Bethany Independent Presbyterian Church

Myanmar

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၂၈)

ပတ်စဉ်သင်းအုပ်ပေးစာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ (၂၈)

 

ချစ်သောညီအစ်ကိုတို့၊

ဆင်ခြင်နှလုံးသွင်းခြင်း

သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏။

(ဧဖက် ၁း၁၃-၁၄)

 

လေ့လာတွေ့ရှိချက်နှင့် အနက်ဖွင့်ခြင်း

၁။ ထိုခရစ်တော်၌

က။ သမ္မာတရားကို ဦးစွာ ကြားနာရသည်။

ခ။ ၎င်းမှာ ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားဖြစ်သည်။

ဂ။ ထိုနောက်မှ၊ ယုံကြည်ခြင်းနှင့် ကိုးစားခြင်း ဖြစ်သည်။

၂။ ဘုရားသခင်၏ဝိညာဉ်တော်

က။ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြသည်။

ခ။ တစ်ဆက်တည်း၌၊ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း ခံရကြသည်။

၃။ ဝိညာဉ်တော်၏ အဓိက အမှုတော်မြတ်နှစ်မျိုး

က။ သူသည် အကျွန်ုပ်တို့၏ တံဆိပ် ဖြစ်သည်။

(၁) အကျွန်ုပ်တို့သည် ထာဝရဘုရားသခင်နှင့်သက်ဆိုင်သည်ကို သက်သေထူသည်။

(၂) ဝိညာသ်တော်၏တံဆိပ်ခတ်ခြင်းသည် အကျွန်ုပ်တို့ ခံစားရသော (ဝါ)မျက်စိဖြင့် မြင်ရသောအရာ မဟုတ်။

(၃) ယုံကြည်ခြင်းဖြင့် ခံယူရမည့်အချက်ပင် ဖြစ်သည်။

ခ။ သူသည် အကျွန်ုပ်တို့၏စားရန် (အာမခံချက်) ဖြစ်သည်။

(၁) ဤစကားလုံးသည် စားရန်ငွေပေးသွန်းခြင်းကို ဖော်ပြရာ၌ သုံးသည်။

(၂) ဘုရားသခင်၏ဝိညာဉ်တော်သည် အကျွန်ုပ်တို့အသက်တာ၌ ဆက်လက်၍ အလုပ်လုပ်နေမည် ဖြစ်သည်။

၄။ ထာဝရဘုရားသခင်၌ တည်သော အကျွန်ုပ်တို့၏အမွေ

က။ အကျွန်ုပ်တို့သည် ထာဝရဘုရားသခင်၌တည်သော အမွေရှိကြသည်။

(၁) သမ္မာကျမ်းစာကို လေ့လာသင်ယူခြင်းအားဖြင့် ထိုအမွေကို နားလည်၍ သိမြင်နိုင်မည် ဖြစ်သည်။

(၂) ဤအမွေကို အကျွန်ုပ်တို့သည် အလွန်တရာမှ မြတ်နိူးကြရမည်။

ခ။ အကျွန်ုပ်တို့၏ ရွေးနှုတ်တော်မူခြင်း

(၁) ဘုရားသခင်၏ကယ်တင်ခြင်းသည် အလွန်နက်ရှိုင်းသည်။

(၂) အကျွန်ုပ်တို့၏အပြစ်များကြောင့်၊ အကျွန်ုပ်တို့သည် သေလျက် ဘာမျှမတတ်နိုင်ဘဲ ရှိနေကြသည်။

(၃) ဘုရားသခင်သည် အကျွန်ုပ်တို့ကို အပြည့်အ၀ ရွေးနှုတ်တော်မူမည်။

(၄) သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် အကျွန်ုပ်တို့ ရာနှုန်းပြည့် ရွေးနှုတ်ခံသည့်တိုင်အောင် သစ္စာရှိရှိ၊ ဇွဲလုံးလဝိရိယနှင့် ပြုပြင်အားထုတ်နေမည် ဖြစ်သည်။

၅။ ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်း

က။ အကျွန်ုပ်တို့၏ ကယ်တင်ခြင်းအမှုသည် ဘုရားသခင်၏အံ့ဖွယ်သော လက်ရာတော်ဖြစ်သည်။

ခ။ ဘုရားသခင်သည် မည်သည့်အသက်တာကိုမဆို ရွေးနှုတ်နိုင်ပြီး၊ သူ၏အမှုတော်မြတ်အဖို့အလို့ငှါ လှပ၍ အသုံးဝင်စေနိုင်သည်။

ဂ။ ပြောင်းလဲသော အကျွန်ုပ်တို့၏အသက်တာသည် ဘုရားသခင်၏နာမတော်၊ ဘုန်းတော်နှင့် ချီးမွမ်းခြင်းအကြောင်း ဖြစ်ရမည်။

 

အသက်တာနှင့်အမှုတော်မြတ်၌ လက်တွေ့ဖော်ဆောင်ခြင်း

၁။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ပို၍လေ့လာသင်ယူပါ။

၂။ အောက်ဖော်ပြပါ တုံ့ပြန်ချက်များကို သင်ယူပါ။

က။ ဝိညာဉ်တော်၏လမ်းပြခြင်းကို ရှာဖွေ၍ ခံယူခြင်း၊

ခ။ ဝိညာဉ်တော်၏အသိပေး(နှိုးဆော်)ခြင်းကို နာခံခြင်း၊

ဂ။ ဝိညာဉ်တော်၌ ဝမ်းမြောက်ရွှင်လန်းခြင်း၊

ဃ။ ဝိညာဉ်တော်က စိတ်နှလုံးကို တို့ထိသည့်အတိုင်း ဆုတောင်းခြင်း၊

၃။ ဝိညာသ်တော်နှင့်ပြည့်ဝသော ဘုရားသခင်၏အမှုတော်ဆောင်များ ဖြစ်ကြမည်အကြောင်း  ကြိုးစားအားထုတ်ကြစို့။

 

ဆုတောင်းလျက်

ပါစတာ ချားလ်(စ်)တန်