Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၁)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၁)

အသင်းတော်၏ဦးခေါင်း
အသင်းတော်တည်းဟူသောကိုယ်၏ ဦးခေါင်းဖြစ်တော် မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍၊ သေ သော သူတို့တွင် သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား၊ ခပ်သိမ်းသောပြည့်စုံခြင်းကိုသားတော်၌ ကျိန်းဝပ်စေခြင်း ငှါ၎င်း၊ (ကော ၁း၁၈-၁၉)။
သခင်ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ် သည်။ အသင်းတော်၏ကိုယ်သည် ယုံကြည်သောသူတို့ဖြင့် ဖွဲ့စည်း ထားသည်။ ဦးခေါင်းနှင့်ကိုယ် ဆက်စပ်သကဲ့သို့ ခရစ်တော်နှင့် ယုံကြည်သူတို့သည်လည်း ဆက်စပ်နေကြသည်။

အသင်းတော်တည်းဟူသောကိုယ်
၁။ အသင်းတော်သည် ယုံကြည်သူများကို ဆိုလိုသည်။
၂။ ယုံကြည်သူများသည် ခရစ်တော်၏ ကိုယ်ဖြစ်သည်။
၃။ အသင်းတော်ဖြစ်သော ယုံကြည်သူတို့၏ ဦးခေါင်းသည် ခရစ် တော်ဖြစ်သည်။
က။ ဖန်ဆင်းရှင် ခရစ်တော်သည် အသင်းတော်ကို ဦးစီးအုပ် ချုပ်သည်။
ခ။ သခင်ယေရှုသည် အသင်းတော်ကို မိမိကိုယ်အဖြစ် စောင့် ရှောက်သည်။
၄။ ယုံကြသည်သူတို့သည် ခရစ်တော်၏ခန္ဓာကိုယ်ပီသစွာ အသက် ရှင်ရမည်။
၅။ အသင်းတော်သည် ခရစ်တော်၏ ဦးဆောင်မှုကို ဝန်ခံလျက် ရှင်သန်ရမည်။

အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းဖြစ်၍
၁။ သခင်ခရစ်တော်သည် အရာခပ်သိမ်းတို့၏ မူလအရင်းအမြစ် ဖြစ်သည်။
၂။ ဖြစ်တည်သမျှသောအရာတို့သည် သခင်ခရစ်တော်အားဖြင့် ဖြစ်ကြသည်။
၃။ ထို့ကြောင့် ခရစ်တော်သည် အရာရာ၌ ထူးမြတ်ရခြင်း ဖြစ် သည်။
၄။ ထူးမြတ်ခြင်း ဆိုသည်မှာ-
က။ အရေးအပါဆုံး၊
ခ။ အထင်ရှားဆုံးနှင့်
ဂ။ အစိုးရဆုံး သောသူဖြစ်ခြင်းကို ဆိုလိုသည်။

သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏
၁။ သေသောသူတို့ သည် ယုံကြည်လျက် သေသွားသော သူတို့ကို ရည်ညွှန်းသည်။
၂။ ခရစ်တော်ကို ယုံကြည်သောသူအပေါင်းတို့သည် သေလွန် သော်လည်း ပြန်လည်ရှင်ပြန်ထမြောက်ကြလိမ့်မည် (ယောဟန် ၁၁း၂၅)။
၃။ သခင်ယေရှုသည် အဦးဆုံးသော ရှင်ပြန်ထမြောက်သောသူ ဖြစ်သည်။
၄။ ယုံကြည်လျက် သေလွန်သောသူအပေါင်းတို့သည် ခရစ်တော် နည်းတူ ရှင်ပြန်ထမြောက်ကြလိမ့်မည် (၁ကော ၁၅း၁၂-၂၈)။
၅။ ခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်း၌ (ယုံကြည်သောသူတို့ တွင်) သားဦးဖြစ်တော်မူသည်။
က။ အဦးဆုံး ရှင်ပြန်ထမြောက်သောသူ ဖြစ်သည်။
ခ။ ရှေ့မှ ဦးဆောင်ပြီး ထမြောက်သောသူ ဖြစ်သည်။

အကြောင်းမူကား
၁။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ရခြင်း၊ ယုံကြည် လျက် သေသွားသောသူတို့တွင် သားဦးဖြစ်ရခြင်းမှာ အကြောင်း ရှိသည်။
၂။ ဤ ]အကြောင်းမူကား} စာကြောင်းသည် အောက်ပါ အကြောင်းတရားကို ဖော်ပြသည်။
က။ ခမည်းတော်သည် ခပ်သိမ်းသောပြည့်စုံခြင်းကို သားတော် ၌ ကျိန်းဝပ်စေလိုသည်(ကော ၁း၁၉)။
ခ။ ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို သားတော် အားဖြင့် ပြန်လည်သင့်မြတ်စေလိုသည် (ကော ၁း၂၀)။
၃။ သခင်ခရစ်တော်၌ ]ခပ်သိမ်းသောပြည့်စုံခြင်း} ကျိန်းဝပ်သည် (ကော ၁း၁၉)။
က။ သခင်ယေရှုသည် ပြည့်စုံသော မေရှိယ ဖြစ်သည်။
ခ။ သခင်ခရစ်တော်သည် စုံလင်သော ဘုရားစစ်၊ဘုရားမှန် ဖြစ်သည်။
ဂ။ ယုံကြည်သူတို့အတွက် သခင်ယေရှုသည် လုံလောက်ပြည့် စုံသော ကယ်တင်ရှင် ဖြစ်သည်။

To Contact : [email protected]