Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၁၀)

ထိုသခင်၌ ကျင်လည်ကြလော့ (၁၀)

သားတော်သခင်ယေရှု (၂)
အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရိုသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဠ် အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဘို့အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်း လျက်ဖြစ်ကြ၏။သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏ (ကော ၁း၁၆-၁၇)။

သခင်ယေရှုခရစ်တော်သည် အမှန်ပင် ကြီးမြတ်သော သူ ဖြစ်သည်။ ခရစ်တော်သည် အများတကာထက် မြင့်မြတ်သူ ဖြစ်ကြောင်းကို အောက်ပါအချက်များ၌ ထင်ရှားစွာတွေ့မြင်နိုင်ပါ သည်။

အကြောင်းမူကား၊ ထိုသားတော်သည် …

၁။အရာခပ်သိမ်းတို့တွင် သားဦးဖြစ်ရခြင်းမှာ ဖန်ဆင်းသောသူဖြစ်သောကြောင့် ဖြစ်သည်။
က။ မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာများကိုလည်း ဖန်ဆင်းသည်။
ခ။ အာဏာစက်နှင့်တန်ခိုးတို့ကိုလည်း ဖန်ဆင်းသည်။
၂။ သခင်ယေရှုသည် အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင် ဖြစ်သည်။
ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့အလို့ငှါ …
၃။ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့် ဖြစ်ကြသည်။
က။ ခရစ်တော်၏ဖန်ဆင်းခြင်းနှင့်ကင်းလွတ်လျက် တည်ရှိ သောအရာများ မရှိ။ ခ။ခရစ်တော်အားဖြင့်ဖန်ဆင်းခြင်းခံကြရသည် (ယောဟန် ၁း၃)။
ဂ။ ခရစ်တော်၏တန်ခိုးတော်အားဖြင့် ဖြစ်တည်ကြသည် (ကော ၁း၁၇)။
၄။ အရာခပ်သိမ်းတို့သည် ထိုသခင်အဖို့အလို့ငှာ ဖြစ်ကြသည်။
က။ သခင်ယေရှု၏ ဘုန်းတော်ထင်ရှားစေခြင်းငှါ ဖြစ်ကြသည်။
ခ။ သခင်ယေရှု၏ဩဇာအာဏာကို ဝန်ခံလျက် နာမတော်ကို ချီးမွမ်းကြရန်ဖြစ်သည် (ဖိလိ ၂း၁၀-၁၁)။
ဂ။ ဤသည်ကား အရာခပ်သိမ်းတို့၏ ဦးတည်ချက် ဖြစ်သည်။
သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍
၁။ ဘုရားသခင်၏သားတော် ခရစ်တော်သည် ဖန်ဆင်းခြင်းခံရသောသူ မဟုတ်။
၂။ ခရစ်တော်ယေရှုသည် အရာခပ်သိမ်းတို့၏ ဖန်ဆင်းရှင် ဖြစ်သည်။
၃။ ခပ်သိမ်းသောအရာမဖြစ်မီ ခရစ်တော်သည် ဖြစ်တော်မူသည်။
က။ သူသည် အစအဦးကတည်းက ရှိတော်မူသည် (ယောဟန် ၁း၁)။
ခ။ သူသည် ဘုရားသခင်နှင့်အတူ ရှိတော်မူသည်။
၄။ သခင်ယေရှုသည် အချိန်ကာလနှင့်နေရာဒေသတို့မှ အုပ်စိုးခြင်း မရှိသော ဖန်ဆင်းရှင်-ဘုရားသခင်ဖြစ်သည်။

ခရစ်တော်ဗေဒနှင့်ဆိုင်သော ဆင်ခြင်သုံးသပ်ချက်

၁။ သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်(ကော ၁း၁၃၊ ယောဟန် ၃း၁၆)။
၂။ ဘုရားသခင်၏သားတော်အဖြစ် သူသည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းသည်။
၃။ အရာခပ်သိမ်းတို့သည်လည်း သခင်ခရစ်တော်အတွက်သာ ဖြစ်ကြသည်။
က။ သူတို့၏ဖြစ်တည်ရခြင်းသည် ခရစ်တော်အားဖြင့် ဖြစ်သည်။
ခ။ သူတို့၏တည်ရှိရခြင်း အကြောင်းရင်းသည် ခရစ်တော်သာဖြစ်သည်။
၄။ သခင်ခရစ်တော်သည် ကာလအချိန် အရာခပ်သိမ်းတို့ မရှိ၊ မဖြစ် မီ ရှိတော်မူသည်။
က။ ဘုရားသခင်နှင့်အတူ ဖြစ်တော်မူသောသူ ဖြစ်သည်။
ခ။ ဘုရားသခင်နှင့်အတူ ရှိတော်မူသောသူ ဖြစ်သည်။
ဂ။ ဘုရားသခင်ပင် ဖြစ်သည်။
၅။ သခင်ယေရှုသည်အစိုးရသောအရှင် ဖြစ်သည် (တမန် ၅း၃၁)။ ခရစ်တော်သည် –
က။ အထွတ်အမြတ်နှင့်အာဏာစက်တို့ကို အုပ်စိုးသူ
ခ။ ရာဇပလ္လင်နှင့်အစိုးရခြင်းတန်ခိုးတို့ကို ထိန်းချုပ်သူ
ဂ။ ရူပအရာနှင့်အရူပအရာတို့ကို ဖန်ဆင်းသူ စသည်တို့ ဖြစ်သည်။

To Contact : [email protected]