Bethany Independent Presbyterian Church

Myanmar

ထိုသခင်၌ ကျင်လည်ကြလော့ (၆)

ထိုသခင်၌ ကျင်လည်ကြလော့ (၆)

အသနားခံတောင်းဆိုချက်များ (၁)
ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်း သောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကို သီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ်၌ တိုးပွားခြင်းရှိ သဖြင့်၎င်း၊ ဝမ်းမြောက်သောစိတ်နှင့်အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ၊ ဘုန်းကြီးသောတန်ခိုးတော် အတိုင်း ခွန်အားနှင့်ပြည့်စုံသဖြင့်၎င်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့်ထိုက် လျောက်စွာ ကျင့်၍အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာ ပြု၏ (ကော ၁း၁၁)။

ကိုယ်စားပြုဆုတောင်းခြင်းသည် ယေဘုယျအားဖြင့် ဆုတောင်းခြင်းမျိုး မဟုတ်ဘဲ၊ တိတိကျကျ အသနားခံတောင်း လျှောက်ခြင်းဖြစ်သည်။ ထိုတောင်းဆိုချက်များသည် ဓမ္မကြောင်းနှင့် လည်း ညီ ရမည်။ ကောလောသဲယုံကြည်သူများအတွက် ရှင်ပေါလု နှင့်အပေါင်းအပါများကဘုရားသခင်ထံ အသနားခံတောင်းဆိုချက် များကို လေ့လာကြပါစို့။

 

ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း

၁။ ယုံကြည်သူများသည် ကောင်းသောအမှုအမျိုးမျိုးကို လုပ်ဆောင်ရန် သခင်ခရစ်တော်၌ပြုပြင်ဖန်ဆင်းခြင်း ခံကြရသည် (ဧဖက် ၂း၁၀)။
၂။ ထိုသို့ ဘုရားသခင်၏ပြင်ဆင်တော်မူချက်နှင့်အညီ ဆုတောင်းခြင်းသည် အလွန်သင့်မြတ်ပေသည်။

 

ဘုရားသခင်ကို သိသောဉာဏ်၌ တိုးပွားခြင်း

ဘုရားသခင်အား အမှန်သိကျွမ်းခြင်းသည် ယုံကြည်သူ တို့၏အသက်သွေးကြောပင် ဖြစ်သည်။ ဘုရားသခင်အား လက်တွေ့၌ မသိလိုခြင်း (စမခေအငခေူ အေ့နငျာ) သည် ဆုံးရှုံးခြင်း၏ အကြောင်းတရားဖြစ်သည် (ဟောရှေ ၄း၆)။ ဘုရားသခင်သညယဇ်ပူဇော်ခြင်းထက်၊ သနားခြင်းကရုဏာကိုကျင့်ခြင်းနှင့် သူအား သိကျွမ်းခြင်းကို နှစ်သက်တော်မူ၏ (ဟောရှေ ၆း၆)။

 

ဝမ်းမြောက်သောစိတ်နှင့်အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်း

အခက်ခဲများကို သည်းခံခြင်းသည်(၂ တိ ၂း၃) စိတ်ရှည်ခြင်းပင် ဖြစ်သည်။ မျှော်လင့်သော အရာများကို အခိုင်အမာ စိတ်စွဲလမ်းခြင်းဖြင့် (ဟေဗြဲ ၁၁း၁) သည်းခံနိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် ယုံကြည်သူများ၏အကျိုးကို အရာ ခပ်သိမ်းတို့၌ ပြုစုနေသည်ဟု (ရောမ ၈း၂၈)တွင် ဖော်ပြထားသည့် စွဲလမ်းခြင်းသည် ဝမ်းမြောက်တတ်သောစိတ်ကို မွေးဖွားပေးသည်။

 

ဘုန်းကြီးသောတန်ခိုးတော်အတိုင်းခွန်အားနှင့်ပြည့်စုံခြင်း

၁။ “ဘုန်းကြီးသော တန်ခိုးတော်”
က။ “ဘုန်း”သည် “အလှအပ”ကိုဖော်ညွှန်းသည်။
ခ။ လူတို့၏အကျိုးကို ပြုစုသော တန်ခိုးတော် ဖြစ်သည်။
ဂ။ ဘုရားသခင်၏ တန်ခိုးတော်သည် ကျွနု်ပ်တို့၏အကျိုးအလိုငှာ ဖြစ်သည်။
၂။ ခွန်အားနှင့်ပြည့်စုံခြင်း
ဘုရားသခင်၏ဘုန်းကြီးသောတန်ခိုးတော်၏အကျိုး ကို ယုံကြည်သူတိုင်း ခံစားခွင့်ရှိကြသည်။ အမှုတော်မြတ်နှင့် အသက် တာအတွက် လိုအပ်သော ခွန်အားကို ဘုရားသခင်မှသာ ရရှိနိုင် သည်။ ထိုသို့ ဘုရားပေးသော ခွန်အား၊ တန်ခိုးနှင့် ပြည့်စုံခြင်း သည် ခရစ်တော်၏သွန်သင်ချက်လည်း ဖြစ်သည် (မဿဲ ၂၈း၁၈၊ တမန် ၁း၈)။

ထိုသို့ ဘုရားသခင် မ စမှသာလျှင် ကျွနု်ပ်တို့သည်
၁။ ကောင်းသောအကျင့်အမျိုးမျိုးကို ကျင့်နိုင်မည်။
၂။ ဘုရားသခင်အား ပို၍သိကျွမ်းနိုင်မည်။
၃။ အခက်ခဲများကို သည်းခံနိုင်မည်။
၄။ မျှော်လင့်သောအရာများ၌ စိတ်ရှည်နိုင်မည်။
၅။ ဝမ်းမြောက်တတ်သောစိတ်လည်း မွေးနိုင်မည်။

To Contact : [email protected]