Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၁၂) ရက်

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဒီဇင်ဘာလ (၁၂) ရက်

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

၈ အထက်ကာလ၌သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား၊ သခင်ဘုရား၌အလင်းဖြစ်ကြ၏။ သို့ဖြစ်၍ အလင်း၏သားကဲ့သို့ ကျင့်နေကြလော့။
၉ အလင်းတော်၏ အကျိုးမူကား၊ အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း ဖြစ် သတည်း။
၁၀ သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။

(ဧဖက် ၅း၈-၁၀)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ အထက်ကာလ၌သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။

က။ အတိတ်တစ်ချိန်က အကျွနု်ပ်တု့ိသည် မှောင်မိုက်၌ နေခဲ့ကြသည်ကို လုံး၀ မမေ့သင့်ပေ။
ခ။ မှောင်မိုက်အတိ

(၁) အလင်းမရှိ။
(၂) မှောင်မိုတ်၌အတိဖြစ်သောသူသည် မည်သည့်အရာကိုမျှ မမြင်နိုင်။
(၃) ဆိုးဝါးသောအန္ဒာရာယ်သည် မှောင်မိုက်၌ ရှိသည်။

၂။ ယခုမူကား၊ သခင်ဘုရား၌အလင်းဖြစ်ကြ၏။

က။ သခင်ဘုရားသည် အကျွန်ုပ်တို့ကို အလင်းပေးသည်။

(၁) ကယ်တင်ခြင်း အလင်းပေးသည်။
(၂) ဘေးကို မကြောက်ဘဲ လျှောက်လှမ်းခြင်းငှါ အလင်းပေးသည်။

ခ။ သခင်ဘုရား၌ တည်သော အလင်း

(၁) အကျွန်ုပ်တို့သည် ထာဝစဉ်သော အလင်းကို ပိုင်ဆိုင်ကြသည်။
(၂) အကျွန်ုပ်တို့သည် လောက၏အလင်းဖြစ်ကြရမည်။

၃။ ဝိညာဉ်ပကတိ၏အကျိုးများ

က။ ကလာတိ ၅း၂၂-၂၃ ၌တွေ့ရသော ဝိညာဉ်ပကတိအကျိုးနှင့် တူသည်။
ခ။ အောက်မေ့သတိရစေခြင်းငှါ ရေးသားခြင်းသာ ဖြစ်သည်။
ဂ။ ဝိညာဉ်ပကတိ၏အကျိုးများကို အောက်ပါတို့၌ ထင်ရှားလျက် ရှိရမည်။

(၁) အလုံးစုံသော ကောင်းမွန်ခြင်း၊
(၂) ဖြောင့်မတ်ခြင်း၊
(၃) သစ္စာစောင့်ခြင်း

၄။ သခင်ဘုရားနှစ်သက်တော်မူသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်ကြလော့။

က။ မည်သည့်အရာကိုမျှ ပေါ့တန်စွာ မခံယူသင့်ချေ။
ခ။ သခင်ဘုရား နှစ်သက်တော်မူသော အရာသည် အဘယ်နည်း။

(၁) သမ္မာကျမ်းကို သေချာစေ့စစ်ပါ။
(၂) ရှင်းလင်းပြတ်သားသော ပုံဥပမာများကို သမ္မကျမ်းစား၌ တွေ့ရလိမ့်မည်။

 

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ အလင်း၏သားသမီးများဖြစ်သည်နှင့်အညီ ကျင့်နေကြပါ။

က။ “ကျင့်” ဟူသော စကားလုံးကို သတိပြုမိပါ။
ခ။ အသက်တာ၌ “ကျင့်ကြံနေထိုင်ခြင်း” ကိုဆိုလိုသည်။

၂။ အကျွန်ုပ်တို့သည်

က။ ဘုရားသခင်၏သားသမီးများ ဖြစ်ကြသည်။
ခ။ အလင်း၏သားသမီးများ ဖြစ်ကြသည်။

၃။ သခင်ဘုရား၏အစေခံများပီပီ ဘုရားသခင်ဖြစ်စေလိုခြင်းငှါ ခေါ်တော်မူသော အမှုအရာတို့ကို ပြည့်ဝစုံလင်စေကြစို့။
၄။ အကျွန်ုပ်တို့ အသင်းတော်များအတွက် အလင်းဖြစ်ကြစို့။

 

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်