Bethany Independent Presbyterian Church

Myanmar

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၉) ရက်

ဘီထီအက်(စ်)သင်းအုပ်ပေးစာ ၂၀၂၁၊ သြဂုတ်လ (၉) ရက်

 

ကျမ်းချက်။ ။ဆာလံ ၂၅

ချစ်သောညီအစ်ကိုတို့၊

 

ဆင်ခြင်နှလုံးသွင်းခြင်း

အကြင်သူသည် ထာဝရဘုရားကို ကြောက်ရွံ့ တတ်၏။ ထိုသူအား နှစ်သက်ဘွယ်သောလမ်းကို ပြညွှန် တော်မူမည်။

ထိုသူသည် ကိုယ်တိုင်ကောင်းမွန်စွာ ကျိန်းဝပ် ၍၊ သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကို အမွေ ခံရလိမ့်မည်။
(ဆာလံ ၂၅း၁၂-၁၃)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း
မောရှေကိုယ်တိုင် သင်ပေးခဲ့သည်။

အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းတော်သို့ လိုက်သွား ခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်ခြင်း၊ သင်၏အကျိုးကို ထောက်၍ ယနေ့ ငါဆင့်ဆို သော ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက် ခြင်းအမှုမှတပါး၊သင်၏ဘုရားသခင် ထာဝရဘုရား သည် အဘယ်အမှုကို တောင်းတော်မူသနည်း။

(တရား ၁၀း၁၂-၁၃)

 

က) ဘုရားသခင်၏ တောင်းဆို (မိန့်မှာ)ချက် ဖြစ်သည်။
ခ) ဘုရားသခင်၏

(၁) အကြံပြုချက် မဟုတ်၊
(၂) ထို့ကြောင့်၊ မလိုချင်က ချန်လစ်လို့ ရသောအရာ မဟုတ်။

ဂ) ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကို အောက်ပါအတိုင်း ဖော်ပြသည်

(၁) လမ်းတော်သို့ လိုက်သွား ခြင်း၊
(၂) ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်ခြင်း၊
(၃) ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခြင်း၊
(၄) ထာဝရဘုရား၏ ပညတ်တော်ကို စောင့်ရှောက် ခြင်း၊

၂။ ဒါဝဒ်မင်းကြီးသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်းကို လက်တွေ့ကျင့်ရန် တိုက်တွန်းသည်။

က။ ဘုရားသခင်သည် အဘယ်သူကို လမ်းပြသွန်သင်မည်နည်း။
ထာဝရဘုရားကို ကြောက်သောသူကို သွန်သင်မည်။

ခ။ မည်သည့်အရာကို သွန်သင်မည်နည်း။

(၁) ကိုယ်တော်၏လမ်း
(၂) ကိုယ်တော်နှစ်သက်၍ ရွေးချယ်သောလမ်း၊
၃။ ထယဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ
က။ ဘုရားသခင်သည် ကောင်းမွန်စွာ (အလွန်ချမ်းသာသည်အထိ) ကောင်းချီး
ပေးနိုင်သည်။
ခ။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများသည်လည်း ဘုရားသခင်ကို ကြောက်သော
သူ၏အမျိုးအနွယ်ထိတိုင် တည်နိုင်သည် ။

အသက်တာနှင့် အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း
၁။ အကျွန်ုပ်တို့အတွက် စိန်ခေါ်ချက်
က။ ဘုရားသခင်ကို ကြောက်တတ်မည်အကြောင်း သင်ယူခြင်း၊
ခ။ ထာဝရဘုရား ကြောက်ရွံ့ခြင်းကို လက်တွေ့ဖော်ဆောင်ခြင်း၊
(၁) စိတ်နှလုံးအကြွင်းမဲ့၊
(၂) လက်တွေ့လုပ်ဆောင်ချက်များနှင့်၊
၂။ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ
က။ ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့အား ပေးမည်ဟု ကတိပြုသော
ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။
ခ။ ဤကောင်းချီးမင်္ဂလာများသည် အသနားခံတောင်းလျောက်သောကြောင့်
ရရှိကြမည် မဟုတ်။
၃။ အချင်းချင်း တိုက်တွန်းကြလော့
က။ ထာဝရဘုရား ကြောက်ရွံခြင်းကို နားလည်ခြင်းငှါ၊
ခ။ ထာဝရဘုရား ကြောက်ရွံခြင်းကို ဘဝလမ်းစဉ်အဖြစ် ခံယူကျင့်ဆောင်ခြင်းငှါ၊

ဆုတောင်းလျက်
ပါစတာ ချားလ်(စ်)တန်

To Contact : [email protected]