Bethany Independent Presbyterian Church

Myanmar

“ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့” မဿဲ ၂၄း၁၅-၂၆၊ ယေရမိ ၂၈

“ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့” မဿဲ ၂၄း၁၅-၂၆၊ ယေရမိ ၂၈



နိဒါန်း

က။ မိစ္ဆာပရောဖက် ပြသနာသည် ရာစုနှစ်များစွာ ဖြစ်လာသည်

ခ။ ရှေး က္ကုသရေလ ခေတ်၌ များပြားခဲ့သည် ယေရမိ ၂၃၊ ယေရကျေလ ၁၃

ဂ။ နောက်ဆုံးသော ကာလ၌လည်း ပြန်ထကြွမည် ၂ တိ ၄၊ ၂ သက်သာ ၂

 

ခရစ်တော်ရောင်ဆောင်သူ နှင့် မစ္ဆာပရောဖက်များ ဆိုင်ရာ
သတိပေးခြင်း ၏နောက်ခံခြေအနေ

၁၅ ထို့ကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သောရွံ့ရှာဘွယ်အ ရာသည် သန့် ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့် သောသူသည် နားလည်ပါစေ။

၁၆ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။

၁၇ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှါ မဆင်းစေနှင့်။

၁၈ လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်။

၁၉ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသောမိန်းမတို့သည် အလွန်ခက် ကြ လိမ့်မည်။

၂၀သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့ လည်းမကျမည်အကြောင်း ဆု တောင်းကြလော့။

၂၁အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီး စွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။

၂၂ ထိုကာလတာရှည်လျှင် အဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်။ မဿဲ ၂၄း၁၅-၂၂

က။ ပူပင်သောက အချိန်များ၌

ခ။ ဘေးဒဏ်ကြီးကာလ၌

ဂ။ ထိုအချိန်းများသည်၊-

၁) ကြောက်ရွံ့ခြင်းဖြစ်ဖွါးစေသည်

၂) လူအများတို့သည် အားနည်းစေမည်

၃) ယုံကြည်ခြင်းအားနည်းသောသူသည် ကြီးမားစွာထိခိုက်ခြင်းခံနိုင်သည်

 

ခရစ်တော်ရောင်ဆောင်သောသူတို့ နှင့်မိစ္ဆာပရောဖက်တို့ ဆိုင်ရာသတိစကားများ

၂၃ ထိုအခါ သူတပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်းမယုံကြနှင့်။

၂၄ အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင်

လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။

၂၅ ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။

၂၆ ထို့ကြောင့် သူတို့ကခရစ်တော်သည် တော၌ရှိသည်ဟုဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။

၂၇လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။

၂၈အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတံ့။ မဿဲ ၂၄း၂၃-၂၈

က။ ခရစ်တော်၏အရောင်ဆောင်သူများ

၁) သူတို့သည် အထူးဘိသိက်ခြင်းခံသူဟု ကြေငြာမည်

၂) ဘုရားသခင်နှင့် အထူးဆက်ဆံမှုရှိသည်ဟု သူတို့အခိုင်အမာပြောဆိုမည်

၃) လူအများတို့အား လှည့်စားလာမည်

ခ။ မိစ္ဆာပရောဖက်များ

၁) လူအများတို့သည် ပရောဖက်ပြုခြင်းကို ကြားချင်ကြသည်

၂) သူတို့သည် အနာဂတ်မြင်နိုင်သူကဲ့သို့ ထင်ရှာသည်

၃) မိမိကျဆုံးခြင်းသို့ ပို့ဆောင်သော နောက်လိုက်များရှိလာမည်

ဂ။ သခင်ဘုရားမှ လာသော စိန်ခေါ်သံ

“ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။” မဿဲ ၂၄း၂၅

 

စာတန်၏ တန်ခိုးပါဝင်သည်

၁အစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊

ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊ ၂ သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။ ၃ အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့်

မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။

၄ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင်

ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သ တည်း။၅ ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟုသင်တို့သည် သတိမရ ကြသလော။၆ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှါ၊

ယခုဆီးထားသောအကြောင်းကိုလည်း သင်တို့ သိကြ၏။ ၇အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့

မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။ ၈ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏

ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ ၉ ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုးနှင့်၎င်း၊

၁၀ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။

၁၁ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌မွေ့လျော်သောသူအပေါင်းတို့သည်၊ ၁၂ တရားရှုံးခြင်းသို့ရောက်မည်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင်

အားထုတ်ခြင်း အခွင့်ကိုသူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။ ၂သက် ၂း၁-၁၂

က။ ဒုစရိုက်လူ၏ ပေါ်လွန်ထင်ရှားခြင်း

၁) ပျက်စီးခြင်း၏သား

၂) သူသည် သခင်ဘုရားအား ဆန့်ကျင်လာမည်

၃) သူသည် မိမိကိုယ်ကို ချီးမြှောက်မည်

၄) သူအားကိုးကွယ်ဖို့ ပြောဆိုလာမည်

ခ။ ဒုစရိုက်သား၏ အတွင်းတန်ခိုး

၁) စာတန်၏ အလုပ်

၂) တန်ခိုးသမျှ၊ နိမိတ်များ နှင့် လိမ်လည်သောအံ့ဖွယ်များ

၃) မရိုးသားသော လှည့်စားခြင်း

ဂ။ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်း

၁) လူတို့သည် သမ္မာတရား၏ ချစ်ခြင်းကို မခံစားသောအခါ

၂) မိစ္ဆာတရားယုံကြည်ခြင်းသို့ရောက်တတ်သည်

 

ခက်ခဲသောကာလ

၁ နောင်ကာလသည် ခဲယဉ်းသော ကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊

၂ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊

သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊

၃ ပကတိကြင်နာ စုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊

၄သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍၊

၅ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။

၆ ဒုစရိုက်အပြစ်ဝန်ကို ထမ်းရွက်၍၊ အထူးထူးအပြားပြားသော လောဘကိလေသာ သွေးဆောင်ရာ သို့လိုက်၍၊ အစဉ်သင်သော်လည်း၊

၇ သမ္မာတရားကို လေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်သော မိန်းမမိုက်တို့ကို၊ အိမ်ထဲသို့ဝင်၍ ဘမ်းသွားသောသူတို့သည် ထိုသူတို့အဝင် ဖြစ်ကြ၏။

၈ယန္နေနှင့်ယံဗြေသည် မောရှေကိုဆီးတားသကဲ့သို့၊ ထိုသူတို့သည် သမ္မာတရားကိုဆီးတားကြ၏။ စိတ်နှလုံးယိုယွင်း၍ ယုံကြည်ယောင်ဆောင်သောသူဖြစ်ကြ၏။

၉ ထိုသူနှစ်ယောက်တို့၏ မိုက်မဲခြင်းသည် လူအပေါင်းတို့ရှေ့မှာ ထင်ရှားသကဲ့သို့၊ ဤသူတို့၏ မိုက်မဲ ခြင်းသည်လည်း ထင်ရှားလိမ့်မည်။ သို့ဖြစ်၍ သူတို့သည် တိုး၍မလွန်မသွားရကြ။ ၂တိ ၃း၁-၉

က။ နောက်ဆုံးသော ကာလသည် ခက်ခဲသော ကာလဖြစ်သည်

ခ။ ကျွန်တော်တို့သည် မိစ္ဆာဆရာများကို မှတ်တတ်ရန် သင်ယူဖို့လိုသည်

 

နိဂုံး

၁၄ သင်သည်အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ၁၅ ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ် သောအရွယ်မှစ၍

လေ့ကျက် သည်ကို၎င်း သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။ ၁၆ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊

၁၇ ဘုရားသခင်၏ လူသည်စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတို့ကို  ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူ ဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း၊

ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။ ၂တိ ၃း၁၄-၁၇

က။ ကျွန်တော်တို့သည် သမ္မာကျမ်းစာကို ပိုပြီးသိရမည်၊

ခ။ ကျွန်တော်တို့သည် ဘဝနှင့် အမှုတော်အတွက် စုံလင်သောသူ၊ ကောင်းမွန်စွာ ပြင်ဆင်သောသူ ဖြစ်ရန်လိုအပ်သည်။