Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၈)

ထိုသခင်၌ ကျင်လည်ကြလော့ (၈)

ကျေးဇူးတော်၏အကျိုး
အလင်း၌နေသောသန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။ မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍၊ ချစ်တော်မူသော သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏ ။ (ကော ၁း၁၂-၁၃)။

ခမည်းတော်၏ကျေးဇူးတော်သည် သခင်ခရစ်တော်၌ ထင်ရှားသည်။ ကျွနု်ပ်တို့သည် ထိုသခင်အားဖြင့် ပေါ်ထွန်းသော ကျေးဇူးတော်၏အကျိုးကို ခံစားကြသည်။ ထိုအကျိုးကျေးဇူးများကို လေ့လာကြပါစို့။

 

“သန့်ရှင်းသူတို့၏အမွေကိုဆက်ဆံဝင်စားထိုက်”စေခြင်း

၁။ အလင်း၌နေသောသန့်ရှင်းသူတို့
က။ အလင်းသည် သမ္မာတရား၊ အမှန်တရားကို ရည်ညွှန်းသည် (ဆာလံ ၁၁၉း၁၃၀)။
ခ။ အလင်းသည် ဘုရားသခင်၏အုပ်စိုးခြင်းကိုလည်း ရည်ညွှန်းသည် (၂ ကော ၄း၆၊ ဧဖက် ၅း၈-၉)။၂။ သန့်ရှင်းသူတို့၏အမွေ
က။ ခရစ်တော်ကို ယုံကြည်လက်ခံသမျှသောသူတို့ကို သန့်ရှင်းသူများဟု သတ်မှတ်သည်။
ခ။ ယုံကြည်သူတိုင်းသည်အမွေစား၊ အမွေခံ များဖြစ်ကြသည်(ဂလာတိ ၃း၂၉)။
ဂ။ ယုံကြည်သူတိုင်းသည်ခရစ်တော်နှင့်ဆက်ဆံသော အမွေခံများ ဖြစ်ကြသည် (ရောမ ၈း၁၇)။
ဃ။ အမွေတော်၏ ဘုန်းစည်းစိမ်သည် အလွန်ကြီးမားသည် (ဧဖက် ၁း၁၈)။
င။ ကျွနု်ပ်တို့သည် မိမိတို့ ရသင့်ရထိုက်သော အမွေတော်ဝေစုကို ရရှိကြမည်။
၃။ ဆက်ဆံဝင်စားထိုက် (hikanosanti)
က။ ဂရိ စကားလုံး (hikanosanti)၏အဓိပ္ပာယ်မှာ တတ်စွမ်းစေခြင်း၊ လိုအပ်သောအရည်အချင်းနှင့် ပြည့်စုံစေခြင်း
ဖြစ်သည်။ ဘုရားသခင်ပေးတော်မူသော”အစွမ်းသတ္တိ”ဖြစ်သည် (၂ကော ၃း၆)။
ခ။ ထိုသန့်ရှင်းသူတို့၏အမွေကို ကျွနု်ပ်တို့ဆက်ဆံဝင်စားရခြင်းသည် ဘုရားသခင်၏ကျေးဇူးတော်သက်သက် ကြောင့် ဖြစ်သည်။
ဂ။ ကျွနု်ပ်တို့ အပေါ်၌ ဘုရားသခင်အမှန် ကျေးဇူးပြုတော်မူသည်။

မှောင်မိုက်တန်ခိုးမှ …နှုတ် ယူကယ်တင်ခြင်း
၁။ မှောင်မိုက်တန်ခိုးသည် စာတန်မာရ်နတ် နှင့် ၎င်း၏ အုပ်စိုးခြင်းကို ရည်ညွှန်းသည်။
၂။ မှောင်မိုက်သည် အပြစ်နွံထဲ၌ ကျင်လည်ခြင်းကိုလည်း ဆိုလိုသည်။
၃။ ဘုရားသခင်သည် စာတန်၏လက်ထဲမှ ကျွနု်ပ်တို့ကို နှုတ်ယူ၍၊အပြစ်၏စိုးမိုးခြင်းမှ လွတ်မြောက်စေသည်။
က။ ဂရိစကား (နမပျအေသ) သည် မိမိထံတော်သို့ ဆွဲယူသည်ဟုအဓိပ္ပာယ်ရသည်။
ခ။ ဘုရားသခင်သည် ကျွနု်ပ်တို့ကို စာတန်လက်မှ နှုတ်ယူသောအခါ၊ ကျွနု်ပ်တို့အား သူ့ထံတော်သို့ ဆွဲခေါ်သည်။

 

“သားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ”ခြင်း
၁။ ဘုရားသခင်၌ သားတော်တစ်ပါးတည်းသာ ရှိသည်။ ထိုသားတော်သည် သခင်ယေရှုခရစ်ဖြစ်သည်။
၂။ ခမည်းတော်ဘုရားသည် သားတော်ကို အလွန်ချစ်တော်မူသည် (မဿဲ ၃း၁၇၊ ယောဟန် ၃း၁၆)။
၃။ ထို့ကြောင့် ဘုရားသခင်သည် သားတော်အား အောက်ပါတို့ကိုပေးတော်မူသည်။
က။ တရားစီရင်ခြင်းအခွင့် (ယောဟန် ၅း၂၃၊၂၇)။
ခ။ ထာဝရအသက်ပိုင်ဆိုင်ရသောအခွင့် (ယောဟန် ၅း၂၆)။
ဂ။ ရွေးချယ်သတ်မှတ်ထားသောသူများ(ယောဟန် ၆း၃၇၊ ၄၄။ ၁ရး၆)။
၄။ ဘုရားသခင်သည် ထိုချစ်သောသားတော်၏နိုင်ငံထဲသို့ ကျွနု်ပ်တို့ကို သွင်းတော်မူသည်။
က။ စာတန်၏အုပ်စိုးခြင်းမှ ခရစ်တော်၏အုပ်စိုးခြင်းသို့ ကူးပြောင်းစေသည်။
ခ။ အပြစ်၏စိုးမိုးခြင်းမှအပြစ်စီရင်ခြင်းနှင့်ကင်းလွတ်ခြင်း သို့ပို့ဆောင်သည်။
ဂ။ အပြစ်၌ကျင်လည်သောကျွန်အဖြစ်မှ အလင်း၌ကျင်လည်သော သားသမီးအဖြစ်သို့ ပြုပြင်ပြောင်းလဲပေးသည်။

To Contact : [email protected]