Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၁၅) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၁၅) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

သင်တို့သည်သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊ ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံကြပါမည် အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။

(ဧဖက် ၃း၁၈-၁၉)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ မျှော်လင့်ထားသော ရလဒ်များ

က။ သိနားလည်ခြင်း

(၁) အသိပညာ (ဗဟုသုတ)
(၂) နားလည်သဘောပေါက်ခြင်း၊
(၃) ဉာဏ်ပညာ၊
(၄) တန်ဖိုးသိတတ်ခြင်း၊ ခင်တွယ်မြတ်နိူးခြင်း၊

ခ။ သင်တို့သည်သန့်ရှင်းသူအပေါင်း

(၁) စစ်မှန်သော ယုံကြည်သူများ၊
(၂) သန့်ရှင်းစင်ကြယ်ခြင်းကို ခံရသောသူများ၊
(၃) သန့်ရှင်းစွာ ရှင်သန်ခြင်းကို အမှန်နားလိုက်သောသူများ၊

ဂ။ ရုပ်ဝတ္တုဆိုင်ရာ အတိုင်းအတွာများ

(၁) အနံ
(၂) အလျား
(၃) အနက်
(၄) အမြင့်၊

ဃ။ အဘယ်သို့ ဆိုလိုသနည်း။

(၁) ဘုရားသခင်သည် မေတ္တာသည် အတုံးလိုက်အခဲလိုက် ဖော်ပြ၍မရသည်ကို လည်းကောင်း၊
(၂) ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် အတိုင်းအတာအားဖြင့် အလွန်ကြီးမားလွန်း သည်ကို လည်းကောင်း၊ ဖော်ပြလိုသည်။

၂။ သိနားလည်ရမည့် အရာမှာ-

က။ သခင်ဘုရားဖြစ်သော ယေရှုခရစ်တော်၏ မေတ္တာ
ခ။ ဤမေတ္တာသည် အလွန်တရာမှ ကြီးမြတ်သည်။

(၁) လူသားတို့မေတ္တာ၏ ကမ်းတဖက်၌ ရှိသည်။
(၂) လူသားတို့အတွေ့အကြုံ၏ ကမ်းတဖက်၌ ရှိသည်။

ဂ။ ဘုရားသခင်၏ ပြည်စုံတော်မူခြင်း

(၁) အကုန်အစင် ဖော်ပြလို့ မရသောအရာ ဖြစ်သည်။
(၂) သခင်ယေရှုမှတပါး အဘယ်သူမျှ “ဘုရားသခင်၏ပြည့်စုံတော်မူခြင်း”ကိုအပြည့်အ၀ နားမလည်နိုင်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ သိနားလည်ရန် ကြိုးစားရမည့် အရာများ

က။ ခရစ်တော်၏ချစ်ခြင်းမေတ္တာ၊
ခ။ ဘုရားသခင်၏ပြည့်စုံခြင်း၊

၂။ ဤအရာတို့သည်

က။ ဝိညာဉ်ရေးသဘောနှင့် ပြည့်ဝလျက် ရှိကြသည်။
ခ။ အတန်းပညာဖြင့် နားမလည်နိုင်ပေ။

လူတို့၏အသိပညာသည် အလွန်တရာမှ ပြည့်စုံလုံလောက်ခြင်း မရှိပါ။

၃။ ဘုရားသခင်ကို စိတ်နှလုံး နှိမ့်ချစွာ ရှာခြင်း

က။ အနှုးအညံ့တောင်းပန်လျက်၊
ခ။ ယုံကြည်ခြင်းဖြင့်၊ အကျွန်ုပ်တို့သည်လည်း အလွန်လေးနက်သော ဤအရာတို့ကိုသိနားလည်ကြလိမ့်မည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်) တန်

Close menu