Bethany Independent Presbyterian Church

Myanmar

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၅)

ယုံကြည်ခြင်းရတနာကို ရတတ်ခြင်း (၁၅)

 

ယုံကြည်ခြင်း၌ ဘက်လိုက်ခြင်း မရှိ

ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကိုထောက်
ခြင်းမရှိကြနှင့်။-ရွှေလက်စွပ်နှင့် တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲ
သောနှစ်ဦးသည် သင်တို့၏တရားဇရပ်ထဲသို့ ဝင်သောအခါ၊ တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကို
ကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာ ထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို ဟိုမှာနေလော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည်ပြောဆိုလျှင်၊ တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူဖြစ်ကြသည် မဟုတ်လော့။

(ယာကုပ်၂း၁-၄)

 

ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော…

၁။ သခင်ယေရှုသည်

က။ ကယ်တင်ရှင် ခရစ်တော်ဖြစ်သည်။
ခ။ ဘုန်းကြီးတော်မူသော သခင်ဖြစ်သည်။

၂။ ယာကုပ်၏ စာဖတ်ပရိသတ်တို့သည်

က။ သခင်ယေရှုကို ယုံကြည်သောသူများ ဖြစ်ကြသည်။
ခ။ ခရစ်ယာန်များ ဖြစ်ကြသည်။

၃။ သခင်ခရစ်တော်ကို ယုံကြည်ခြင်းအမှုသည် –

က။ ကောင်းသောအမှု ဖြစ်သည်။
ခ။ လုပ်ဆောင်ရမည့် အလုပ်လည်း ဖြစသည်။ (ယောဟန် ၆း၂၉)

၄။ သို့သော် ထိုယုံကြည်ခြင်းကို ကျင့်သုံးရာ၌ ဘက်လိုက်ခြင်း မရှိသင့်ချေ။

 

တဘက်၌ ငဲ့ကွက်သောစိတ်ရှိ၍…

၁။ ချမ်းသာသောသူနှင့် မရှိဆင်းရဲသောသူတို့ကို ခွဲခြားဆက်ဆံခြင်းသည်ယုံကြည်ခြင်းကို ဘက်လိုက်၍ ကျင့်သုံးခြင်း ဖြစ်သည်။ ဘက်လိုက်၍

ဆက်ဆံခြင်း ဆိုသည်မှာ-

က။ ချမ်းသာသောသူကို မျက်နှာသာပေး၍၊
ခ။ ဆင်းရဲသောသူကို မတူမတန် ဆက်ဆံခြင်း ဖြစ်သည်။

၂။ ထိုသို့ ဘက်လိုက်၍ သူတစ်ပါးအား ဆက်ဆံမိသောအခါ၊ ကျွနု်ပ်တို့သည်

က။ တစ်ဖက်သားကို ငဲ့ကွက်နေကြသည်။
ခ။ မကောင်းသောအကြံအစည်နှင့် စီရင်နေကြသည်။

၃။ ဤသို့ ယုံကြည်ခြင်း၌ ဘက်လိုက်တတ်သောသူသည်

က။ တစ်ဖက်သားကို အထင်အမြင်သေးသောသူ၊
ခ။ တစ်ဖက်သားကို မတူမတန်ဆက်ဆံသောသူ၊
ဂ။ မကောင်းသောအကြံအစည်ဖြင့် သူတစ်ပါးကို ဆက်ဆံသောသူ၊
ဃ။ လူ့မျက်နှာကို ထောက်၍ အသက်ရှင်သောသူ၊
င။ ယုံကြည်ခြင်းကို ဘက်လိုက်၍ အသုံးချသောသူ ဖြစ်သည်။

၄။ ယုံကြည်ခြင်းရတနာ ရတတ်ခြင်းငှာ ခရစ်တော်ကို ယုံကြည်ရာ၌ လူ
မျက်နှာကို ထောက်ခြင်း လုံးဝမရှိကြရန် တိုက်တွန်းပါရစေ။

Close menu