Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၅)

ထိုသခင်၌ ကျင်လည်ကြလော့ (၅)

ကိုယ်စားဆုတောင်းခြင်း
ထို့ကြောင့်၊ ငါတို့သည်ကြားရသည်နေ့မှစ၍၊ သင်တို့အဘို့ အလိုငှါ အစဉ်မပြတ်ဆုတောင်း ပဌနာပြုလျက်နေကြ၏။ ဆုတောင်းသောအချက်ဟူမှုကား၊ သင်တို့သည် ကောင်း သောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ်၌တိုးပွားခြင်းရှိသဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည် ခြင်းအလိုငှါ၊ ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အား နှင့် ပြည့်စုံသဖြင့်၎င်း၊ ခမည်းတော်ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့်ထိုက်လျောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်းဆုတောင်းပဌနာပြု၏  (ကော ၁း၉-၁၁)။
ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာဝန်ခံသော သူတိုင်းသည် ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းကို ဆက်လက်ခံရ ကြသည် (တိ ၂း၁၃၊ ယှဉ်ကြည့် ၂ ကော ၅း၁၇)။ ထိုသို့ အသက်တာပြုပြင်ပြောင်းလဲနေသာသူများအတွက် ကိုယ်စား ဆုတောင်းပေးခြင်းသည် လွန်စွာမှ သင့်လျော်ပေသည်။

ထို့ကြောင့်၊
၁။ ကောလောသဲယုံကြည်သူတို့သည် ဧပဖြထံမှ သမ္မာတရားတည်းဟူသော ဧဝံဂေလိတရားကို ကြားခဲ့ကြသည် (ကော၁း၅)။
၂။ သူတို့သည် ကြားသည့်အတိုင်း-
က။  သခင်ယေရှုကို မိမိတို့၏ကယ်တင်ပိုင်ရှင်အဖြစ် (ခရစ်တော်အဖြစ်) ယုံကြည်လက်ခံလာခဲ့ကြသည် (ကော ၁း၃)။
ခ။  ဘုရားသခင်၏ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံကြသည် (ကော ၁း၇)။
၃။ ဘုရားသခင်၏ကျေးဇူးတော်ကို ဝန်ခံကြသောနေ့မှစ၍၊ အသီးသီးခြင်း၊ တိုးပွားခြင်းနှင့် ဝိညာဉ်ပကတိဖြစ်သောမေတ္တာ စ သည့်အကျိုးကျေးဇူးများ ရရှိလာကြသည် (ကော ၁း၃- ၄၊၈)။၄။ တစ်နည်းအားဖြင့်ဆိုသော်၊ ကောလောသဲယုံကြည်သူများသည် စစ်မှန်သောခရစ်ယာန်များ ဖြစ်ကြသည်။
၅။ ထိုသို့သောအကြောင်းကြောင့်၊ ရှင်ပေါလုနှင့်အပေါင်း အဖော်တို့သည် ကောလောသဲယုံကြည်သူများအတွက် အစဉ်မပြတ် ဆုတောင်းပေးရခြင်း ဖြစ်သည်။ ဤ]ထို့ကြောင့်} စကားဆက်သည် ထိုအချက်ကို သိသာပေါ်လွင်စေသည်။
၆။ မွန်မြတ်သော အကြောင်းတရားကို အခြေပြုသော ဆုတောင်း ခြင်းဖြစ်သည်။

ငါတို့သည်ကြားရသည်နေ့မှစ၍၊
၁။ ရှင်ပေါလုနှင့်အပေါင်းအဖော်များသည်ကောလောသဲ ယုံကြည်သူတို့၏အကြောင်းကို ဧပဖြထံမှတစ်ဆင့်ကြားရသည်။
၂။ ထိုသို့ကြားရသောနေ့မှစ၍၊ သူတို့အဖို့ ကိုယ်စားဆုတောင်းပေး လျက်ရှိကြသည်။
သင်တို့အဘို့အလိုငှါ …ဆုတောင်း ပဌနာပြု လျက်နေကြ၏
၁။ အဘယ်ကြောင့် ကောလောသဲယုံကြည်သူများအတွက် ဆု တောင်းပေးကြသနည်း။
၂။ သူတို့၏အသက်တာကို ပြုပြင်သော ဘုရားသခင်၏ ကျေးဇူး တော်ကြောင့် ထိုသို့ဆုတောင်းပေးရခြင်းဖြစ်သည်။
၃။ ထိုဘုရားသခင်၏ကျေးဇူးတော်သည် ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ကောင်းသောအကျင့်ကျင့်ခြင်း နှင့်ဘုရားကို သိသော ဉာဏ်၌ တိုးပွားခြင်း စသည်တို့အားဖြင့် ထင်ရှားသည် (ကော ၁း၃-၄၊၆)။၃။ ထိုအချက်တို့ကြောင့် အစဉ်မပြတ် ဆုတောင်းပေးနေရခြင်းဖြစ်သည်။

ဆုတောင်းသောအချက်ဟူမူကား၊
၁။ အသနားခံတောင်းလျှောက်(ဂရိ-ငေအသကာနညသင) ချက်များရှိသည် (ကော ၁း၁၁)။
၂။ ကောလောသဲယုံကြည်သူများအတွက် ကိုယ်စားအသနားခံတောင်း ဆိုထားသော အရာများကို  ရှင်ပေါလုနှင့်သူ့လုပ်ဖော် ဆောင်ဖက်များသည် –
က။ ကြိုတင်စဉ်းစားထားသည်။
ခ။ ဓမ္မကြောင်းနှင့်အညီ ပြင်ဆင်ထားသည်။
ဂ။ အတူတကွ သဘောတူထားကြသည်။

To Contact : [email protected]