်ပေမည်။
(၂) (သို့သော်) ဘုရားသခင်၏တန်ခိုးတော်သည် လူတို့၏အကြံအစည်ထက်များစွာ အားကြီး၍တတ်စွမ်းတော်မူသည်။

င။ ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊

(၁) ဘုရားသခင်၏တန်ခိုးတော်သည် အကျွန်ုပ်တို့အထဲ၌ ပြုပြင်လျက်ရှိသည်။
(၂) ထိုတန်ခိုးတော်အားဖြင့်၊ အကျွန်ုပ်တို့သည် (သခင်ဘုရားအတွက်)ကြီးမားသောအမှုတို့ကို တတ်စွမ်းနိုင်မည် ဖြစ်သည်။

၄။ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း၊

က။ ယေရှုခရစ်အားဖြင့် အသင်းတော်၌

(၁) အသင်းတော်သည် ဘုရားသခင်အား ဘုန်းတော်ထင်းရှားစေ။
(၂) ဤအချက်ကို အကျွန်ုပ်တို့သည် ဘယ်တော့မှ မမေ့ပျောက်သင့်ပေ။

ခ။ ယေရှုခရစ်အားဖြင့်….ကမ္ဘာအဆက်ဆက်…အာမင်

(၁) ခရစ်တော်အားဖြင့်သာ ဖြစ်ရမည်။
(၂) လူမျိုးဆက်တိုင်း၌ ဘုန်းတော်ထင်ရှားစေ။
(၃) ကမ္ဘာအဆက်ဆက် (ထာဝရ၊ ထာဝရ) ဘုန်းကြီးစေသတည်း။ အာမင်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ပေါလု ဆုတောင်းချက် ၁ နှင့် ၂ ကို ပြန်လေ့လာပါ။

က။ ဧဖက် ၁ နှင့် ၃
ခ။ ဆုတောင်းချက်၌ပါဝင်သောအကြောင်းခြင်းရာများကို သေချာစွာ လေ့လာပါ။
ဂ။ ပေါလုကဲ့သို့ ဆုတောင်းတတ်ခြင်းငှါ သင်ယူကြစို့။

၂။ ဆုံးဖြတ်ချက် ချကြစို့။

က။ ပို၍၊ ပို၍ ဆုတောင်းသော ထာဝရဘုရားသခင်၏ အစေခံများဖြစ်ကြမည် အကြောင်းဆုံးဖြတ်ချက် ချကြစို့။
ခ။ အကျွန်ုပ်တို့အသင်းတော်များသည်လည်း ပို၍အသီးများစွာ သီးလျက်၊ ဘုရားသခင်အား ဘုန်းတော်ထင်ရှားစေကြပါစေ။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

Close menu