သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်၍ ကောလောသဲ ၁း၁၀က
နိဒါန်း
၁။ ကျွန်တော်တို့အတွက်သခင်ဘုရားလုပ်ပေးခဲ့တာအများကြီးရှိသည်။
၂။ သူ၏မစထောက်ပံ့ခြင်းသည် အံ့သြဖွယ်ဖြစ်သည်။
က) ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်း
ခ) ခွန်အားနှင့်တန်ခိုး
ဂ) အသင်းတော်
ဃ) မစထောက်ပံ့ဖို့သူ၏ဂတိတော်
င) ကာကွယ်စောင့်ရှောက်ဖို့နှင့် အတူပါရှိဖို့သူ၏ဂတိပေးထားပြီးသောအလုပ်
၃။ ကျွန်ပ်တို့၏စိန်ခေါ်ချက်ကဘာလဲ
သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်ဖို့
ကောလောသဲအသင်းတော်အတွက်ဆုတောင်းခြင်း
၉ ထိုကြောင့် ငါတို့သည်ကြားရသည်နေ့မှစ၍ သင့်တို့အဖို့အလို့ငှါ အစဥ်မပြတ် ဆုတောင်းပဌာ ပြုလျက်နေကြ၏။
ဆုတောင်းသောအချက်ဟူမူကား ပညာအမျိုးမျိုး၊ ဓမ္မညဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကိုအကုန်အစင်နားလည်ပါမည်အကြောင့်၊
၁၀ သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်၍အရာရာ၌နှစ်သက်တော်မူစေခြင်းဌါ၊ ကောင်းသော အကျင့်မျိုးမျိုးတည်းဟူသောအသီးကိုသီးခြင်း၊
ဘုရားသခင်ကိုသိသောညဏ်တိုးပွားခြင်း ရှိသဖြင့်၎င်း၊ ဆုတောင်းပဌနာပြု၏။ ကောလောသဲ ၁း၉-၁၀
၁။ ဆုတောင်းခြင်း (အပိုင်း ၁)
က) ဘုရားသခင်၏အလိုတော်ကိုသိကျွမ်းခြင်းနှင့်ပြည့်စုံဖို့ရန်
ခ) လိုအပ်သောပညာအမျိုးမျိုးရရှိဖို့ရန်
ဂ) ဓမ္မညဏ်အမျိုးမျိုးအားဖြင့်ရရှိဖို့ရန်
၂။ ဆုတောင်းခြင်း (အပိုင်း ၂)
က) သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်ဖို့ရန်
ခ) အရာရာ၌နှစ်သက်တော်မူစေခြင်း
ဂ) ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသောအသီးသီးခြင်း
င) ဘုရားသခင်ကိုသိသောညဏ်တိုးပွားခြင်း
လိုက်လျောက်စွာကျင့်ဖို့ခေါ်သည်
၃၂ ထို့ကြောင့် အကြင်သူသည် လူတို့ရှေ့မှာငါ့ကိုဝန်ခံအံ့၊ ကောင်းကင်ဘုံ၌ရှိသောခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။
၃၃ သို့သော်လည်း အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ ရှိသောခမည်းတော်ရှေ့မှာ ထိုသူကို ငါငြင်းပယ်မည်။
၃၄ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွတ်အံ့သောဌါ ငါလာသည်ဟုမထင်ကြနှင့်။
ငြိမ်သက်ခြင်းကို စေလွတ်အံ့သောဌါ ငါလာသည်မဟုတ်။ ဓားကိုစေလွတ်အံ့သောဌါ ငါလာသတည်း။
၃၅ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားစေခြင်းဌါ ငါလာသတည်း။
၃၆ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်။
၃၇ အကြင်သူငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏၊ ထိုသူသည်ငါနှင့်မထိုက်တန်။
အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားသမီးကိုသာ၍ချစ်၏ ထိုသူသည်ငါနှင့်မထိုက်တန်။
၃၈ အကြင်သူသည် မိမိလက်ဝါးကားတိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်တန်။
၃၉ မိမိအသက်ကိုတွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့အကြောင့်မိမိအသက်ကိုရှုံးသော သူမူကား အသက်ကိုတွေ့လိမ့်မည်။ ရှင်မဿဲ ၁၀း၃၂-၃၉
၁။ အကြောင်းအရာ အခြေနေ
က) တမန်တော်များခန့်အပ်ခြင်း
ခ) သူ၏အစေခံကျွန်များအနေနှင့် စေလွတ်ခြင်း
၂။ တစ်ချို့စိန်ခေါ်ချက်များကို မီးမောင်းထိုးပြခဲ့သည်။
က) ငြင်းပယ်ခြင်းကိုဝန်ခံခြင်း
၁။ ဤဟာသည် ရွေးချယ်မူဖြစ်သည်။
၂။ ရွေးချယ်မူ ပြုလုပ်ဖို့ဖြစ်သည်။
ခ) ငြိမ်သက်ခြင်း နှင့် ဓား
၁) သဘောတူညီချက်
၂။ သဘောမတူညီချက်
ဂ) မိသာစု
၁) စည်းလုံးခြင်း
၂) ကွဲပြားခြင်း
၃။ ထိုက်လျောက်ကျင့်ဖို့ စိန်ခေါ်ချက်များ
က) သခင်ဘုရားကိုချစ်ခြင်း
ခ) မိသားစုချစ်ခြင်း
ဂ) စိန်ခေါ်ချက်များ
၁) မိမိကိုယ်ကို ငြင်းပယ်ရန်
၂) မိမိလက်ဝါးကားထမ်းဖရန်
၃) သခင်ဘုရားနောက်ကိုလိုက်ရန်
၄) သခဘုရားအတွက် မိမိအသက်ကိုစွန့်ဖို့ပြင်ဆင်ရန်
အခြားသောစိန်ခေါ်ချက်စကားလုံးများ
၂၄ ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ့်ကိုယ်ကို ငြင်းပယ်ရမည်။
ကိုယ့်လက်ဝါးကားတိုင်ကို ထမ်း၍ ငါ့နောက်သို့လိုက်ရမည်။
၂၅ အကြင်သူသည် မိမိအသက်ကိုကယ်ဆယ်ခြင်းဌါအလိုရှိ၏။ ထိုသူသည်အသက်ရှုံးလိမ့်မည်။
အကြင်သူသည် ငါ့အကြောင့် အသက်ရှုံး၏ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။
၂၆ လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ကိုဆုံးရှုံးလျှင် အဘယ်အကျေးဇူး ရှိသနည်း။
မိမိအသက်ဝိညာဥ်ကိုအဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။
၂၇ လူသားသည်မိမိခမည်းတော်၏ဘုန်းအာနုဘော်ကို ဆောင်လျက်၊ မိမိကောင်းတမန်အခြံအရံတို့နှင့် ကြွလာတော်မူလတံ့။
ထိုအခါ လူအသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ဆပ်ပေးတော်မူလတံ့။ ရှင်မဿဲ ၁၆း၂၄-၂၇
၁။ တွးတောဆင်ခြင်ဖို့ သုံးခု
က) ကိုယ့်ကိုယ်ကိုငြင်းပယ်ရန်
ခ) သူ၏လက်ဝါးကားတိုင်ကိုထမ်းရန်
ဂ) နောက်လိုက်ရန်
၂။ ဆုံးရှုံးခြင်းနှင့် အကျိုးကျေးဇူး
က) ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍
ခ) မိမိအသက်ဝိညာဥ်ရှုံးလျှင်
၃။ ဆုလာဘ်ဂတိတော်
က) သခင်ဘုရားထံမှ
ခ) သူသည် ပြန်ကြွလာတော်မူသောအခါ
ကျွန်တော်တို့၏စိန်ခေါ်မူများ
၁။ သခင်ဘုရား၏ခေါ်ခြင်းကို ထိုက်လျောက်ကျင့်ရန်။
၂။ သခင်ဘုရားကကျွန်တော်တို့အားစိန်ခေါ်မူကို လုပ်ဆောင်ဖို့ သတိရလျက်လေ့ကျင့်ရန်။
၃။ ကျွန်တော်တို့သည် အဆုံးတိုင်အောင်သစ္စာရှိဖို့ စိတ်နှိမ့်ချစွာ ဆုတောင်းရန်။