“သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်” လုကာ ၄း၁
နိဒါန်း
၁။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် အလွန်ပင်အရေးပါသည်။
၂။ ဘုရားသခင်၏ဝိညာဉ်တော်၏အလုပ်များထဲမှအရေးပါသောအရာတစ်ခုသည် ဆုတောင်းခြင်းအမှုနှင့်ပတ်သက်အမှုဖြစ်ပါသည်။
၃။ ဤအသစ်သောတရားဟောချက်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက်တာကို
ပြုစုပျိုးထောင်ခြင်းအမှု၌ အထောက်အကူဖြစ်ရန်ဖြစ်သည်။
၄။ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာ အခြေနေမှန်သည် ဘာဖြစ်မည်နည်း။
သန့်ရှင်းသောဝိညာဉ်တော်သည် မေရှိယအပေါ် ဆင်းသက်ခြင်း
၁။ ဤအချက်သည် ခရစ်ဝင်ကျမ်း (၃) ကျမ်းမှ ဂရုတစိုက်မှတ်တမ်းတင်ကြပါသည်။
၂။ အရေးပါမှု-
က) အတည်ပြုခြင်း
ခ) ဘိသိက်ခြင်း
ဂ) အခွင့်အာဏာပေးခြင်းနှင့် အစွမ်းသတ္တိပေးခြင်း
သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခြင်း၏ အကျိုးရလဒ်များ-
၁။ သခင်ယေရှုဖော်ပြခဲ့သည်-
က) သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံ၏။ လုကာ ၄း၁
ခ) ဝိညာဉ်တော်သည် သူ့ကို ပို့ဆောင်တော်မူ၏။ လုကာ ၄း၁
၂။ ဝိညာဉ်တော်နှင်ပြည့်စုံခြင်းသည် ဟေရှာယ ၁၁း၂ ၌ပရောဖက်ပြုခဲ့သည်။
က) ထာဝရဘုရား၏ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည်။
ခ) ပညာကိုပေးသော ဝိညာဉ်
ဂ) ဉာဏ်ကိုပေးသောဝိညာဉ်
ဃ) ကြံစည်တတ်စွမ်းနိုင်သော ဝိညာဉ်
င) သတ္တိကိုပေးသော ဝိညာဉ်
စ) ထာဝရဘုရားကို သိသောဝိညာဉ်
ဆ) ထာဝရဘုရားကို ကြောက်ရွံ့ကြည်ညိုခြင်းကို ပေးသောဝိညာဉ်တော်
၃။ ဘုရားသခင်၏ဝိညာဉ်တောသည် ပို့ဆောင်၏ ဟူသောဆိုလိုရင်းသည်-
က) ဘုရားသခင်၏ဝိညာဉ်တော်၏ အခန်းကဏ္ဍ
၁) သူသည် ဦးဆောင်ခြင်းအမှုကိုပြုသည်။
၂) စောင့်ရှောက်ခြင်းတာဝန်ယူသည်။
၃) သူသည် ထိန်းချုပ်ခြင်းအပြည့်အဝရှိသည်။
ခ) သခင်ယေရှ၏လူသားဖြစ်ခြင်း၏အခန်းကဏ္ဍ
၁) သူသည် ဘုရားသခင်၏ဝိညာဉ်တော်ထံ အညံ့ခံသည်။
၂) သူသည်နောက်လိုက်သည်။
၃) သူသည် နာခံသည်။
တောသို့ပို့ဆောင်တော်မူခြင်း
၁။ သခင်ယေရှုသည် တောသို့သွားရန်ပို့ဆောင်ခြင်းခံတော်မူ၏။
က) သဲကန္တရသည် အလွန်ကြမ်းတမ်းသောမြေပြင်အနေအထားဖြစ်၏။
ခ) ၎င်းသည်သာမန်လူတို့အချိန်များစွာ အသုံးပြုရန်လိုချင်သော နေရာမဟုတ်ပေ။
ဂ) အားနည်းသောသူသည် အန္တရာယ်အပြည့်မဖြစ်မနေကြုံ၍ သေခြင်းလည်းကြုံနိုင်သည်။
ဃ) သခင်ယေရှုသည် အောက်ပါစိန်ခေါ်ချက်များကို ရင်ဆိုင်ကြုံတွေ့မည်ဖြစ်သည်။
၁။ အထီးကျန်ခြင်း
၂။ ဆင်းရဲ ချို့တဲ့ခြင်း
၃။ အခက်အခဲ
၂။ သခင်ယေရှုသည် စာတန်နှင့် သူ၏စုံစမ်းသွေးဆောင်ခြင်းခံရန် ပို့ဆောင်ခြင်းခံသည်။
က) မာရ်နတ်၏ ရက်စက်မှု
ခ) မာရ်နတ်၏ ကလိမ်ကကျစ်အပြုအမူ
ဂ) မာရ်နတ်၏ ကြမ်းတမ်းခြင်း
၃။ သခင်ယေရှုသင်ယူရမည့် သင်ခန်းစာများ-
က) နှုတ်ကပတ်တော်သိကျွမ်းခြင်းနှင့် ပြည့်စုံရန်ဖြစ်သည်။
ခ) နေ့ရက်စဉ်တိုင်း၌ ဘုရားသခင်နှင့်နီးကပ်စွာမိတ်သဟာရဖွဲ့ရန်ဖြစ်သည်။
ဂ) အမှုတော်လုပ်ငန်းအတွက် မေရှိယအားစုံလင်စေခြင်းကို ပရောဖက်ပြုချက်နှင့်ဆိုင်သော ရှုမြင်ခြင်း
၄။ ငါသည် ပင်ပန်းသောသူအား မစခြင်းဌါ စကားပြောတတ်မည်အကြောင်း၊
အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကိုငါ့အားပေးတော်မူပြီ။
နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူပြီ။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း၊ ငါ့နားကို နှိုးဆော်တော်မူပြီ။
၅။ အရှင်ထာဝရဘုရားသည် ငါ့နားကိုဖွင့်တော်မူ၍ ငါလည်းမငြင်းဆန်၊ နောက်သို့မဆုတ်။ ဟေရှာယ ၅၀း ၄-၅
၁။ နေ့ရက်အစဉ်တိုင်း သင်ယူခြင်း
၂။ နားတော်ကို ဖွင့်တော်မူခြင်း
၃။ စာသင်သောသူကဲ့သို့ နားထောင်ခြင်း
သန့်ရှင်းသောဝိညာ်တော်၏ ပြည့်လျှံလုံလောက်ခြင်း
၁။ စုံစမ်းသွးဆောင်ခြင်းအမျိုးမျိုးတို့ကို ရင်ဆိုင်ရန် ပညာ။
၂။ စုံစမ်းသွေးဆောင်ခြင်းအလုံးစုံတို့ကို အောင်မြင်ကျော်လွှားရန် ဉာဏ်နှင့်သတ္တိ။
၃။ ဘုရားသခင်၏နှုတ်စကားတော်၌ သစ္စာရှိနှင့်၎င်း၊ ခိုင်ခံ့ခြင်းနှင့်၎င်း တည်မြဲရန် ထာဝရဘုရားကို ကြောက်ရွံ့ကြည်ညိုခြင်း။
အဘယ်ကြောင့် စုံစမ်းသွေးဆောင်ခြင်း၌ ကျွန်ုပ်တို့သည် ဒယိမ်းဒယိမ်ဖြစ်၍ ကျဆုံးရခြင်းအကြောင်းရင်းများ
၁။ ဉာဏ်ပညာကင်းမဲ့ခြင်း။
၂။ ယုံကြည်ခြင်းကင်းမဲ့ခြင်း။
၃။ အစွမ်းသတ္တိကင်းမဲ့ခြင်း။
၄။ ဆုတောင်းခြင်းကင်းမဲ့ခြင်း။
စိန်ခေါ်ချက်
၁။ ဘုရားသခင်၏ဝိညာဉ်တော်ပြည့်ဝရန် လိုချင်တောင့်တရန်။
၂။ ဝိညာဉ်တော်၏ ပို့ဆောင်ခြင်းခံရန်။
၃။ ပို၍ခိုင်ခံ့သော ဝိညာဉ်ရေးအသက်တာ ပြုစုပျိုးထောင်ရန်။