Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၅)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၅)

နက်နဲသော နှုတ်ကပတ်တော်
ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အားဘော်ပြသော နက်နဲသောရာ တည်းဟူသော ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကို အကုန်အစင်ဟောပြောစေခြင်းငှါ၊ သင်တို့အကျိုးကို ထောက်၍၊ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာတော်နှင့်အညီ၊ ငါသည် အသင်းတော်၌ ဓမ္မဆရာ ၏အဖြစ်သို့ ရောက်ရပြီ (ကော ၁ း ၂၅-၂၆)။

နက်နဲသောအရာသည် ဘုရားသခင်၏နှုတ်ကပတ် တရားတော် ဖြစ်သည်။ ဘုရားသခင်သည် သန့်ရှင်းသောသူတို့အား မိမိ၏နှုတ်ကပတ်တရားကို ဖွင့်ပြပေးသည်။ ထိုတရားတော်သည် ယုံကြည်သူတို့၏ အကျိုးကို ပြုစုတတ်သည်။ ဘုရားသခင်သည် အမှုတော်ဆောင်များအားဖြင့် ထိုအကျိုးကို ယုံကြည်သူတို့ အသက်တာ၌ ယခုပြုစုလျက်ရှိသည်။

ရှေးကပ်ကာလပတ်လုံး ...
၁။ ဘုရားသခင်သည် အတိတ်တစ်ချိန်က မိမိ၏နှုတ်ကပတ် တရားတော်ကို ဝှက်ထားလျက်ရှိခဲ့သည်။
၂။ လူတို့သည် ခရစ်တော်နှင့်အသင်းတော် တို့၏အကြောင်းကို သိနိုင်စွမ်းမရှိခဲ့ကြချေ။
က။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်ကို လည်းကောင်း၊
ခ။ အသင်းတော်သည် ခရစ်တော်၏ကိုယ် ဖြစ်သည်ကိုလည်း ကောင်း၊
ဂ။ ယုံကြည်သူတို့သည် အသင်းတော် ဖြစ်ကြသည်ကိုလည်း ကောင်း မသိခဲ့ကြချေ။
၃။ ရှေးကာလပတ်လုံး ဘုရားသခင်သည် ဧဝံဂေလိတရားကို အတိအလင်း ဖော်ပြထားခြင်း မရှိပါ။

ယခုတွင် …
၁။ ထိုဝှက်ထားသော တရားတော်ကို ဘုရားသခင်သည် ယခု အချိန်၌ ဖော်ပြတော်မူသည်။
၂။ ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်ကို သန့်ရှင်းသူတို့အား ဖော်ပြသည်။ သန့်ရှင်းသူတို့မှာ-
က။ ပရောဖက်များ၊
ခ။ တမန်တော်များနှင့်
ဂ။ ယုံကြည်သူများ စသည်တို့ ဖြစ်ကြသည်။
၃။ ထိုတရားတော်သည် အကုန်အစင် ဟောပြောရမည့် အရာ ဖြစ်သည်။

သင်တို့အကျိုးကိုထောက်၍ …
၁။ ဘုရားသခင်၏နက်နဲသောနှုတ်ကပတ်တော်သည် လူတို့ အတွက် မရှိမဖြစ်သောအရာ ဖြစ်သည်။
၂။ အကြောင်းရင်းမှာထိုနှုတ်ကပတ်တော်သည် လူတို့၏အကျိုး ကို ပြုစုတတ်သည်။
၃။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကောလောသဲယုံကြည် သူများအတွက် အကျိုးရှိသည်။
၄။ ထိုအကျိုးကို ကောလောသဲယုံကြည်သူတို့ ရရှိစေခြင်းငှာ၊ ဘုရား သခင်သည် ရှင်ပေါလုအားမိမိ၏သာသနာတော်ကို အပ်ပေး တော်မူသည်။

ဘုရားသခင်၏သာသနာတော် (သငုသညသာငေ)နှင့်အညီ …
၁။ ]ဘုရားသခင်၏သာသနာ} ကို ]ဘုရားသခင်၏အိမ်တွင်းစီမံ ကိန်း} ဟုပြန်ဆိုနိုင်သည်။
က။ ဘုရားသခင်၏ အုပ်ချုပ်စီမံကိန်းနှင့်အညီ
ခ။ ဘုရားသခင်၏ ထိန်းသိမ်းစောင့်ရှောက်ချက်နှင့်အညီ၊
ဂ။ ဘုရားသခင်၏ အိမ်တွင်းစီမံချက်နှင့်အညီ ဟုနားလည် ရမည်။
၂။ ထိုဘုရားသခင်၏အိမ်တွင်းစီမံချက်နှင့်အညီ၊ ပေါလုသည် အသင်းတော်၏ ဓမ္မဆရာဖြစ်လာသည်။ ဓမ္မဆရာ ဖြစ်ရခြင်း သည်-
က။ မိမိအလိုကြောင့် ဖြစ်လာသည် မဟုတ်၊ ဘုရားသခင်၏ အလိုတော်ကြောင့် ဖြစ်သည်။
ခ။ မိမိ၏အစွမ်းအစကြောင့် ဖြစ်လာသည် မဟုတ်၊ ဘုရား သခင်၏တန်ခိုးတော်ကြောင့်ဖြစ်သည်။
၃။ ပေါလု ဓမ္မဆရာ ဖြစ်လာရခြင်းသည် ကောလောသဲယုံကြည် သူတို့၏ အကျိုးကို ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ပြုစုရန် ဖြစ်သည်။
၄။ ဘုရားသခင်သည် အမှုတော်ဆောင်များအားဖြင့် ယုံကြည် သူအသင်းဝင်များ၏ အကျိုးကို ပြုစုလျက်ရှိသည်။

To Contact : [email protected]