Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၈)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ မတ်လ (၂၈)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

ခြေဘဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့်၊ အသင်းတော်ဘို့အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။

(ဧဖက် ၁း၂၂-၂၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အသင်းတော်

က။ ခရစ်တော်၏“ကိုယ်” ဟု ခေါ်သည်။
ခ။ ထို့ကြောင့် အသင်းတော်သည်

(၁) ဝိညာဉ်ရေးအဖွဲ့အစည်း ဖြစ်သည်။
(၂) အလွန် နက်နဲသောအရာ ဖြစ်သည်။

၂။ အသင်းတော်၏ဦးခေါင်း (ခေါင်း)

က။ သခင်ယေရှုခရစ်တော် ဖြစ်သည်။
ခ။ ခပ်သိမ်းသောအရာတို့သည် သူ၏ခြေဖဝါးအောက်၌ ချထားခြင်းခံရသည်။

(၁) လူအပေါင်းတို့သည် သခင်ဘုရားကို သြဇာခံရမည်။
(၂) ခပ်သိမ်းသောသူတု့ိသည် သခင်ဘုရားကို ရိုသေကြရမည်။
(၃) သခင်ဘုရားကို အလွန်တရာမှ ရိုသေလေးစားကြရမည်။

၃။ ပြည့်စုံခြင်းသည် စံချိန်စံညွှန်း

က။ ဆာလံ ၃၆း၈ ၌ ဘုရားသခင်အိမ်တော်၏ကြွယ်ဝခြင်းကို ဖော်ပြသည်။
ခ။ ဘုရားသခင်၏အိမ်တော်ကြွယ်ဝခြင်း၌ ပါဝင်သော အချို့အရာများမှာ-

(၁) မစထောက်ပံ့ခြင်း၊
(၂) ကာကွယ်စောင့်ရှောက်ခြင်း၊

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ယနေ့ အသင်းတော်များ၌ မြင်တွေ့ရသော ပြဿနာများ

က။ သခင်ဘုရား၏ဦးဆောင်မှု

(၁) အသိအမှတ် မပြုကြ။
(၂) သခင်ဘုရားကို လေးစားသင့်သည့်အတိုင်း မလေးစားကြ။

ခ။ လူသားတို့၏ဦးဆောင်မှု

(၁) မှားသောအယူဝါဒ ဖြစ်သည်။
(၂) အန္တာရာယ်ရှိသော ခံယူမှုဖြစ်သည်။
(၃) ဤသို့သောလမ်းစဉ်သည် သခင်ဘုရားကိုယ်တိုင်၏ ဆန့်ကျင်ခြင်းကို ခံရလိမ့်မည်။

၂။ ဓမ္မသဘောတရား၌ အသင်းတော်ကို ပြန်လည်တည်ဆောက်ခြင်း

က။ မြင့်မားသော လေးစားမှု

(၁) အသင်းတော်နှင့်စပ်လျဉ်း၍ မြင့်မားသော စိတ်ဓါတ်ထားရှိကြစို့။
(၂) ဓမ္မဟောင်းခေတ်၌ အမှုတော်ဆောင်ခဲ့သောသူများသည် အမှုတော်မြတ်ကို အလွန်တရာမှ လေးစားကြသည်။

ခ။ နှိမ့်ချသော ဝတ်

(၁) အမှုတော်ဆောင်ရသောအခွင့်သည် အကျွန်ုပ်တို့အတွက်အခွင့်ထူးဖြစ်သည်။
(၂) အကျွန်ုပ်တို့၏တာဝန်မှာ သစ္စာရှိကြရမည်သာ ဖြစ်သည်။
(၃) အကျွန်ုပ်တို့သည် အထူးသဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိကြရမည်။

ဂ။ အဓိကကျသော သွန်သင်ချက်

(၁) အသင်းတော်ကို မြတ်နှိုးကြတတ်ရန် အသင်းဝင်များကို သွန်သင်ရမည်။
(၂) အသင်းတော်သည် ခရစ်တော်၏ကိုယ်ဖြစ်သည်ဟု တန်ဖိုးထားတတ်ကြရန် အားလုံးသောယုံကြည်သူများကို သွန်သင်ကြရမည်။
(၃) အသင်းတော်ကို အမှန်အကန် မြတ်နှိုးတတ်ခြင်းသည် များစွာသော ကောင်းချီးမင်္ဂလာတို့၏လားရာ ဖြစ်သည်။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်