Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၁)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၀၁)

 

 

ပြောင်းလဲသော ယာကုပ်

ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်
သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့်ကြားလိုက်ပါ၏။

(ယာကုပ် ၁း၁)

 

ယာကုပ်

၁။ ယောသပ်၏သား ယာကုပ် ဖြစ်သည်။
၂။ သခင်ယေရှု၏ ဝမ်းကွဲညီ အကြီးဆုံး ဖြစ်နိုင်သည်။ (မဿဲ ၁၃း၅၅-၅၆၊ မာကု ၆း၃)
၃။ ကနဦး အသင်းတော်၌ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

က။ ပေါလုသည် ယာကုပ်ကို ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ် ပြုသည် (ဂလာတိ ၂း၉၊ ၁၂၊ တမန် ၂၁း၁၈)။ ထို့ကြောင့် ပြောင်းလဲခါစတွင် ယာကုပ်ကို သွားတွေ့ခဲ့သည်။ (ဂလာတိ ၁း၁၉)
ခ။ ပေတရုသည် ယာကုပ်ကို ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုသည်။ (တမန် ၁၂း၁၇)
ဂ။ ယာကုပ်သည် ယေရူရှလင်ကောင်စီကို သဘာပတိအဖြစ် ဦးဆောင်သည်။ (တမန် ၁၅း၁၃-၂၁)
ဃ။ ယာကုပ်သည် လွန်စွာ လူသိများသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ယုဒကလည်း မိမိကိုယ်ကို ယာကုပ်၏ညီ ဟု ရိုးရိုးလေး မိတ်ဆက်လိုက်သည်။ (ယုဒ ၁း၁)
င။ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် ယေရှုခရစ်သည် ယာကုပ်ထံသို့ ကိုယ်ကိုထင်ရှားပြခဲ့သည်။ (၁ ကော ၁၅း၇)

 

အရပ်ရပ်တို့၌ ကွဲပြားသော တဆယ်နှစ်ပါးသော အမျိုး…

၁။ ယုဒလူမျိုးယုံကြည်သူများ ဖြစ်ကြသည်။

၂။ သတေဖန်အသေသတ်ခြင်း ခံရပြီးနောက် ယေရုရှလင်၌ရှိသော ယုံကြည်သူများသည် နေရာအနှံ့သို့ ထွက်ပြေးခဲ့ကြရသည်။ (တမန် ၈း၁၊ ၁၁း၁၉)

က။ ထိုအခါ ယေရုရှင်လင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံရသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည် အရပ်ရပ်တို့၌ အနှံ့အပြားကွဲပြားကြ၏။ (တမန် ၈း၁)
ခ။ ထိုမှတစ်ပါး၊ သတေဖန်၏အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံ၍ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များသို့ တိုင်အောင်သွား၍၊ ယုဒလူတို့ကိုသာ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ (တမန် ၁၁း၁၉)

၃။ ယာကုပ်သည် အနယ်နယ်အရပ်ရပ်၌ ရှိနေကြသော ယုဒလူမျိုးယုံကြည်သူများထံသို့ ဤစာကို ပေးပို့လိုက်သည်။

 

ဘုရားသခင်နှင့် အရှင်ယေရှုခရစ်၏ကျွန်

၁။ “ဘုရားသခင်” သည် ခမည်းတော်ဘုရားသခင်ကို ဆိုလိုသည်။
၂။ “အရှင်ယေရှုခရစ်” သည် ယာကုပ်၏ဝမ်းကွဲအစ်ကို ယေရှုကိုဆိုလိုသည်။
၃။ ယာကုပ်သည် မိမိကိုယ်ကို ဘုရားသခင်နှင့် ယေရှုခရစ်၏ ကျွန်အဖြစ်ခံယူသည်။

က။ အစပထမ၌ ယာကုပ်သည် သခင်ယေရှုကို မယုံကြည်ခဲ့ပါ။ (ယောဟန် ရး၅)
ခ။ သို့သော်၊ ယခုအချိန်တွင်မူကား သခင်ယေရှုသည် ယာကုပ်အတွက်

– အရှင်သခင်နှင့်
– မေရှိယ ခရစ်တော် ဖြစ်သည်။

၄။ ယာကုပ်၏အသက်တာသည် ပြဇာတ်သဖွယ် သိသာမြင်သာသောပြောင်းလဲခြင်း ပုံသက်သေပင်ဖြစ်သည်။